ဒီဇင်ဘာ(၂၁)ကနေ (၃၁)ရက်နေ့ထိပိတ်သွားမှာပါ။

မကြာခင်မှာ ကျရောက်လာတော့မယ့် အများပြည်သူရုံးပိတ်ရက်ဖြစ်တဲ့ ခရစ္စမတ်ရုံးပိတ်ရက်နဲ့ နှစ်သစ်ကူးပိတ်ရက်တွေမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်းက အင်းယားကန်ဘောင်အပါအဝင် ပန်းခြံတွေကိုပိတ်ထားမယ်လို့ သိရပါတယ်။

ကိုဗစ်ကာလမှာ ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်ရန်အတွက် လူစုလူဝေးမဖြစ်အောင်လူစည်းကားရာ နေရာတွေကို အခုလိုပိတ်ထားဖို့ဆုံးဖြတ်ခြင်းဖြစ်တယ်လို့ ရန်ကုန်မြို့တော်စည်ပင်၊ ပန်းဥယျာဉ်ဌာနကဆိုပါတယ်။ 



“ ဟုတ်ပါတယ်။ ရောဂါကူးစက်မှုနှုန်းထိန်းချုပ်နိုင်ဖို့ လူစုလုဝေးမဖြစ်အောင် ပိတ်သွားမှာပါ။ ဒီဇင်ဘာ (၂၁)ရက်နေပြီး (၃၁)ရက်နေ့ထိ ပိတ်သွားမယ်”လို့ ရန်ကုန်မြို့တော်စည်ပင်၊ပန်းဥယျာဉ်ဌာနမှ ဦးကိုကိုလင်းက Duwun ကိုပြောပါတယ်။

ပိတ်ထားမယ့်နေရာတွေကတော့ ပြည်သူ့ဥယျာဉ်၊ တိရိစ္ဆာန်ဥယျာဉ်၊ အင်းယားကန်ဘောင်၊ ပန်းခြံတွေနဲ့ ကစားကွင်းတွေကို ပိတ်ထားမှာဖြစ်ပါတယ်။ ကိုဗစ်ကူးစက်မှုနှုန်းအများဆုံးဖြစ်တဲ့ ရန်ကုန်တိုင်းဒေသကြီးဟာ ဒီဇင်ဘာ၃၁ရက်နေ့အထိ Stay at Home အစီအစဉ်မှာ အကျုံးဝင်နေဆဲဖြစ်ပါတယ်။

Stay at Home သတ်မှတ်ထားပေမယ့်လည်း ပြည်သူအချို့စည်းကမ်းလိုက်နာခြင်းမရှိဘဲ ပြင်ပမှာ သွားလာလှုပ်ရှားနေမှုတွေနဲ့ ပတ်သက်လို့ လိုအပ်တဲ့ သတိပေးစစ်ဆေးတင်းကြပ်မှုများဆောင်ရွက်ရန်ကိုလည်း ကိုဗစ်ထိန်းချုပ် ၊ကာကွယ်၊ကုသရေး ဗဟိုကော်မတီအနေနဲ့ ဒီဇင်ဘာလ(၂)ရက်နေ့ကတည်းက ထုတ်ပြန်ကြေညာထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က