ကိုဗစ် ဒုတိယလှိုင်းအတွင်း ပြည်မြို့မှာ ပထမဆုံး လော့ဒေါင်း ပြုလုပ်ခြင်းဖြစ်ပါတယ်။

ပြည်မြို့ပေါ်က ပိုးတွေ့ရှိမှု များတဲ့ ရပ်ကွက် နှစ်ခုကို မနေ့က ညနေပိုင်းကစပြီး လော့ဒေါင်း အဖြစ် စတင်သတ်မှတ်ကာ အဝင်အထွက်ထိန်းချုပ်လိုက်ပြီဖြစ်ပါတယ်။



 အခုလို လုပ်ဆောင်တာဟာ ကိုဗစ် ဒုတိယလှိုင်းအတွင်း  ပြည်မြို့မှာ ပထမဆုံး လော့ဒေါင်း ပြုလုပ်ခြင်းဖြစ်ပါတယ်။

"လော့ဒေါင်းချလိုက်တာက မနေ့က ၅ နာရီလောက်မှာပါ။ လောလောဆယ် ၁၄ ရက်လော့ဒေါင်းချလိုက်တော့ အလှူရှင်တွေရှာပြီးတော့ ရပ်ကွက်ကပြည်သူတွေကို ဆန်၊ ဆီ၊ ကြက်ဥ၊ ကြက်သွန် စတာတွေ လှူဖို့လုပ်နေတယ်။ လော့ဒေါင်းဖြစ်လို့ထွက်လို့လည်းမရဘူး ဝင်လို့လဲမရပါဘူး။"လို့ ဆံတော်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးညွန့်နိုင်ကပြောပါတယ်။

ဒါ့အပြင် ပြည်မြို့မှာ ပိုးကူးစက်မှု များလာတာကြောင့် မြို့ကို လာရောက်မယ့်သူတွေအနေနဲ့ ထောက်ခံစာမဖြစ်မနေလိုအပ်ပြီး ၊ Stay Home မြို့နယ်တွေကနေလာရောက်မယ့်သူတွေကတော့ ထောက်ခံစာလည်းလိုအပ်သလို Facility Quarantine လည်းဝင်ရောက်ရမှာ ဖြစ်ပါတယ်။ ပြည်ခရိုင်ထဲက သူတွေအနေနဲ့လည်း ပြည်မြို့ကို ဝင်ထွက်မယ်ဆိုပါက ထောက်ခံစာပါရှိဖို့ လိုအပ်တယ်လို့သိရပါတယ်။

ဓာတ်ပုံ - ဦးဗိတ်

"စတေးဟုမ်းကလာရင် FQ ဝင်ရမှာ၊ အိမ်မှာ ညအိပ်လက်မခံဘူး။ ထောက်ခံစာမပါရင် ပြန်လွှတ်တယ်။ ပြည်ခရိုင်ထဲကနေ ဈေးဝယ်လာလဲ ထောက်ခံစာပါရမယ််။ စတေးဟုမ်းမဟုတ်တဲ့ မြို့နယ်တွေကတော့ ဟုမ်းကွာရန်တင်းမဖြစ်မနေနေရမယ််ပေါ့။ ပထမတကြိမ်ချထားတာရှိ။ ဒါက ဒုတိယအကြိမ်ပေါ့။အဲ့ဒီက ပထမဆုံး positive နှစ်ယောက်ထွက်တယ်၊ နောက်အဲဒီကနေ ဆက်စပ် ၆ ယောက်ထပ်တော့ ကျနေယ်တို့အနေနဲ့ ဒီနေရာကလော့ဒေါင်းလုပ်သင့်တယ်လို့ယူဆပြီးတော့ သက်ဆိုင်ရာအာဏာပိုင်တွေနဲ့ ပေါင်းပ်ဆောင်ရွက်ထားတာဖြစ်ပါတယ်။"လို့ ပြည်မြို့နယ် တိုင်းဒသကြီးလွတ်တော်ကိုယ်သားလှယ် ဦးကျော်ဇေယျ ကပြောပါတယ်။ 

လော့ဒေါင်း သတ်မှတ် လိုက်တဲ့ ရပ်ကွက်နှစ်ခုမှာ အိမ်ထောင်စုပေါင်း ၇၀ ကျော်ရှိပြီး ၊ လော့ဒေါင်းချေထားတဲ့ ၁၄ ရက်အတွင်းမှာတော့ အဆင်ပြေအောင်ပံ့ပိုးမှုတွေလုပ်ပေးမယ်လို့ဆိုပါတယ်။


ဓာတ်ပုံ - ဦးဗိတ်

လက်ရှိမှာတော့ ပြည်မြို့မှာ ရန်ကုန်ပြန်တွေထဲကနေပိုးတွေ့ရှိသူရှိသလို၊ ကုန်ကားမောင်းသူ တွေဆီကလည်း ပိုးတွေ့ရှိတဲ့အပြင် အနံ့မရသဖြင့် လာရောက်စစ်ဆေးမှုခံယူရာကနေလည်း ပိုးတွေ့ရှိမှုတွေရှိနေပါတယ်။

ဒါကြောင့် ပြည်ကို လာရောက်မယ့်သူတွေအနေနဲ့ ထောက်ခံစာမဖြစ်မနေလိုအပ်ပြီး stay home မြို့နယ်ကနေ လာရောက်မယ့်သူတွေကတော့ မဖြစ်မနေ ကွာရန်တင်းဝင်ရောက်နေထိုင်ရမှာဖြစ်ပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချို ပေးပို့ထားသော သတင်းဖြစ်ပါသည်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က