အမျိုးသမီးက ကိုယ့်ကိုယ်ကိုယ် ဓားနဲ့ ခုတ်ခဲ့ပြီးတဲ့နောက် အမျိုးသားကလည်း ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့တယ်လို့ ရေးသားထားပါတယ်။

သင်္ဃန်းကျွန်းမြို့နယ်မှာ တိုက်ခန်းအတွင်း အချင်းချင်း စကားများရန်ဖြစ်ပြီး ဓားဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ လူငယ်အမျိုးသားနဲ့အမျိုးသမီးက မကြာခဏ စကားများရန်ဖြစ်လေ့ရှိပြီး ဆွေမျိုးတော်စပ်သူ မဟုတ်ဘူးလို့ သေဆုံးသူ အမျိုးသမီးရဲ့ ညီမဝမ်းကွဲနဲ့ ပတ်ဝန်းကျင်က ပြောကြားတယ်လို့ ရဲတပ်ဖွဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒါ့အပြင် သေဆုံးသူနှစ်ဦးရဲ့ အနီးမှာ သေဆုံးမှုနဲ့ပတ်သက်ပြီး ရေးသားထားတဲ့ စာတွေ့ရှိရသလို အခင်းဖြစ်နေအိမ်ရဲ့ မီးဖိုချောင်သုံး ဓားသုံးလက်ကိုလည်း တွေ့ရှိခဲ့ရတယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။



သေဆုံးသူအနီးက တွေ့ရှိရတဲ့ စာရွက်နှစ်ခုမှာတော့ " ကျွန်တော်တို့၂ယောက်က တရားရုံးမှာ လက်မှတ်ထိုးထားတာပါ။ ဖောက်ပြန်တယ်။ Wai Lymn မင်းရဲ့ စကားတစ်ခွန်းကြောင့် လူ၂ဦးသေပြီ ကျွန်တော်ပါသေ။ ကျွန်တော့်အလောင်းအား ဆေးရုံကိုလှူပေးပါ။သူ့ဘာသာသူ ဓားနဲ့ခုတ်တာပါ။ ကျွန်တော်ဆွဲတော့ သူပိုဆိုးတယ်။အခုတော့ ကျွန်တော်ပြီးသွားအောင် လုပ်ပေးပါ။ ကျွန်တော်မိန်းမ တစ်ယောက်အတွက် မဟုတ်ပါဘူး။ ကျွန်တော့်ဘဝပြတ်သွားလို့ပါ။ကျွန်တော့်အသိုင်းအဝိုင်းကြား မျက်နှာမဖော်ရဲလို့ပါ။မိဘများ ခွင့်လွှတ်ပေးပါ ။ လူကြီးတွေလည်း အကြာကြီးနေရတော့မှာမှ မဟုတ်တာ ။ ကျွန်တော့်ကို အပြစ်ပြောကြပါ ။ ဆရာဖုန်း ဖုန်းဆက်တော့ အခြေအနေက တော်တော်ဆိုးပါတယ်။ ကျွန်တော်အမှု ဖြစ်လို့မရပါဘူး။ ကျွန်တော်နိုင်ငံခြား ထွက်ချင်သေးတယ် " လို့ ရေးသားထားပါတယ်။

ရဲတပ်ဖွဲ့ရဲ့ ကနဦးစစ်ဆေးချက်တွေအရ သေဆုံးသူနှစ်ဦးအနီးက သွေးကွက်တွေပေါ်မှာ ခြေရာတွေတွေ့ရှိရပြီး ခြေထောက်ပုံစံအရ စစ်ဆေးချက်အရ သေဆုံးသူအမျိုးသားရဲ့ ခြေရာတွေဖြစ်တယ်လို့ ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ဒီဇင်ဘာလ ၁၇ ရက် မွန်းလွဲပိုင်းက တိုက်ခန်းအတွင်း အဆိုပါအအမျိုးသားနဲ့ အမျိုးသမီးတို့ ရန်ဖြစ်နေတာကို ဘေးပတ်ဝန်းကျင်က ကြားနေရပြီး ခဏအကြာမှာ ငြိမ်သွားခဲ့တာကြောင့် ရဲစခန်းကို အကြောင်းကြားခဲ့ရာကနေ နှစ်ဦးစလုံးသေဆုံးနေတာကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

"သူတို့ နှစ်ယောက်က သမီးရည်းစားတွေလို့သိရတယ်။ အတူတူနေတာလည်းကြာပြီလို့ ပြောပါတယ်။ အဲဒီအခန်းမှာ ရန်ဖြစ်သံ ကြားတယ်။ နောက်ငြိမ်သွားတော့ ရဲအကြောင်းကြားပြီး တက်ကြည့်တော့ နှစ်ယောက်စလုံးက လည်ပင်းကို တစ်ဝက်စီလောက် လှီးခံထားရတဲ့ ဒဏ်ရာနဲ့ သေဆုံးနေတာပါ” လို့ သင်္ဃန်းကျွန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦးက မနေ့က ညနေက Duwun ကို ဖြေကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က