ကလေးငယ်ရဲ့ Death Body ကို ကလေးဆေးရုံကနေ အေးရိမ်ငြိမ်သုဿန်သို့ ပို့ဆောင်ရာမှာ ကိုဗစ်ကာလဖြစ်လို့ မိသားစုတွေ လိုက်ပါပို့ဆောင်ခွင့်မရှိခဲ့ပါဘူး။
Minn Nandar

မန္တလေးမြို့မှာ ဒီကနေ့မနက်ပိုင်းက ကိုဗစ်ရောဂါကူးစက်လူနာ အသက် ၇ လသားအရွယ်ကလေးငယ်တစ်ဦး သေဆုံးခဲ့တယ်လို့သိရပါတယ်။

Photo:ပရဟိတမင်းခေါင်

မန္တလေး ခုတင် ၅၅၀ ဆံ့ကလေးဆေးရုံ ကိုဗစ်လူနာသီးသန့်ကုသဆောင်မှာ ဆေးကုသမှုခံယူရင်းသေဆုံးသွားခဲ့တာလို့သိရပြီး ကလေးငယ်ရဲ့နောက်ဆုံး ခရီးကိုတော့ မန္တလေးမြို့ကလူမှုကူညီရေးအသင်းကြီးတစ်ခုဖြစ်တဲ့ပရဟိတမင်းခေါင်ရှာဖွေကယ်ဆယ်ရေးအဖွဲ့က ကောင်းမွန်စွာနဲ့ဆောင်ရွက်ပေးခဲ့တယ် လို့သိရပါတယ်။



"ကျွန်တော်တို့ပို့ဆောင်သဂြိုဟ်ပေးခဲ့သမျှ ကိုဗစ်လူနာသေဆုံးတွေထဲမှာတော့ အသက်အားဖြင့်အငယ်ဆုံးပါပဲ၊ ကလေးဆုံးတဲ့အကြောင်း ခုတင် ၅၀၀ ဆေးရုံက ဒီမနက်ဖုန်းဆက်ပြောလို့ ကျွန်တော်တို့အသင်းက သွားသယ်ပြီးသဂြိုဟ်ပေးခဲ့တာပါ ယောက်ျားလေးပါ" လို့ ပရဟိတမင်းခေါင်ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဥက္ကဋ္ဌဦး ခင်မောင်တင့်က Duwun ကပြောပါတယ်။

Photo:ပရဟိတမင်းခေါင်

ကလေးငယ်ရဲ့ Death Body ကို ခုတင် ၅၅၀ ဆံ့ကလေးဆေးရုံ ရင်ခွင်ရုံကနေ အေးရိမ်ငြိမ်သုဿန်ဆီပို့ဆောင်တာမှာ ကိုဗစ်ကပ်ရောဂါကာလမို့လို့ မိသားစုဆွေမျိုးအသိုက်အဝန်းတွေလိုက်ပါပို့ဆောင်ခွင့်မရှိတာကြောင့် ပရဟိတမင်းခေါင်ရှာဖွေကယ်ဆယ်ရေးအဖွဲ့ကပဲ ကောင်းမွန်စွာနဲ့သဂြိုဟ်ပေးခဲ့ တယ်လို့သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က