ဒေါင်းဆင်ဒရုန်းဆိုတာ ခန္ဓာကိုယ်အတွင်း ပုံမှန်မဟုတ်သော ဆဲလ်ကွဲပွားခြင်းမှ ဖြစ်ပေါ်လာတဲ့ မျိုးရိုးဗီဇဆိုင်ရာရောဂါတစ်ခု ဖြစ်ပါတယ်။ ဒေါင်းဆင်ဒရုန်းဟာ ဝေဒနာရှင်ရဲ့ ဥာဏ်ရည်ပိုင်းဆိုင်ရာ မသန်စွမ်းမှုနဲ့ ဖွံ့ဖြိုးမှု နှောင့်နှေးခြင်းတွေကို ဖြစ်စေပြီး ဒေါင်းဆင်ဒရုန်းဝေဒနာရှင် တစ်ဦးနဲ့တစ်ဦးရဲ့ ဝေဒနာပြင်းထန်မှုများ ကလည်း မတူကွဲပြားကြပါတယ်။ ဝေဒနာရှင်အချို့မှာ ကျန်းမာကြပြီး အချို့မှာ ဉာဏ်ရည်နဲ့ ဖွံ့ဖြိုးမှုဆိုင်ရာ


ြဿနာများ

နဲ့ နှလုံးချွတ်ယွင်းမှုပြဿနာတွေလိုမျိုး ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာတွေ ရှိကြပါတယ်။ ဒေါင်းဆင်ဒရုန်းဝေဒနာရှင်တွေဟာ တစ်ဦးနဲ့တစ်ဦးရဲ့ ရောဂါလက္ခဏာပုံစံတွေ မတူညီကြ ပေမယ့်လည်း ဦးခေါင်းပိုမိုသေးငယ်ခြင်း၊ သာမာန်ထက်တိုသော လည်ပင်းရှိခြင်း စတဲ့ ကွဲပြားခြားနားသော လက္ခဏာများ ရှိတတ်ကြပါတယ်။ 



၂၀

၀ ခုနှစ်တွင် မြန်မာနိုင်ငံလူဦးရေရဲ့ ၂.၃၂ ရာခိုင်နှုန်းခန့်က မသန်စွမ်းသူများ ဖြစ်ကြပြီး မသန်စွမ်းသူ လူဦးရေရဲ့ ၃၆.၂ ရာခိုင်နှုန်းဟာ ဒေါင်းဆင်ဒရုန်းကဲ့သို့သော မွေးရာပါ မသန်စွမ်းဝေဒနာရှင်များ ဖြစ်ကြပါတယ်။ မြန်မာနိုင်ငံတွင်သာမက ကမ္ဘာတစ်ဝှမ်းတွင် ဒေါင်းဆင်ဒရုန်းဝေဒနာရှင် အများအပြားရှိပါတယ်။ အမေရိကန် နိုင်ငံရဲ့ ကလေး ၆,၀၀၀ ခန့်သည် ဒေါင်းဆင်ဒရုန်းဝေဒနာဖြင့် နှစ်စဉ်မွေးဖွားလာလျက်ရှိပြီး ယူ‌ကေနိုင်ငံတွင် ဒေါင်းဆင်ဒရုန်းဝေဒနာရှင် စုစုပေါင်း လူဦးရေ ၄၀,၀၀၀ ခန့်ရှိပါတယ်။ 



ွံ့ဖြိုးမှုဆိုင်ရာ မသန်စွမ်းကလေးငယ်များရဲ့ မိဘများဟာ ပုံမှန်ဖွံ့ဖြိုးသည့်ကလေးငယ်များရဲ့ မိဘများထက် ပိုမိုခက်ခဲတဲ့ စိန်ခေါ်မှုများကို တွေ့ကြုံရပါတယ်။ မသန်စွမ်းမှု တစ်ခု သို့မဟုတ် တစ်ခုထက်ပိုတဲ့ ကလေးတစ်ဦး မိသားစုအတွင်း မွေးဖွားလာတဲ့အခါမှာ ဝမ်းနည်းခြင်း၊ထိတ်လန့်ခြင်း၊အမျက်ဒေါသဖြစ်ခြင်းစတဲ့ ခံစားမှုဆိုင်ရာ တုံ့ပြန်မှုများ၊ စိတ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုများကို စတင်ကြုံတွေ့ရပါတယ်။ ထိုစိတ်ပိုင်းဆိုင်ရာ ခံစားမှုများဟာ မိဘ


ုပ်ထိန်းခြင်းနှင့် ပြုစုစောင့်ရှောက်ခြင်းတို့ကို ထိခိုက်စေနိုင်ပြီး မိဘများအနေနဲ့

စိတ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုနှင့် အုပ်ထိန်းမှုစွမ်းရည်များကို အချိန်အတိုင်းအတာတစ်ခုယူပြီးပြင်ဆင်ဖို့ လိုအပ်ပါတယ်။ အချို့သောမသန်စွမ်း ကလေးငယ်များဟာ ဖွံ့ဖြိုးမှုလိုအပ်ချက်များအပြင် အထူးလိုအပ် ချက်များဖြစ်သော မိဘအုပ်ထိန်းမှု စွမ်းရည် နှင့်အပြုအမူများကြောင့် နေ့စဉ်ဘဝတွင် စိန်ခေါ်မှုများစွာ ကြုံ တွေ့ကြရပါတယ်။ ဒါကြောင့် မသန်စွမ်း ကလေး ငယ်များဟာ မိဘများရဲ့ ကောင်းမွန်တဲ့ ပြုစုစောင့်ရှောက်ခြင်းနှင့် မိသားစုဝင်များရဲ့ ပံ့ပိုးမှုတွေနှင့် ပတ်ဝန်းကျင် အသိုင်းအဝိုင်းမှ နွေးထွေးစွာဆက်ဆံမှုတို့ အရမ်းလိုအပ်လှပါတယ်။

