လူဦးရေကန့်သတ်ထားမှာဖြစ်ပြီး သုံးရက်ကြိုတင်စာရင်းပေးရမယ်လို့ သိရပါတယ်။

လှော်ကားဥယျာဉ်ကို ဒီဇင်ဘာ၂၀ရက်က စတင်ပြီး ငှက်ကြည့်ခရီးစဉ်တစ်ခုနဲ့အတူ ပြန်လည်ပြီး ဖွင့်လှစ်တော့မယ်လို့ သိရပါတယ်။

ဒီလိုဖွင့်လှစ်ရာမှာတော့ ပုံမှန်ဥယျာဉ်ကို လာရောက်သလိုတော့ လက်ခံမှာမဟုတ်ဘဲ ငှက်ကြည့်ခရီးစဉ်အစီအစဉ်ကို သုံးရက်ကြိုတင်စာရင်းပေးပြီး လာရောက်ရမှာဖြစ်တယ်လို့ သိရပါတယ်။



" ဥယျာဉ်ကို နဂိုမူလဝင်ကြေးနဲ့ ပုံမှန်ပုံစံအတိုင်း ပြန်ဖွင့်မှာ မဟုတ်သေးပါဘူး ။ အခုကြေညာထားတဲ့ အစီအစဉ်အတိုင်းပဲ ဖွင့်မှာပါ ။ ဒီဇင်ဘာ ၂၀ရက်ဆို လာရောက်လည်ပတ်လို့ ရပါပြီ။ သုံးရက်ကြိုတင်စာရင်းပေးရမယ် ။ အများကြီးလည်း လက်ခံလို့မရတော့ အများဆုံး အယောက်၂၀ပဲ လက်ခံနိုင်မှာပါ ။ အခုပြင်ဆင်နေပါတယ် " လို့ လှော်ကားဥယျာဉ်တာဝန်ရှိသူတစ်ဦးက Duwun ကို ပြောပါတယ်။

ဒီလို ပြန်လည်ဖွင့်လှစ်ရာမှာတော့ Birds Watching Tour လို့ခေါ်တဲ့ ဆောင်းခိုငှက်တွေနဲ့ လှော်ကားဥယာဉ်အတွင်းက သဘာဝအတိုင်းကျက်စားနေထိုင်တဲ့ ငှက်များကို လေ့လာတဲ့ အစီအစဉ်နဲ့အတူ ဖွင့်လှစ်မှာဖြစ်ပါတယ်။ ဒါ့အပြင် ဥယျာဉ်ရဲ့ သဘာဝတောအုပ်ထဲမှာ Camp(ယာယီတဲ)ထိုးနေထိုင်နိုင်သလို တောလမ်းလျှောက်ခြင်း ၊ တောလမ်းစက်ဘီးစီးခြင်း ၊ ငါးမျှားခြင်း အစီအစဉ်တွေကို လုပ်ဆောင်နိုင်သလို အစားအသောက်အစီအစဉ်အနေနဲ့ လှော်ကားဥယျာဉ် လယ်တော Menu ၊ ကိုယ်တိုင်ကင် BBQ Menu ရရှိမယ်လို့ သိရပါတယ်။

ဒီအစီအစဉ်တွေအတွက် မနက်၆နာရီကနေ ညနေ၄နာရီအထိ ခွင့်ပြုပေးထားမှာဖြစ်ပြီး တစ်ဖွဲ့လျှင် လူငါးဦး ၊ ဆယ်ဦး ၊ ဆယ့်ငါးဦး နဲ့ စုစုပေါင်း လူဦးရေ နှစ်ဆယ်အထိပဲ ကြိုတင်စာရင်းပေး လက်ခံမှာဖြစ်ပါတယ်။ အသေးစိတ်အချက်အလက်နဲ့ ဈေးနှုန်းတွေကိုတော့ ဒီဇင်ဘာ ၂၀ရက်အတွက် ကြိုတင်စာရင်းပေးနိုင်တဲ့ နေ့ရက်မတိုင်မီ လှော်ကားဥယျာဉ်ရဲ့ လူမှုကွန်ရက်စာမျက်နှာက ကြေညာပေးသွားမယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က