သံဃာ (၁၅၅) ပါးနဲ့ လူပုဂ္ဂိုလ် (၁၇) ဦး ကူးစက်ခံရတာပါ။

မရမ်းကုန်းမြို့နယ် ကမ္ဘာအေး တိပိဋကမဟာဂန္ဓာရုံကျောင်းတိုက်မှ သံဃာနှင့် လူပုဂ္ဂိုလ် (၁၇၂) ဦး ကိုဗစ်ပိုးကူးစက်ခံရကြောင်း မရမ်းကုန်းမြို့နယ် အုပ်ချုပ်ရေးမှူးထံမှ သိရပါတယ်။



ကျောင်းတိုက်က ယာဉ်မောင်းတစ်ဦး ကျန်းမာရေးမကောင်းလို့ သေဆုံးသွားခဲ့ရာကနေ ကျောင်းတိုက်ရှိ သံဃာတော်တွေနဲ့ လူပုဂ္ဂိုလ်အားလုံးကို စစ်ဆေးခဲ့ရာမှာ (၁၇၂)ဦး ပိုးတွေ့ရှိခဲ့တာဖြစ်ပါတယ်။



“ အားလုံး (၂၉၅)ဦးကို စစ်ဆေးရာမှာ (၁၇၂)ဦးပိုးတွေ့တယ်။သံဃာ (၁၅၅)ပါးနဲ့ လူပုဂ္ဂိုလ် (၁၇)ဦး။ အားလုံးကျန်းမာရေးကောင်းမွန်ပါတယ်။ ပိုးမတွေ့တဲ့သူအားလုံးကိုလည်း ကျောင်းတိုက်ထဲမှာပဲဆက်ထားတာတယ်။ ကျောင်းတိုက်ကိုတော့ ပိုးသတ်ဆေးဖြန်းပြီး lock down လုပ်ထားတယ်”လို့ မရမ်းကုန်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းချစ်က Duwun ကိုပြောပါတယ်။

ကမ္ဘာအေး တိပိဋကမဟာဂန္ဓာရုံကျောင်းတိုက်မှ သံဃာနှင့် လူပုဂ္ဂိုလ်တွေရဲ့ ပိုးကူးစက်မှုက ကျောင်းတိုက်ကယာဉ်မောင်းတစ်ဦးသေဆုံးခဲ့ရာကနေ အစပြုခဲ့တာပါ။ ယာဉ်မောင်းသေဆုံးမှုနဲ့ ပတ်သက်ပြီး သံသယအဖြစ်နဲ့ သေဆုံးသူအပါအဝင် ကျောင်းတိုက်ကလူတွေအားလုံးကို စစ်ဆေးခဲ့တာဖြစ်ပါတယ်။

သေဆုံးသူ ယာဉ်မောင်းရဲ့ စစ်ဆေးချက်အဖြေက negative ထွက်ခဲ့ပြီး ကျောင်းတိုက်က သံဃာတော်တွေနဲ့ လူပုဂ္ဂိုလ်တွေမှာ ပိုးတွေ့ရှိခဲ့တာပါ။

လက်ရှိမှာတော့ ပိုးတွေ့သံဃာတော်တွေကို မင်းဓမ္မစင်တာကိုပို့ဆောင်ကာ ဆေးကုသပေးလျဇက်ရှိပါတယ်။ ကျောင်းတိုက်ကိုတော့ ဒီဇင်ဘာလ (၁၁)ရက်နေ့ကစပြီး (၁၄)ရက် lock down ပြုလုပ်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က