မနေ့ကနဲ့ ဒီနေ့အထိ (၁၈၄) ဦးစစ်ဆေးခဲ့တာပါ။

ပြည်တွင်းလေကြောင်းလိုင်းနဲ့ ခရီးသွားမယ့်သူတွေကို ကိုဗစ်ပိုးရှိ၊မရှိ စစ်ဆေးမှုတွေကို ဒီဇင်ဘာ (၁၅) ရက်က စတင်ပြုလုပ်ပေးနေရာ ဒီကနေ့ ဒီဇင်ဘာ (၁၆) ရက်အထိ နှစ်ရက်အတွင်း ပိုးတွေ့သူ (၃) ဦးရှိတယ်လို့ ကျောက်တံတားမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးထက်ရဲ့ ပြောပြချက်အရ သိရပါတယ်။

လေကြောင်းခရီးသည်တွေကို ကျောက်တံတားမြို့နယ် ၊ တိုးရစ်ဘားမားအဆောက်အအုံမှာ စစ်ဆေးမှုတွေ လုပ်ပေးနေရာ မနေ့ကနဲ့ ဒီနေ့အထိ (၁၈၄) ဦးစစ်ဆေးပေးခဲ့ပြီး (၃) ဦးမှာ ကိုဗစ်-၁၉ ပိုးတွေ့ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ဒီဇင်ဘာ (၁၅) ရက်မှာတော့ (၇၇) ဦးကို ရောဂါပိုးရှိ၊မရှိ စစ်ဆေးခဲ့ရာ (၁) ဦးမှာ ပိုးတွေ့ခဲ့ပြီး ဒီနေ့ဒီဇင်ဘာ (၁၆) ရက်မှာတော့ (၁၀၇) ဦးကို စစ်ဆေးရာ (၂) ဦးမှာ ပိုးတွေ့ခဲ့တယ်လို့ ကျောက်တံတားလွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးထက်က Duwun ကိုပြောပါတယ်။



“ မနေ့က ပိုးတွေ့ (၁) ယောက်ကိုတော့ အောင်မြင့်မိုရ်ကုသရေးစင်တာကိုပို့လိုက်တယ်။ ဒီနေ့ (၂) ယာက်ထပ်တွေ့တယ်။ သူတို့ကိုတော့ အခုလောလောဆယ် မခေါ်သေးလို့ စစ်နေတဲ့နေရာမှာ ခဏစောင့်နေတယ်” လို့ လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးထက်က ဆိုပါတယ်။

လေကြောင်းခရီးသည်တွေကို ရန်ကုန်မြို့မှာ ကျောက်တံတားမြို့နယ်၊ ဆူးလေဘုရားအနီးက တိုးရစ်ဘားမာ အဆောက်အအုံနဲ့ အောင်မင်္ဂလာအဝေးပြေးယာဉ်ရပ်နားစခန်းက ဒေသန္တရ ကျန်းမာရေးဌာနတို့မှာ မနက် (၉) နာရီကနေ (၃) နာရီအတွင်းစစ်ဆေးပေးနေတယ်လို့လည်း သိရပါတယ်။ 

စစ်ဆေးမယ့်သူတွေအနေနဲ့ လေယာဉ်လက်မှတ်၊မှတ်ပုံတင်နံပါတ်၊ ခြောက်လအတွင်းရိုက်ထားတဲ့ ဓာတ်ပုံတစ်ပုံပါရှိရမှာဖြစ်ပြီး စစ်ဆေးပြီး ရလဒ်အဖြေသိရဖို့ နာရီဝက်ခန့် စောင့်ဆိုင်းရမှာဖြစ်တယ်လို့သိရပါတယ်။ ပိုးမတွေ့ကြောင်း အဖြေမထွက်တယ်ဆိုပါ ချက်ချင်းအိမ်ပြန်ရပြီး ပိုးတွေ့ခဲ့တယ်ဆိုရင်တော့ ကုသရေးစင်တာတွေကို ပို့ဆောင်ပေးနေတာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က