နေ့စဉ် ခရီးသည်ဦးရေ ငါးသိန်းဝန်းကျင် ပြန်လည်စီးနင်းနေတယ်လို့ YRTA ရဲ့ စာရင်းထုတ်ပြန်မှုအရ သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ကိုဗစ်ဒုတိယလှိုင်းပြန်လည်စတင်ပြီး နေအိမ်တွင်နေထိုင်ရေး (Stay at Home ) ကြေညာချက်တွေကြောင့် လုပ်ငန်းတွေရပ်နားထားတဲ့အတွက် YBS စီးနင်းသွားလာသူဦးရေ အလွန်ကျဆင်းခဲ့ပါတယ်။

ဒါပေမယ့်လည်း ယခင်လတွေနဲ့ နှိုင်းယှဉ်ရင် ဒီဇင်ဘာလမှာတော့ YBS စီးနင်းသူခရီးသည်ဦးရေ ပြန်လည်မြင့်တက်လာပြီဖြစ်တယ်လို့ ရန်ကုန်တိုင်းသယ်ယူပို့ဆောင်ရေးကြီးကြပ်မှု ကော်မတီ(YRTA) အတွင်းရေးမှူး ဦးလှအောင်က ပြောပါတယ်။



" ခရီးသည်ဦးရေက ဒီလထဲမှာ နည်းနည်းတော့ ပြန်သွားလာမှုရှိတယ်။ ရှိတယ်ဆိုတာက အရင်က ၁၈သိန်း ၊ ၁၉သိန်း နဲ့စာရင်တော့ အများကြီးနည်းပါသေးတယ်။သို့သော်လည်း စက်တင်ဘာ ၊ အောက်တိုဘာတို့ထက်စာရင်းတော့ ပြန်များလာတယ်။ကိန်းဂဏန်းတစ်ခုပြန်ရောက်လာပေမယ့် ၁၈သိန်း ၁၉သိန်းထက်တော့ အများကြီးနည်းနေပါသေးတယ် " လို့ YRTA အတွင်းရေးမှူး ဦးလှအောင်က Duwun ကို ပြောပါတယ်။

Stay at Home ကာလလည်း ကြာရှည်လာသလို လုပ်ငန်းအချို့ပြန်လည်ပတ်လာတာကြောင့် ဒီလို ခရီးသွာလာမှုတွေရှိလာတာဖြစ်တယ်လို့ ဦးလှအောင်က သုံးသပ်လိုက်တာပါ။

ဒီလို ခရီးသွာလာမှုတွေမှုတွေ ရှိလာသလိုYBS စီး ခရီးသည်တွေအနေနဲ့ မနက်ပိုင်း နဲ့ ညနေပိုင်းမှာတော့ ယာဉ်ပေါ်မှာ Social Distancing ကို လိုက်နာနိုင်မှုအားနည်းတာကို တွေ့နေရပြီး နှာခေါင်းစည်း(mask) မတပ်ရင်တော့ လုံးဝစီးနင်းခွင့်မပေးဘူးလို့ ဦးလှအောင်က ပြောပါတယ်။

" ကိုဗစ်ကာလမှာ လိုက်နာရမယ့် ယာဉ်မောင်း mask တပ် ၊ ခရီးသည် mask တပ် ၊ လက်သန့်ဆေးသုံးဖို့ ၊ ခပ်ခွာခွာနေထိုင်ဖို့ ၊ ယာဉ်ကို ပိုးသတ်ဆေးအပါ သန့်ရှင်းရေးလုပ်ဖို့ ဒါတွေက ယခင်ကတည်းက အခုထိ ညွှန်ကြားထားတယ်။ အဲဒီမှာ အခုက ခရီးသည်စီးတဲ့အခါ မနက်ပိုင်း ညနေပိုင်းမှာတော့ လူအသွားအလာ များတော့ ကားပေါ်မှာ များပေမယ့် နေ့လယ်ဆို ခပ်ခွာခွာစီးမယ်ဆို စီးလို့ရတဲ့အနေအထားရှိတယ်။ မရလည်း ရတဲ့အချိန်လိုက်နာဖို့ လိုတယ်။ Mask မတပ်ရင် မစီးရဘူးဆိုတဲ့ ကန့်သတ်ချက်ကတော့ ဒရိုင်ဘာတွေကိုလည်း မှာထားသလို ယာဉ်ပေါ်မှာလည်း စတစ်ကာအကြီးကြီးတွေနဲ့ အသိပေးထားတယ် ။ အပြင်ထွက်ရင် တကိုယ်ရည်ကာကွယ်ရေးက လူတိုင်းလိုက်နာရမယ် " လို့ ရန်ကုန်တိုင်းသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ(YRTA) အတွင်းရေးမှူး ဦးလှအောင်က Duwunကို ပြောပါတယ်။

ရန်ကုန်တိုင်းသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ(YRTA) ရဲ့ ဒီဇင်ဘာလ ၁၅ရက် YBS ပြေးပေးနေမှုတင်ပြချက်အရ ယာဉ်လိုင်း (၁၀၆)လိုင်းက မော်တော်ယာဉ်အစီးရေ (၃,၀၁၅)စီးနဲ့ပြေးဆွဲနေပြီး ခရီးသည်စီးနင်းမှု (၅၃၀,၈၂၀)ရှိတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က