ဒေါင်းဆင်ဒရုန်းဝေဒနာရှင်များ အပါအဝင် အခြားမသန်စွမ်းသူများမှာ နေ့စဉ်ဘဝတွင် စိန်ခေါ်မှုအခက်အခဲများကို နှစ်ဆကြုံတွေ့ကြရပါတယ်။ တစ်ဖက်မှာ ရောဂါလက္ခဏာကြောင့် ကြုံတွေ့ရတဲ့ ကျန်းမာရေးစိန်ခေါ်မှုများအပြင် တစ်ဖက်တွင်လည်း လူမှုပတ်ဝန်းကျင်ရဲ့ အယူအဆအမှားများနှင့် စိတ်ညိုညှင်မှုများကြောင့် ကြုံတွေ့ရသည့် စိန်ခေါ်မှုများပါ ရှိကြပါတယ်။ အရည်အသွေး ကောင်းသော အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်များ၊ လူမှုပတ်ဝန်းကျင် အသိုင်းအဝိုင်းဆက်နွယ်မှုများ စသောအခွင့်အလမ်းကောင်းများမှာ ထိုအခက်အခဲများကြောင့် မသန်စွမ်းသူများအတွက် ပိုမိုဝေးကွာသွားစေပါတယ်။ ဒါကြောင့် ဒေါင်းဆင်ဒရုန်းနှင့် မသန်စွမ်းသူများအပေါ် လူမှုပတ်ဝန်းကျင်မှ ထားရှိသော အယူအဆအမှားများ၊ ခွဲခြားဆက်ဆံခြင်းများတို့ကို ကန့်သတ်ပြီး အပြည့်အဝ နားလည်မှုပေးရန် လုပ်ဆောင်မှုများကို ပိုမို ဆောင်ရွက်ရန် လိုအပ်ပါတယ်။

မြန်မာနိုင်ငံ၏ အကောင်းဆုံးအော်ပရေတာ Mytel ဟာ ဒေါင်းဆင်ဒရုန်းဝေဒနာရှင်များအတွက် ပိုမိုတောက်ပပြီး ကျန်းမာသန်စွမ်း ကောင်းမွန်တဲ့ အနာဂတ်ကို ရရှိနိုင်ရန် ရည်ရွယ်ပြီး ယင်းရောဂါ ခံစားနေရသူ ၃၀၀ ဦးအတွက် ကျန်းမာရေးစစ်ဆေးမှုများနှင့်ကုသမှုများတွင် အသုံးပြုနိုင်ရန်အတွက် မြန်မာဒေါင်းဆင်ဒရုန်း အသင်းသို့ မြန်မာကျပ်ငွေ သိန်း ၂၀၀ လှူဒါန်းခဲ့ပါတယ်။ Mytel သည် မြန်မာနိုင်ငံအတွင်း၌ COVID-19 ကပ်ရောဂါ ကူးစက်ပျံ့ပွားနေသည့် ကာလအတွင်းတွင် ပြည်သူများနှင့် တစ်သားတည်း အတူရှိကာ ယခုကဲ့သို့ လူထုအကျိုးရှိစေမည့် လုပ်ဆောင်ချက်များ၊ လှူဒါန်းမှုများကို ဆက်တိုက်ပြုလုပ်လျက်ရှိပြီး Mytel ရဲ့လူမှု အကျိုးပြုဖောင်ဒေးရှင်း (Empower My Children Foundation) မှလည်း မြန်မာနိုင်ငံက ကလေးငယ်တွေရဲ့ ဘဝတွေ ပိုမိုသာယာလှပလာဖို့ ကူညီမှုတွေကို


စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါတယ်။ 

ဒေါင်းဆင်ဒရုန်းဝေဒနာရှင်များကို ကူညီထောက်ပံ့ပေးနေတဲ့ မြန်မာဒေါင်းဆင်ဒရုန်းအသင်း (Myanmar Down Syndrome Association) ဟာ မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်၊ အခြားသော ဉာဏ်ရည်မသန်စွမ်း အသင်းအဖွဲ့များ၊ အထူးပညာရေးကျောင်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများအပြင် အခြားသော ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ နှင့်လည်း ချိတ်ဆက်ဆောင်ရွက်မှုများ ပြုလုပ်နေသော Down Syndrome International နှင့် the Asia Pacific Down Syndrome Federation တို့၏ အဖွဲ့ဝင်လည်း ဖြစ်ပါတယ်။ မြန်မာဒေါင်းဆင်ဒရုန်းအသင်း (Myanmar Down Syndrome Association) ဟာ ဒေါင်းဆင်ဒရုန်းဝေဒနာရှင်တွေရဲ့ မျက်လုံး၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ အစာအိမ်နှင့် အူလမ်းကြောင်း၊ သိုင်းရွိုက်နှင့် နှလုံးရောဂါစတဲ့ ရောဂါများနဲ့ ပတ်သက်ပြီး ဒေါင်းဆင် ဒရုန်းရောဂါ ခံစားနေရသူများကိုကျန်းမာရေးစစ်ဆေးမှုများနဲ့ ကုသမှုများကို ကူညီဆောင်ရွက်ပေး လျက်ရှိပါတယ်။




က္က