ရန်ကုန်အဝင်ခရီးသည် (၈၀)ကျော်နဲ့ အထွက်ခရီးသည် (၇၀)ကျော် စီးနှင်းခဲ့တာပါ။

ပြည်တွင်းလေကြောင်းလိုင်းခရီးစဉ်တွေ စတင်ပြေးဆွဲတဲ့ ဒီဇင်ဘာလ (၁၆)ရက်နေ့မှာပဲ ခရီးသည် (၁၅၀)ခန့်စီးနင်းခဲ့တယ်လို့ သိရပါတယ်။

ရန်ကုန်လေဆိပ်ကနေ ထွက်ခွါတဲ့ ခရီးသည် (၇၀)ကျော်ရှိပြီး ဝင်ရောက်လာတဲ့ ခရီးသည်က (၈၀)ကျော်ရှိတယ်လို့ မင်္ဂလာဒုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက Duwun ကိုပြောပါတယ်။



“ လေဆိပ်တာဝန်ရှိသူကို လှမ်းမေးလိုက်တော့ မနေ့က တစ်ရက်တည်းတင် ခရီးသည် (၁၅၀)ခန့် လိုက်ပါစီးနင်းတယ်ပြောတယ်။ ဒီနေ့ ခရီးသည်ဦးရေတော့မသိသေးဘူးပေါ့နော်။ လေယာဉ်ခရီးစဉ်လိုက်ပါမယ့်သူတွေကတော့ ကျန်းမာရေးဌာနကထုတ်ပြန်ထားတဲ့အတိုင်း ကိုဗစ်ကင်းစင်ကြောင်းထောက်ခံစာပါမှဆိုတော့ ဒါကတော့မဖြစ်မနေ စစ်လာရမှာပေါ့။ လေဆိပ်တာဝန်ရှိသူတွေအနေနဲ့ကလည်း ဒါကိုကြပ်ကြပ်မတ်မတ်ဆောင်ရွက်နေတယ်”လို့ ဦးထွန်းထွန်းဝင်းက ပြောပါတယ်။

ပြည်တွင်းလေကြောင်းလိုင်းစတင်ပြေးဆွဲတဲ့ ပထမနေ့မှာတော့ ခရီးစဉ်လေးခုကို ပျံသန်းပြေးဆွဲခဲ့တာပါ။ ပျံသန်းခဲ့တဲ့ ခရီးစဉ်တွေကတော့ ရန်ကုန်-လွိုင်ကော်-ဟဲဟိုးခရီးစဉ် ၊ ရန်ကုန်-မြိတ်၊ ရန်ကုန်-တာချီလိတ်နဲ့ ရန်ကုန်-စစ်တွေခရီးစဉ် ဖြစ်ပါတယ်။ လေကြောင်းခရီးနဲ့ လိုက်ပါမယ့်သူတွေအနေနဲ့ ကိုဗစ်ကင်းစင်ကြောင်းထောက်ခံစာပါရှိမှ လိုက်ပါခွင့်ရမှာဖြစ်ပြီး ကိုယ်သွားရောက်မယ့်မြို့နယ်တွေအလိုက် ကွာရန်တင်းဝင်ရောက်ရမှာလည်းဖြစ်ပါတယ်။

ရန်ကုန်ကနေ လိုက်ပါမယ့်ခရီးသည်တွေကိုတော့ ကျောက်တံတားမြို့နယ်ရှိ Tourist Burma အဆောက်အအုံနဲ့ မင်္ဂလာဒုံအဝေးပြေးယာဉ်ရပ်နားစခန်းရှိ ကျန်းမာရေးဌာနတို့မှာ စစ်ဆေးမှုတွေပြုလုပ်ပေးနေတာပါ။ ဒီဇင်ဘာလ (၁၅)ရက်နေ့နဲ့ (၁၆)ရက်နေ့ နှစ်ရက်အတွင်း စစ်ဆေးမှုခံယူခဲ့တဲ့ လူဦးရေ (၃၀၀)ကျော်မှာ (၁၁)ဦးအထိ ပိုးတွေ့ရှိခဲ့ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က