အောက်တိုဘာလထက် ၅ဆ ၊ နိုဝင်ဘာလထက် ၂ဆမြင့်တက်နေတာ ဖြစ်ပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနရဲ့ အတည်ပြုလူနာစာရင်းတွေအရ ကယားပြည်နယ်မှာ ဒီဇင်ဘာလ ပထမနှစ်ပတ်ရဲ့ ကိုဗစ်-၁၉တွေ့ရှိမှု (၄၃)ဦးအထိရှိခဲ့ပြီး ပိုးစတင်တွေ့ရှိခဲ့တဲ့ အောက်တိုဘာလကထက် ၅ဆမြင့်တက်လာတယ်လို့ သိရပါတယ်။

ဒီလိုကိုဗစ်-၁၉တွေ့ရှိမှုမြင့်တက်နေပေမယ့်လည်း ဒါဟာ ကွာရန်တင်းစင်တာတွေကပဲ တွေ့ရှိတာဖြစ်ပြီး လက်ရှိအချိန်ထိ ပြည်တွင်းကူးစက်မှုမရှိသေးဘူးလို့ ကယားပြည်နယ် ၊ ပြည်နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာဌေးလွင်က ပြောပါတယ်။



" တွေ့သမျှအားလုံးက ကွာရန်တင်းစင်တာကပဲဖြစ်တယ်။အခု တွေ့ထားတဲ့ ၄၃ယောက်မှာဆိုရင် ဒီမောဆိုးက ၂၅ယောက်ပေါ့ ။ အလုပ်သမားတွေ ဝင်လာတာ ။ လမ်းလုပ်ဖို့ အလုပ်သမားတွေပါ ။ ပဲခူးတိုင်းက ဝင်လာတာ ၂၃ယောက် ၊ ရန်ကုန်တိုင်းက ၂ယောက် ဒါတွေ ကွာရန်တင်းတွေက တွေ့ပါတယ်။ ဒီ၂၅ယောက်နဲ့တင် တော်တော်များသွားပြီ ။ ကျန်တာက ကားသမားတွေ ၊ ကုန်တင်ကားမောင်းသူတွေ ရန်ကုန်-မန္တလေးပြန်တွေ ။ အားလုံးကွာရန်တင်းက တွေ့တဲ့သူတွေပဲ ။ ပြည်နယ်တွင်းကူးစက်မှုက တစ်ယောက်မှ မရှိဘူး " လို့ ပြည်နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာဌေးလွင်က Duwun ကို ပြောပါတယ်။

ကယားပြည်နယ်မှာ နိုဝင်ဘာလတုန်းက နယ်ကျော်ခရီးသွားလာခြင်းမရှိတဲ့ ကျောင်းဆရာမတစ်ဦး ကိုဗစ်၁၉စစ်ဆေးတွေ့ရှိခဲ့ပြီး ပြည်တွင်းကူးစက်မှုလို့ ယူဆရခဲ့ပေမယ့်လည်း ဒီဖြစ်စဉ်ကြောင့် ဆက်စပ်လာတဲ့ ပြည်တွင်ကူးစက်မှုလည်း မရှိဘူးလို့ ဒေါက်တာဌေးလွင်က ပြောပါတယ်။

" ဆရာမလည်း သူကတော့ ခရီးသွားတာ တစ်ချို့ဟာလေးတွေ ဖွက်ထားတာရှိပါတယ်။သို့သော် ဘယ်ကနေ ဘယ်လိုကူးလဲ အစရှာမရဘူး။သူ့ရဲ့ မိသားစုရော သူနဲ့သွားတဲ့သူတွေရော နှစ်ကြိမ်စစ်တော့လည်း အကုန် negative ဖြစ်တယ် ။ သူ့ infection က ဘယ်တုန်းက ရတာမှန်းမပြောတတ်ဘူး " လို့ ကယားပြည်နယ် ၊ ပြည်နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာဌေးလွင်က Duwun ကို ပြောပါတယ်။

လက်ရှိမှာတော့ အဆိုပါပိုးတွေ့လူနာတွေကို လွိုင်ကော်မြို့ပြည်သူ့ဆေးရုံမှာ ကုသမှုပေးနေသလို ရန်ကုန်တိုင်းက ပြန်လာတဲ့ အသက်(၇၀)အရွယ် အမျိုးသမီးတစ်ဦးကတော့ အဆုတ်ယောင်လက္ခဏာတွေ ပြသနေပြီး ကျန်လူနာတွေအားလုံး ကျန်းမာရေးကောင်းမွန်တယ်လို့ သိရပါတယ်။

ကယားပြည်နယ်က အောက်တိုဘာလမှာ ကိုဗစ်-၁၉လူနာစတင်တွေ့ရှိခဲ့တာဖြစ်ပြီး အောက်တိုဘာလမှာ (၈)ဦး ၊ နိုဝင်ဘာလ (၁၅)ဦး နဲ့ ဒီဇင်ဘာလ ၁၅ရက်အထိ (၄၃)ဦး ဖြစ်တယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က