ဒီကနေ့ အနက်အစောပိုင်းက ပြိုကျခဲ့တာပါ။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်းရှိ မြန်မာသူရကျောက်မျက် ကုမ္ဗဏီလုပ်ကွက်ဟောင်းမှာ ဒီကနေ့ မနက်အစောပိုင်းက မြေစာပုံပြိုကျခဲ့မှုကြောင့် သုံးဦးသေဆုံးကာ နှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ပြိုကျခဲ့တဲ့မြေစာပုံဟာ အမြင့်ပေ (၁၅၀)ရှိပြီး အကျယ်က ပေ (၂၀)ခန့်ရှိတယ်လို့ သိရပါတယ်။ “ဟုတ်ပါတယ်။ ဖြစ်စဉ်အတွင်းမှာပဲ (၃)ဦးသေတယ်။ နှစ်ဦး ဒဏ်ရာရရှိတယ်။ ဒဏ်ရာရရှိတဲ့ နှစ်ဦးကိုတော့ ဖားကန့်ဆေးရုံကို ပို့ထားပြီး ဆေးကုသမှုတွေပေးနေတယ်”ဖားကန့်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဒါရှီလဆိုင်းက Duwun ကိုပြောပါတယ်။



ဒဏ်ရာရရှိလို့ ဆေးရုံတက်ရောက်ကုသနေရတဲ့ လူနာနှစ်ဦးကတော့ စိုးရိမ်ရလောက်တဲ့အခြေအနေမရှိဘူးလို့သိရပါတယ်။ သေဆုံးခဲ့သူ(၃)ဦးထဲမှာတော့ အသက် (၁၈)နှစ်အရွယ်လူငယ်တစ်ဦးလည်း ပါဝင်တယ်လို့ ဦးဒါရှီလဆိုင်းကပြောပါတယ်။ ဖားကန့်မှာ မြေပြိုမှုဖြစ်စဉ်က မကြာခဏဖြစ်ပွါးလေ့ရှိပြီး ဒီနှစ်အတွင်းမှာပဲ ဇူလိုင်လအတွင်းက ဖြစ်ပွားခဲ့တဲ့ လူရာကျော်သေဆုံးခဲ့တဲ့ ကျောက်စိမ်းလုပ်ကွက်ဟောင်းတစ်ခု ပြိုကျမှုက အဆိုးရွားဆုံးဖြစ်ပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က