ပြည်တွင်းလေကြောင်းလိုင်းတွေက ဒီဇင်ဘာ(၁၆)ရက်နေ့ ပြန်လည်ပြေးဆွဲမှာပါ။

ကိုဗစ်ကြောင့် ပိတ်ထားခဲတဲ့ ပြည်ပလေကြောင်းလိုင်းခရီးစဉ်တွေကို ဇန်နဝါရီလ (၁)ရက်နေ့မှာ ပြန်လည်ပြေးဆွဲခွင့်ပြုဖို့ စိစဉ်နေတယ်လို့သိရပါတယ်။

ဒီဇင်ဘာလ (၁၀)ရက်နေ့ကပြုလုပ်တဲ့ ကိုဗစ် (၁၉)ကာကွယ်ထိန်းချုပ်ကုသရေးဗဟိုကော်မတီရဲ့ ညှိနှိုင်းစည်းအဝေးမှာ အခုလို ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ၂၀၂၁ ခုနှစ် ဇန်နဝါရီလ (၁)ရက်နေ့မှာ ပျံသန်းနိုင်ဖို့ လိုအပ်သည်များကို ညှိနှိုင်းမှုတွေလုပ်နေတယ်လို့သိရပါတယ်။



“ (၁)ရက်နေ့မှာပြန်လည်ပြေးဆွဲနိုင်ဖို့ တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းမှုတွေလုပ်နေတယ်။ အဓိက ပြေးဆွဲမယ့်နိုင်ငံတွေ၊ ဆိုက်ရောက်လာတဲ့ နိုင်ငံတကာက လေယာဉ်တွေကိုလည်း ကျန်းမာရေးစစ်ဆေးမှုတွေ ဘယ်လိုလုပ်ဆောင်သွားလဲဆိုတာတွေကအစ ညှိနှိုင်းနေဆဲပါ”လို့ ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲမှာ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက Duwun ကို ပြောပါတယ်။

ကိုဗစ် (၁၉)ကူးစက်ပျံ့နှံ့မှုကြောင့် ပြည်ပလေကြောင်းလမ်းခရီးစဉ်များကို (၂၀၂၀) ခုနှစ် မတ်လကုန်ကတည်းက ပိတ်ထားခဲ့ရာမှာ (၈)လကျော်ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။ ယခုအခါမှာတော့ ကျန်းမာရေးညွှန်ကြားချက်တွေနဲ့အညီ ဇန်နဝါလ(၁)ရက်နေ့မှာ ပြန်လည်ပြေးဆွဲနိုင်ဖို့ စီစဉ်ဆောင်ရွက်နေတာပါ။ ပြည်ပလေကြောင်းခရီးစဉ်တွေကို ပြန်လည်ပြေးဆွဲဖို့စီစဉ်နေသလို အချိန် (၃)လနီးပါးကြာပိတ်ထားခဲ့ရတဲ့ ပြည်တွင်းလေကြောင်းလိုင်းခရီးစဉ်တွေကိုတော့ ဒီဇင်ဘာလ (၁၆)ရက်နေ့မှပြန်လည်ပြေးဆွဲတော့မှာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က