ညအိပ်လာတဲ့ ကိုယ်စားလှယ်တွေက စည်ပင်ဧည့်ရိပ်သာမှာ ဆေးထပ်စစ်ရမှာပါ။

၂၀၂၀ရွေးကောက်ပွဲမှာ ရွေးချယ်ခြင်းမခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ စည်ပင်ဧည့်ရိပ်သာမှာ ထားရှိထားတဲ့ ပစ္စည်းများကို ဒီဇင်ဘာ (၁၇)ရက်နေ့ကနေ (၂၂)ရက်အတွင်း လာရောက်သိမ်းယူကြဖို့ လွှတ်တော်အသီးသီးကနေ အကြောင်းကြားစာ ထုတ်ပြန်ခဲ့ပါတယ်။

ပစ္စည်းလာရောက်သိမ်းဆည်းတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ယာဉ်မောင်းအပါအဝင် (၃)ဦးထိဝင်ရောက်နိုင်ပြီး ဝင်ရောက်သူတွေအနေနဲ့ (၂၄)နာရီအတွင်း စစ်ဆေးထားတဲ့ ကိုဗစ်ရောဂါကင်းရှင်းကြောင်း ထောက်ခံစာ ပါရှိရမှာ ဖြစ်တယ်လို့ သိရပါတယ်။



“ နေပြည်တော်တွင်း ဝင်ရောက်မယ့်ကိုယ်စားလှယ်တွေနဲ့ သူတို့နဲ့ ပါလာမှသူတွေက (၂၄)နာရီအတွင်း Rapid Diagostic Test (RDT)နဲ့ စစ်ဆေးထားတဲ့ ကျန်းမာရေးထောက်ခံစာပါမှ အဝင်ခံမှာပါ။ မြို့ဝင်ဂိတ်တွေမှာ ကျန်းမာရေးထောက်ခံစာပြရမယ်။ ပြီးတာနဲ့ ကျွန်တော်တို့ ကျန်းမာရေးဌာနက စီစဉ်ပေးထားတဲ့ PPE level 2ဝတ်စုံ ဝတ်ပြီးမှ ဝင်ရမှာပါ”လို့ နေပြည်တော် တိုင်းကျန်းမာရေး ဦးစီးဌာနမှ ဒေါက်တာ မြတ်ဝဏ္ဏစိုးက Duwun ကိုပြောပါတယ်။

PPE ဝတ်စုံဝတ်ပြီး ဝင်ရောက်မယ့် လွှတ်တော်ကိုယ်စားလှယ်တွေက ပစ္စည်းများ သိမ်းဆည်းပြီး နေပြည်တော်ကနေ နေ့ချင်းပြန်ထွက်ရမှာလည်း ဖြစ်ပါတယ်။ ကိုယ်စားလှယ်များ အနေနဲ့ ညအိပ်နေထိုင်လိုပါက နေပြည်တော်အဝင်ဂိတ်မှာကတည်းက သတင်းပို့ပြီး နေထိုင်လို့ရနိုင်ကြောင်းနဲ့ နောက်ထပ်ကိုဗစ်ကင်းစင်ကြောင်းကို စည်ပင်ဧည့်ရိပ်သာမှာ ထပ်စစ်ရမှာဖြစ်တယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က