မကွေးတိုင်းမှာ ဒီဇင်ဘာ ၁၇ ရက်နေ့အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ စုစုပေါင်း (၂၀၅၆) ဦးရှိပြီး (၅) ဦး သေဆုံးခဲ့ပါတယ်။
Ye Yint Htay

မကွေးမြို့နယ်၊မိကျောင်းရဲကျေးရွာတိုက်နယ်အုပ်စုမှာ ဒီဇင်ဘာ ၁၇ရက်နေ့ စစ်ဆေးချက်အရ ကိုဗစ်-၁၉ရောဂါပိုးတွေ့သူ(၁၀)ဦးရှိခဲ့ပြီး အဆိုပါ(၁၀)ဦးမှာ ကလေး(၅)ဦးပါဝင်နေတယ်လို့ ယင်းတိုက်နယ်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးထံက သိရပါတယ်။

ဓါတ်ပုံ - ဇော်ထွန်း(မိကျောင်းရဲ)

မိကျောင်းရဲ REC(ကျန်းမာရေး)အပိုင်မှ စုစုပေါင်း (၄၉)ဦးကို ကိုဗစ်-၁၉ပိုးရှိ/မရှိ (RDT)နဲ့ စစ်ဆေးခဲ့ပြီး မိကျောင်းရဲမှ( ၃)ဦး၊ စစ်ကိုးပင်က (၃)ဦး၊ ပဌနဂိုလ်မှ ၄ဦး၊ စုစုပေါင်း ၁၀ဦး ပိုးတွေ့ရှိခဲ့ကာ ပိုးတွေ့(၁၀)ဦးထဲမှာ ကလေး(၅)ဦးပါဝင်တယ်လို့ မိကျောင်းရဲတိုက်နယ်အုပ်စု အုပ်ချုပ်ရေးမှူးဦးဇော်ထွန်းကပြောပါတယ်။

"မိကျောင်းရဲတိုက်နယ်အုပ်စုတွင် ပြည်တွင်းပြည်ပပြန်‌တွေနဲ့ တိုင်းကျော်ပြန်တွေကနေ ပိုးကူးစက်သူဦးရေအတိအကျ မသိရသေးပေမယ့် လက်ရှိ ဒေသတွင်းကူးစက်မှုကြောင့် ပိုးတွေ့သူ(၂၃)ဦး ရှိနေပြီ"ဟု ဦးဇော်ထွန်းက ဆိုသည်။ေရာဂါပိုး‌တွေ့တဲ့ကလေးများမှာ (၃)နှစ်အရွယ်တစ်ဦး၊ (၈)နှစ်အရွယ်တစ်ဦး၊ (၁၂)နှစ်အရွယ်တစ်ဦး၊ (၁၄)နှစ်အရွယ်တစ်ဦးနဲ့ (၉)နှစ်အရွယ်တစ်ဦး ဖြစ်ပြီး (၉)နှစ်အရွယ်တစ်ဦးက ယောင်္ကျားလေးဖြစ်ကာ ကျန်တဲ့(၄)ဦးမှာ မိန်းကလေးများဖြစ်တယ်လို့သိရပါတယ်။ 

ဓါတ်ပုံ - ဇော်ထွန်း(မိကျောင်းရဲ)

"ဒီနေ့ ပိုးတွေ့လူနာတွေကို မကွေးတိုင်းဆေးရုံပို့ကုသဖို့ စီစဉ်နေပါတယ်၊ လက်ရှိ သူတို့ ကျန်းမာ ရေးအခြေနေကောင်းမွန်ပါတယ်၊ ပြည်တွင်းပြည်ပပြန်တွေ တိုင်းကျော်ပြန်တွေထဲက ပိုးကူးစက်ခံရသူအရေအတွက်ကို မိကျောင်းရဲ REC မှ ကျန်းမာရေးဌာနကို အတည်ပြုပြီး ပြန်လည်ပြောကြားပေးပါမယ်"လို့ မိကျောင်းရဲတိုက်နယ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဇော်ထွန်းကပြောပါတယ်။ မိကျောင်းရဲတိုက်နယ်မှာလက်ရှိ ဒေသတွင်းကူးစက်မှုကြောင့် ပိုးတွေ့သူ(၂၃)ဦး ရှိနေပြီး ကလေး(၅) ဦး ကူးစက်ခံထားရတယ်လို့ ဦးဇော်ထွန်းကပြောခဲ့တာပါ။ 

ဓါတ်ပုံ - ဇော်ထွန်း(မိကျောင်းရဲ)

"ကျွန်မတို့ဆီကို နှုတ်အားဖြင့်ပဲ သတင်းရောက်လာပါသေးတယ်၊ တရားဝင် လူနာမည်နဲ့စာရင်းတွေနဲ့ အသေးစိတ်တော့ ရောက်မလာသေးဘူးရှင့်၊ လွန်ခဲ့တဲ့(၅)ရက်လောက်က မိကျောင်းရဲပိုးတွေ့သူတွေရဲ့ ထိစပ်သူတွေကို ဒီနေ့စစ်ဆေးတာ ပိုးတွေ့သူ(၁၀)ဦးရှိတယ်လို့ သိရပြီး ကလေးဘယ်နှစ်ဦးပါတယ်ဆိုတာ စာရင်းရောက်မှ အတိအကျပြောနိုင်မှာပါ"လို့ မကွေးမြို့နယ်ကျန်းမာရေးနှင့်ကုသရေးဦးစီးမှူး ဒေါက်တာဥမ္မာအေးကပြောပါတယ်။ မကွေးတိုင်းမှာဒီဇင်ဘာ ၁၇ရက်နေ့ နေ့လည်(၁)နာရီ ထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း(၂၀၅၆) ဦးရှိပြီး (၅)ဦးသေဆုံးခဲ့ပြီးဖြစ်ပါတယ်။

မကွေးပို့စ်မှပေးပို့သော သတင်းဖြစ်ပါသည်။ 


ဆက်စပ်အကြောင်းအရာများ


Author


က္က