လူ (၁၀)ယောက်ခန့်ရှိတဲ့ လူအုပ်စုက ဝင်ရောက်ဖျက်စီးသွားတာပါ။

ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ် သဖန်းကုန်းကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတိုက်အတွင်းကို အနက်ရောက်ဝတ်စုံဆင်တူဝတ်ထားတဲ့ လူတစ်စုဝင်ရောက်ကာ အကြမ်းဖက်မှုဖြစ်ပွားခဲ့ပါတယ်။ 

လူ (၁၀)ယောက်လောက်ရှိတဲ့ အုပ်စုအလိုက် ညပိုင်းဝင်ရောက်အကြမ်းဖက်ခဲ့တာဖြစ်ပြီး အားလုံးက အကျီအနက်၊ ဘောင်းဘီအနက် ဆင်တူဝတ်ထားကြတယ်လို့ သိရပါတယ်။

“ ကျောင်းတိုက်ဆရာတော်ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး စခန်းမှာ အမှုဖွင့်ထားတယ်။ ဒါကအကြမ်းဖက်လုပ်ရပ်ပဲ။ ပြီးတော့ သာသနာ့နယ်မြေအထဲထိတောင်ဝင်ပြီးလုပ်ကြတာ။ ကျောင်းအတွင်းက သာသနိက ပစ္စည်းတွေကိုဖျက်ဆီးသွားတယ်။ ညပိုင်းဆိုတော့ ဘယ်သူဘယ်ဝါဆိုတာလည်းမသိကြဘူး ။ အခုတော့ စုံစမ်းစစ်ဆေးမှုတွေလုပ်နေတယ်” လို့ သဖန်းကုန်းကျေးရွာအုပ်ချုပ်ရေးမှူးက Duwun ကိုပြောပါတယ်။ 

ကျူးလွန်ခဲ့တဲ့သူတွေဟာ အုပ်ခဲကျောက်ခဲတွေကိုင်ဆောင်ကာ ကျောင်းဝင်းတံခါးကို ဖျက်ဆီးပြီး ဝင်ရောက်အကြမ်းဖက်ခဲ့တာဖြစ်ပါတယ်။

အခုလို အကြမ်းဖက်မှုမဖြစ်ပွားခင် တစ်ပတ်အလိုလောက်ကလည်း ကျောင်းကို လေးခွနဲ့ လာပစ်တာတွးရှိတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ကျူးလွန်တဲ့တရားခံတွေကို လက်လမ်းမှီထားသလောက် ကွင်းဆက်တွေနဲ့ လိုက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောက်လျှက်ရှိနေပါတယ်။




က္က