ပန်းလှိုင်ဆေးရုံနဲ့ N Health Myanmar ဆေးရုံတို့မှာ ကုသခွင့်ရရှိမှာ ဖြစ်ပါတယ်။

ရန်ကုန်က ပုဂ္ဂလိက ဆေးရုံနှစ်ခုမှာ ကိုဗစ်ရောဂါပိုးရှိ ၊မရှိ စစ်ဆေးနိုင်ပြီး ဆေးရုံတက်ရောက်ကုသခွင့်ရရှိတော့မှာဖြစ်တယ်လို့ သိရပါတယ်။

ကိုဗစ်စစ်ဆေးကုသဖို့အတွက် ပုဂ္ဂိလဆေးရုံနှစ်ခုကို ကျန်းမာရေးဝန်ကြီးဌာက ပထမဆုံးခွင့်ပြုခဲ့တာဖြစ်ပြီး လှိုင်သာယာမြို့နယ်က ပန်းလှိုင်ဆေးရုံနဲ့ လမ်းမတော်မြို့နယ်က N Health Myanmar ဆေးရုံတို့မှာ ကုသခွင့်ရရှိမှာ ဖြစ်ပါတယ်။



"ပန်းလှိုင်ဆေးရုံကို ကျွန်တော်တို့ RDT Test Kit နဲ့စစ်တာ ကျွန်တော်တို့ ခွင့်ပြုလိုက်ပါပြီ။ နောက်တစ်ခုကတော့ PCR နဲ့ စစ်ခွင့်ပြုထားတဲ့ လမ်းမတော်မြို့နယ်က N Health နဲ့ပါ။ ခွင့်ပြုထားတဲ့ ဆေးရုံနှစ်ခုနဲ့ စာချုပ်ချုပ်ဖို့ပြောထားတာကိုလည်း ကျွန်တော်တို့ကျန်းမာရေးဘက်က အတည်ပြုလိုက်ပါပြီ။ ဒါတွေက ရှေ့ဆက်ဆောက်ရွက်ရုံပဲရှိပါတော့တယ်”လို့ ရန်ကုန်တိုင်းပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးချုပ် ဒေါက်တာထွန်းမြင့်က မီဒီယာတွေကိုပြောပါတယ်။

ဒီဆေးရုံနှစ်ခု မှာ လူနာတွေထားရှိကုသနိုင်ဖို့အတွပ်ကိုတော့ Testing ကနေစပြီးတော့မှ ထားရှိသွားမယ့်ပုံစံတွေကို ဆောင်ရွက်သွားမှာပါ။ လက်ရှိ ကိုဗစ်လူနာတွေ ထားရှိကုသခွင့်ပြုလိုက်တဲ့ ဆေးရုံနှစ်ခုဟာ ပုဂ္ဂလိကဆေးရုံတွေအနေနဲ့ ပထမဆုံး ကုသခွင့်ရရှိတဲ့ ဆေးရုံတွေလည်းဖြစ်ပါတယ်။ 

နောက်ထပ် ကိုဗစ်လူနာတွေကို ကုသခွင့်ရရှိနိုင်ရေးအတွက် လျှောက်ထားတဲ့ ပုဂ္ဂလိကဆေးရုံ နှစ်ခုရှိသေးတယ်လို့လည်း ဒေါက်တာထွန်းမြင့်ကပြောပါတယ်။

အသစ်ထပ်လျှောက်တဲ့ ဆေးရုံနှစ်ခုက ကိုဗစ်စစ်ဆေးကုသရေးစင်တာ အဖြစ်လျှောက်ထားတာဖြစ်ပြီး ရောဂါပိုးရှိ၊မရှိ စစ်ဆေးခွင့်ရရှိရေးအတွက် လျှောက်ထားတဲ့ဆေးရုံတွေရှိကာ အဲ့ဒီဆေးရုံတွေထဲမှာ အကယ်ဒမီဆေးရုံ၊ SSC ဆေးရုံနဲ့ ရွှေလမင်းဆေးရုံတို့ပါဝင်တယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က