ရဲတပ်ဖွဲ့ ၃၂ ဦး နေရာပြောင်း တာဝန်ထမ်းဆောင်ရမှာဖြစ်လို့ မထွက်ခွာမီ ကျန်းမာရေးစစ်ဆေးမှုပြုလုပ်ရာကနေ ရဲတပ်ဖွဲ့ဝင် ၁၃ ဦးမှာ ကိုဗစ် ၁၉ ပိုးတွေ့ရှိခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။

ရန်ကုန် မန္တလေး အမြန်လမ်းမကြီးရဲတပ်ဖွဲ့ ၊ဘောနတ်ကြီးရဲစခန်းမှာ ရဲတပ်ဖွဲ့ဝင် ၁၃ ဦးပိုးတွေ့ရှိထားတာကြောင့် စခန်းတစ်ခုလုံးကို stay home ပြုလုပ်ကာ အသွားအလာကန့်သတ်ထားတယ်လို့သိရပါတယ်။



ဘောနတ်ကြီးရဲစခန်းအပါအဝင် အမြန်လမ်းတစ်လျှောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်ဖွဲ့ ၃၂ ဦးဟာ နေရာပြောင်း တာဝန်ထမ်းဆောင်ရမှာဖြစ်လို့ မထွက်ခွာမီ ကျန်းမာရေးစစ်ဆေးမှုပြုလုပ်ရာကနေ ရဲတပ်ဖွဲ့ဝင် ၁၃ ဦးမှာ ကိုဗစ် ၁၉ ပိုးတွေ့ရှိခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။ ပိုးတွေ့ရှိသူတွေက ပဲခူးမှာ ကုသမှုခံယူနေပြီဖြစ်ပါတယ်။

"၁၃ ယောက်တွေ့တယ်။ အဲ့ဒီ ၁၃ ယောက်ကတော့ ညကတည်းက ဆေးရုံကို သွားပြီ။ တာဝန်ပြောင်းထမ်းဆောင်မယ့်သူတွေကို စစ်တာ။ တခြားနေရာကို ပြောင်းရွှေ့မှာမို့လို့ ကျန်းမာရေးနဲ့တိုင်ပင်ပြီးစစ်တာပါ။ စစ်တော့ ပိုးတွေ့တာပေါ့။ နေရာပြောင်းရွေ့တာဝန်ထမ်းဆောင့်မယ့်သူတွေက တနေရာမှာစုပြီး သွားကြတာပေါ့၊ ကျွန်တော်တို့က ကျွန်တော််တို့ဝင်းထဲမှာ တည်းခိုစရာပေးထားတာပေါ့။ အကုန်စုပြိးသီးသန့်ထားလိုက်တာပေါ့။နေတာကတော့ဘောနပ်ကြီးစခန်းထဲဆိုပေမယ့် တနေရာစီပေါ့။ စရောက်ကတဲက ကိုဗစ်စည်းကမ်းချက်နဲ့အညီ လုပ်ခဲ့တာပါ။တကယ်က သူတို့တွေ ဒီနေ့ထွက်ရမှာပေါ့"လို့ ဘောနတ်ကြီးရဲစခန်းက စခန်းမှူး ဒုရဲအုပ်မြတ်သီဟမှပြောပါတယ်။

ဓာတ်ပုံ - AMT

လက်ရှိမှာ ကိုဗစ်ပိုးမတွေ့ရှိတဲ့ ရဲတပ်ဖွဲ့ဝင် ၁၉ ဦးကိုလည်း ဘောနတ်ကြီးရဲစခန်းဝန်းထဲမှာ သီးခြားထားရှိကာ အသွားအလာကန့်သတ်စောင့်ကြည့်ထားပြီး စခန်းဝန်းတစ်ခုလုံးကိုလည်းပိုးတွေ့ရှိ ဒီဇင်ဘာလ ၁၆ရက်နေ့ကစပြီး စတေးဟုမ်းနေထိုင်စေတယ်လို့သိရပါတယ်။

 ဘောနတ်ကြီးရဲစခန်းကို စတေးဟုမ်းလုပ်ဆောင်ထားစဉ် အမြန်လမ်းမှာ လုပ်ဆောင်ရမယ့်ကိစ္စရပ်တွေကို ပြင်ပအမြန်လမ်းမကြီးတစ်လျှောက်မှာတာဝန်ထမ်းဆောင်နေတဲ့ရဲ

ကင်းက ရဲတပ်ဖွဲ့ဝင်တွေက ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

အမြန်လမ်းတစ်လျှောက်မှာတော့ တာဝန်ထမ်းဆောင်နေတဲ့ အမြန်လမ်းရဲတပ်ဖွဲ့ဝင်ပေါင်း ၁၀၀၀ နီးပါးရှိတယ်လို့သိရပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချို ပေးပို့ထားသော သတင်းဖြစ်ပါသည်။

Share

Loading Next Article...
က္က