တနင်္သာရီဒေသခံ ၁၄၀ ကျော်ကို ဒီကနေ့ ဒီဇင်ဘာလ ၁၆ ရက်နေ့ မနက်မှာ Express ကား ၇ စီးနဲ့ ပြန်လည်ပို့ဆောင်ပေးလိုက်တယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းထဲက နေရပ်ကိုပြန်လိုတဲ့ တနင်္သာရီဒေသခံ ၁၄၀ ကျော်ကို ဒီကနေ့ ဒီဇင်ဘာလ ၁၆ ရက်နေ့ မနက်မှာ Express ကား ၇ စီးနဲ့ ပြန်လည်ပို့ဆောင်ပေးလိုက်တယ်လို့ သိရပါတယ်။



 ဆေးကုသမှု ကိစ္စအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ရန်ကုန်ကိုရောက်ရှိနေပြီး ကိုဗစ်ကပ်ရောဂါ ကူးစက်မှုမြင့်တက်နေတဲ့အတွက် နေရပ်ပြန်ဖို့ အခက်အခဲဖြစ်နေကြောင်း စာရင်းပေးလာသူတွေကို ပြန်လည်ပို့ဆောင်ပေးနေတာဖြစ်ပါတယ်။ ပြန်လည်ပို့ဆောင်ပေးသူတွေတွေထဲမှာ မယ်သီလရှင်တွေလည်းပါဝင်ပါတယ်။

ဓာတ်ပုံ - ထားဝယ် ဒေသလူမှူအခြေပြုအထောက်အကူပြုအဖွဲ့

"အလုပ်လုပ်နေသူပါတယ်။ဆေးကုတဲ့သူရှိတယ်၊ကျောင်းတက်တဲ့ကျောင်းသားရှိတယ်၊ကုမ္ပဏီမှာအလုပ်လုပ်နေသူလည်းရှိတယ်။အဲ့ဒီတော့ ကျွန်တော်တို့ ပရဟတိအဖွဲ့ကနေ အစိုးရအဖွဲ့ ကိုတင်ပြတယ်။ ကျန်းမာရေးဘက်ကရော ဘယ်လောက်ထိလုပ်ပေးနိုင်မလဲဆိုပြီး ညှိပြီး ပထမအသုတ် ပို့လိုက်တယ်၊အဆင်ပြေတယ်။ ပထမအသုပ်မှာ ၇ ဦးကပိုးတွေ့တယ်၊ အခုတခါပို့တာ ဒုတိယအသုတ်ပါ"လို့ နေရပ်ပြန်ပို့ဖို့ ဆောင်ရွက်နေတဲ့ထားဝယ်ဒေသလူထုအခြေပြုအထောက်အကူပြုအဖွဲ့မှ အဖွဲ့ဝင် ကိုသွင်ထူးအောင်ကပြောပါတယ်။

ဓာတ်ပုံ - ထားဝယ် ဒေသလူမှူအခြေပြုအထောက်အကူပြုအဖွဲ့

နေရပ်ကို ရောက်ရှိတာနဲ့ ကွာရန်တင်းစင်တာမှာ ကွာရန်တင်း ၁၄ ရက်နေထိုင်ရမှာဖြစ်ပြီး ၊ နေထိုင်စဉ်မှာလည်း swab ယူစစ်ဆေးခြင်းကိုလုပ်ဆောင်မှာဖြစ်တယ်လို့သိရပါတယ်။ ရက်အပြည့်နေထိုင်ပြီး ဆေးစစ်ချက်ကလည်း negative ထွက်မှသာ နေအိမ်ကိုပြန်ခွင့်ရရှိမှာဖြစ်ပါတယ်။

နေရပ်ပြန်လိုသူတွေကို ဒီကနေ့ မနက်အစောမှာ ရန်ကုန်ကနေ စတင်ထွက်ခွာသွားကြောင်းနဲ့၊ လိုက်ပါတဲ့နေရပ်ပြန်သူတွေကို နှာခေါင်းစည် းမက်စ် ၊ မျက်နှာအကာ၊ ခေါင်းစွပ်၊ လက်အိပ်တွေတပ်ဆင်စေပြီး ကားသမားကတော့ PPE ဝတ်ပြီး ပို့ဆောင်တာဖြစ်တယ်လို့သိရပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချို ပေးပို့သော သတင်းဖြစ်ပါသည်။


ဆက်စပ်အကြောင်းအရာများ



က္က