ကွာရန်တင်းဝင်ရောက်ဖို့အတွက် ဟိုတယ်တွေအနေနဲ့ ပြင်ဆင်မှုတွေမပြီးသေးတာဖြစ်ပါတယ်။

ရန်ကုန်ကနေ လွိုင်ကော်ကို လေယာဉ်ခရီးစဉ်နဲ့ လာတဲ့သူတွေအနေနဲ့ ဟိုတယ်ကွာရန်တင်းဝင်ဖို့ နေရာအခက်အခဲရှိနေတာကြောင့် တခြားကွာရန်တင်းစင်တာတွေမှာ ‌ခေတ္တနေထိုင်နေကြရတယ်လို့ သိရပါတယ်။

မနေ့ (ဒီဇင်ဘာလ ၁၆ ရက်) ကစပြီး ပြည်တွင်းလေကြောင်းခရီးစဉ်တွေကို စတင်ပြေးဆွဲခဲ့ရာမှာ ရန်ကုန်ကနေ လွိုင်ကော်ကို လာရောက်တဲ့ ခရီးသည် (၃)ဦးရှိခဲ့ပြီး လာရောက်တဲ့သူတွေအနေနဲ့ ရန်ကုန်ကဆို ကွာရန်တင်း (၁၄)ရက် နေရမှာလည်းဖြစ်ပါတယ်။



“ ဟိုတယ်ကွာရန်တင်းထားဖို့ နေရာက အဆင်သင့်မဖြစ်သေးတာပါ။ မနေ့က ရောက်တဲ့သူတွေကိုတော့ အဆင်ပြေတဲ့ ကွာရန်တင်းစင်တာတွေမှ ာပို့ဆောင်ထားတယ်။ ဟိုတယ်ကွာရန်တင်းထားဖို့အတွက်ကိုလည်း မနေ့ကစပြီး ပြင်ဆင်မှုတွေလုပ်နေပြီဆိုတော့ တကယ်လို့ ဟိုတယ်တွေအနေနဲ့ အဆင်သင့်ဖြစ်လို့ ဟိုတယ် ကွာရန်တင်းပြန်ပြောင်းချင်တယ်ဆိုလည်း ပြောင်းလို့ရတယ်။ ရန်ကုန်ကဆို ကွာရန်တင်း(၁၄)ရက်နဲ့ တခြားနေရာကဆို (၇)ရက်ဝင်ရမှာပေါ့”လို့ လွိုင်ကော်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်ကျော်ဌေးက Duwun ကို ပြောပါတယ်။

လွိုင်ကော်ကို လာရောက်လိုတဲ့သူတွေအနေနဲ့ ဘယ်တိုင်းနဲ့ပြည်နယ်ကပဲ လာလာ ကိုဗစ်ကင်းရှင်းကြောင်း ထောက်ခံချက်ပါရင် ဝင်ရောက်ခွင့်ပြုမှာဖြစ်ပြီး သတ်မှတ်ကွာရန်တင်းရက်တော့ ဝင်ရောက်ရမှာဖြစ်ပါတယ်။ ဟိုတယ်ကွာရန်တင်း ဝင်ရောက်လိုတဲ့သူတွေအနေနဲ့ကတော့ တစ်ရက်ကို ခန့်မှန်းခြေ ငွေကျပ် (၅၀၀၀၀)ကျပ်ပေးသွင်းရမှ ာဖြစ်ပြီး ကျန်းမာရေးစစ်ဆေးဖို့အတွက် ကုန်ကျစရိတ်ကို ကျခံစေရမှာဖြစ်ပါတယ်။

အစိုးရက စီစဉ်ပေးထားတဲ့ ကွာရန်တင်းစင်တာတွေမှာ နေထိုင်လိုတဲ့သူတွေအနေနဲ့ကတော့ ကျန်းမာရေးစစ်ဆေးမှု ကုန်ကျစရိတ်သာ ကျခံစေရမှာပါ။ လက်ရှိမှာတော့ လွိုင်ကော်မှာ ဟိုတယ် ကွာရန်တင်းဝင်ဖို့အတွက် ပြင်ဆင်နေဆဲဖြစ်ပြီး Loikaw Princess Motel မှာ ပြင်ဆင်မှုတွေလုပ်နေတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က