ကိုဗစ်စည်းမျဉ်းစည်းကမ်းတွေကိုပြည်သူတွေအားလုံးလိုက်နာရမှာဖြစ်

နှစ်သစ်ကူးနေ့မှာ ကန်ဘောင်နဲ့ ဗိုလ်ချုပ်ကြေးရုပ်အနီးက ပန်းခြံကိုသာ ဖွင့်လှစ်ထားမှာဖြစ်ပြီး လည်ပတ်သူတွေအနေနဲ့ ကိုဗစ်စည်းမျဉ်းနဲ့အညီ လာရောက်ရမယ်လို့ သိရပါတယ်။

နှစ်သစ်ကူးမှာ အများပြည်သူအပန်းဖြေတဲ့ ပန်းခြံတွေမှာ သန့်ရှင်းသာယာအောင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ပန်းဥယျာဉ်နဲ့ အားကစားကွင်းများဌာနက အင်အားတိုးလုပ်ဆောင်မှာဖြစ်ပြီး ကိုဗစ်စည်းမျဉ်းနဲ့ အညီဖြစ်ဖို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။



“ ပန်းဥယျာဉ်ဌာန စိမ်းလန်းနဲ့ပတ်သက်ပြီး သန့်ရှင်းသာယာအောင် အမှိုက်တွေကောက်တာ အမှိုက်တွေစွန့်ပစ်တာတွေအတွက် အင်အားတိုးလုပ်မယ်။ အမှိုက်တွေ ညတွင်းချင်းရှင်းမှာဖြစ်ပါတယ်။ ကိုဗစ်နဲ့အညီဖြစ်ဖို့ ထွေအုပ်တို့ဘာတို့က လာပြီး ပူးပေါင်းဆောင်ရွက်တာ ရှိကောင်းရှိလိမ့်မယ်။ သူတို့ လမ်းညွှန်မှာကြားချက်တွေနဲ့ လုပ်မယ်” လို့ လည်း ပန်းဥယျာဉ်နဲ့ အားကစားကွင်းများဌာနမှုး ဦးကိုကိုလင်းက ပြောပါတယ်။ 

ကိုဗစ်စည်းမျဉ်းစည်းကမ်းတွေကိုတော့ ပြည်သူတွေအားလုံးလိုက်နာရမှာဖြစ်ပြီး လက်ရှိမှာလည်း ရန်ကုန်တိုင်းအစိုးရရဲ့ လမ်းညွန်ချက်နဲ့ ပန်းခြံတွေမှာ မေတ္တာရပ်ခံချက်ဆိုင်းဘုတ်တွေ ကပ်ထားကာ နှိုးဆော်သံတွေကိုလည်း လိုက်လံဆော်သြနေတယ်လို့လည်း သိရပါတယ်။ 

“ ကိုဗစ်စည်းမျဉ်းစည်းကမ်းကို ပြည်သူတွေ အားလုံးလိုက်နာရမယ်။ အဲဒီစည်းကမ်းနဲ့အညီလုပ်ရမယ်။ လာတဲ့အခါမှာ သတ်မှတ်ထားတဲ့ အချိန်အတိုင်းအတာအတွင်းဖြစ်ရမှာပေါ့။ မဖြစ်ရင်တော့ ကိုဗစ်စည်းမျဉ်းစည်းကမ်းရှိမှာပေါ့။ “ လို့ ဌာနမှူး ဦးကိုကိုလင်းက ဆိုပါတယ်။

Stay Home သတ်မှတ်ထားတဲ့ ရန်ကုန်မြို့မှာ ပန်းခြံတွေ၊ အများပြည်သူအပန်းဖြေနေရာတွေမှာ လာရောက်လည်ပတ်စုဝေးသူတွေ နေ့စဉ်လိုလို များပြားနေတာကြောင့် ဝေဖန်မှုတွေ မြင့်တက်ခဲ့ပြီးနောက် ဒီဇင်ဘာ (၇) ရက်ကစတင်ကာ မဟာဗန္ဒုလပန်းခြံကို ပိတ်ထားခဲ့ပေမယ့် ကျန်တဲ့ ပန်းခြံတွေကိုတော့ ဆက်လက်ဖွင့်လှစ်ထားဆဲဖြစ်တယ်လို့လည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က