နေ့စဉ် လူဦးရေ ၄၀၀ လောက်ကို ကိုဗစ်ရောဂါရှိ မရှိ Swab ယူပြီး စစ်ဆေးပေးနေသူတွေ ဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်မှာတာဝန်ထမ်းဆောင်နေတဲ့ဆရာဝန်တစ်ဦးအပါအဝင် ကျန်းမာရေးဝန်ထမ်း၁၀ဦးခန့်ကိုဗစ်-၁၉ ရောဂါကူးစက်ခံခဲ့ရတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ကူးစက်ခံထားရသူတွေကို Quarantine Centre တွေမှာကုသပေးနေပြီး ဆက်စပ်မိသားစုဝင်များတွေလည်း Quarantine ဝင်နေရတယ်လို့ တောင်ဒဂုံမြို့နယ်၊ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊မြို့နယ်ကျန်းမာရေးမှူး-၁ ဦးထွန်းလှိုင်ကပြောသည်။ "ကိုဗစ်ကူးစက်ခံထားရတာက ဆရာဝန်တစ်ယောက်ပါတယ်၊နောက်ပြီး ကျန်းမာရေးဝန်ထမ်းတွေဆိုရင်လည်း ကူးစက်ခံထားရတာက ကျန်းမာကြီးကြပ်-၂ တွေပါ၊သူတို့ကနေ့စဉ် လူဦးရေ ၄၀၀ လောက်ကို ကိုဗစ်ရောဂါရှိ၊မရှိ Swab ယူပြီးစစ် ဆေးပေးနေရတဲ့အတွက် သူတို့လည်းကူးစက်ခံလိုက်ရတာပါ"လို့ မြို့နယ်ကျန်းမာရေးမှူး-၁ ဦးထွန်းလှိုင်ကပြောပါတယ်။



 အဆိုပါ Covid-19 ရောဂါကူးစက်ခံထားရတဲ့ ဆရာဝန်နဲ့ ကျန်းမာရေးဝန်ထမ်းခုနှစ်ဦးကို Quarantine Centre များသို့ပို့ဆောင်ကာ ဆေးဝါးကုသမှုပေးနေရပြီး ဆက်စပ်မိသားစုဝင်တွေကိုတော့ တောင်ဒဂုံ အ.ထ.က(၁)မှာဖွင့်လှစ်ထားတဲ့ Quarantine Centre ၊ အ.ထ.က(၂)မှာ ဖွင့်လှစ်ထားတဲ့ Quarantine Centre နဲ့ အ.ထ.က(၆)မှာဖွင့်ထားတဲ့ Quarantine Centreတွေကို ပို့ဆောင်ထားပြီး ရောဂါပိုးကူးစက်ခံထားရခြင်းရှိ၊မရှိSwab Test စစ်ဆေးပြီး တစ်ပတ်ထပ်မံထားရှိစစ်ဆေးထားတယ်လို့သိရပါတယ်။ 

"အရေးကြီးတဲ့ဆရာဝန်တစ်ယောက် ကိုဗစ်ဖြစ်ပြီး Quarantine Centre ရောက်နေတဲ့အတွက် ကျွန်တော်တို့အတွက်တော်တော်ခက်ခဲသွားတယ်၊ Quarantine Centre ရောက်နေတဲ့ဆရာဝန်နဲ့ကျန်း မာရေးဝန်ထမ်းတွေအတွက် နိုင်ငံတော်ကထောက်ပံ့ပေးထားပြီး ကျွန်တော်တို့ကလည်း အသေးစားလိုအပ်တာလေးတွေထောက်ပံ့ပေးနေပါတယ်၊ကျန်းမာကြီးကြပ်-၂ ကလေးတွေဆိုရင် Quarantine Centre ဝင်မယ့်သူတွေကို ကိုဗစ်ဖြစ်၊မဖြစ် Swab ယူပြီးစစ်ဆေးပေးရတယ်၊အကူးခံရတာများတာက ကျန်းမာကြီးကြပ်-၂ က လေးတွေပါ"လို့ ဦးထွန်းလှိုင်ကပြောပါတယ်။ 

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်မှာ ကိုဗစ်-၁၉ရောဂါပိုးရှိသူတွေကို လက်ခံကုသမှုပေးနေတဲ့ စီးပွားရေးတက္ကသိုလ် Quarantine Centre ၊ အောင်မြင့်မိုရ် Quarantine Centre နဲ့ ယဉ်ကျေးမှုတက္ကသိုလ် Quarantine Centre တို့အပြင် အနံ့မရသူမရသူတွေနဲ့ ဆက်စပ်လူနာတွေကိုထားရှိကုသပေးနေတဲ့ အ.ထ.က(၁)Quarantine Centre ၊ အ.ထ.က(၂)Quarantine Centre နဲ့ အ.ထ.က (၆)Quarantine Centre အစရှိတဲ့Centre ခြောက်ခုဖွင့်လှစ်ကုသပေးနေကြောင်း သိရပါတယ်။ 

အလွတ်တန်းသတင်းထောက် ကျော်သူပေးပို့သောသတင်းဖြစ်ပါသည်။ 


ဆက်စပ်အကြောင်းအရာများ



က္က