လက်ရှိအချိန်မှာတော့ ကိုဗစ် ၁၉ ရောဂါပိုးတွေ့ရှိမှုနှုန်းက နေ့စဉ် ၆ ရာခိုင်နှုန်းဝန်းကျင်ရှိပါတယ်။

ကိုဗစ်၁၉ရောဂါ ကာကွယ်၊ထိန်းချုပ် ၊ တားဆီးရေးအတွက် ၁၅ရက်တစ်ကြိမ်တိုးမြှင့်နေတဲ့ စည်းကမ်းသတ်မှတ်ချက် အမိန့်ကြေညာစာတွေနဲ့ပတ်သက်ပြီး လူထုအကြား ဝေဖန်မှုတွေရှိနေပါတယ်။

ဒါပေမယ့်လည်း လက်ရှိအချိန်ထိ ကိုဗစ်၁၉ရောဂါပိုးစစ်ဆေးတွေ့ရှိမှုနှုန်းက ဖြေလျှော့လို့ရတဲ့ ပမာဏကို မရောက်ရှိသေးဘဲ ပိုးတွေ့မှုနှုန်း ၅ရာခိုင်နှုန်းအောက် ရောက်ရှိမှသာ ဒီသတ်မှတ်ချက်တွေ ဖြေလျော့ဖို့ မျှော်လင့်နိုင်မယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန တာဝန်ရှိသူက ပြောကြားလိုက်ပါတယ်။



" ကျွန်တော်တို့က အခုက ပိုးတွေ့ရှိမှုနူန်းက ၅ရာခိုင်နှုန်းအထက်မှာပဲ ရှိနေသေးတယ်။ ၆ရာခိုင်နှုန်း ပတ်ဝန်းကျင်တော့ ဖြစ်လာပါပြီ ။ ပိုးတွေ့ရှိနှုန်း ၅ရာခိုင်နှုန်းအောက် ကျလာရင်တော့ ပိုပြီး မျှော်လင့်လို့ ရတာပေါ့နော်။ပိုးတွေ့တဲ့နှုန်းက ၅ရာခိုင်နှုန်းအထက်ပဲ ဆိုရင်တော့ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေက သတိကြီးကြီးထားနေရဦးမှာပဲ " လို့ ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာန ၊ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက Duwun ကို ပြောပါတယ်။

ကိုဗစ်၁၉ရောဂါပိုးဟာ ကူးစက်ရောဂါတွေထဲမှာ အလွန်မြန်တဲ့အတွက် ဒီရောဂါနဲ့ပတ်သက်ရင် သတိကြီးကြီးထားဆောင်ရွက်ရမှာဖြစ်ပြီး ပိုးတွေ့ရှိမှုနှုန်း ၅ရာခိုင်နှုန်းအောက်ရောက်လာရင် တောင် ဆက်လက်စောင့်ကြည့်ပြီးမှသာ ဖြေလျော့နိုင်မယ်လို့လည်း ဒေါက်တာသန်းနိုင်စိုးက ပြောပါတယ်။

"၅ရာခိုင်နှုန်းအောက်ကျရင်တောင် ဘယ်လောက်အထိကျမလဲ ။ ကျပြီးတဲ့နှုန်းက ပြန်မတက်သွားဖို့ ဒါတွေစောင့်ကြည့်ရဦးမှာ ။ ။ ဒါတွေအကုန်လုံးက သတိထားနေရတာပါပဲ ။ ကိုဗစ်က တခြားရောဂါနဲ့မတူပါဘူး။သူ့ကူးစက်မှုက မာယာများသလို ကူးစက်ခံရတဲ့သူတွေကလည်း အင်မတန်ပြင်းပြင်း ထန်ထန်ခံစားကြရတယ်။ ဒီဝေဒနာခံစားရမှုမှာကိုပဲမာယာများပါတယ်။ ကမ္ဘာ့ကူးစက်ရောဂါတွေထဲမှာ သူက မာယာများပြီး ကူးစက်မြန်တာ ရှားပါတယ်။ဒါကြောင့်လည်း သိပ္ပံပညာထွန်းကားတဲ့ ခေတ်မှာ ဒီလောက် လူသန်းပေါင်းများစွာ တစ်နှစ်တောင်မပြည့်ဘဲ တစ်ကမ္ဘာလုံးကို ပျံ့တာ " လို့ ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာန ၊ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက Duwun ကို ပြောပါတယ်။

နေ့စဥ်် ဓာတ်ခွဲနမူနာပေါင်း နှစ်သောင်းဝန်းကျင် စစ်ဆေးလျက်ရှိပြီး ပိုးတွေ့လူနာက တစ်ထောင်ကျော် (၆ ရာခိုင်နှုန်းကျော််) တွေ့ရှိနေတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ ၊ ပြည်ထောင်စုဝန်ကြီးဌာနများက ကိုဗစ်၁၉ ကာကွယ်၊ထိန်းချုပ်၊တားဆီးရေးအတွက် ၂၀၂၀ဒီဇင်ဘာ၁၅အထိ ထုတ်ပြန်ထားတဲ့ ပြည်သူသို့ပန်ကြားချက်၊အမိန့် ၊ ညွှန်ကြားချက်များ ( ဖြေလျှော့/တိုးမြှင့်ရန် လိုအပ်တဲ့ကိစ္စရပ်များမပါ ) ကို ၂၀၂၀ ဒီဇင်ဘာလ ၃၁ရက်အထိ တိုးမြှင့်သတ်မှတ်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က