ရောဂါလက္ခဏာနှင့် ရောဂါအခံမရှိဘဲ သင့်တော်တဲ့ အိမ်အခြေအနေရှိ လူနာတွေကို အိမ်မှာ သီးခြားထားပြီး Video call နဲ့ စောင့်ကြည့်ဖို့ အကြံပြုထားတာပါ။

ရောဂါလက္ခဏာမရှိတဲ့သူတွေ၊ ရောဂါအခံမရှိတဲ့ ကိုဗစ်လူနာတွေကို ဆေးရုံတွေမှာ ရက်အတိုင်းအတာတစ်ခုထိ ထားပြီးနောက် နေအိမ်မှာပဲဆက်လက်ကုသဖို့ ရန်ကုန်မှာ ရှေ့ပြေးစီမံချက်အဖြစ် စီစဉ်နေတယ်လို့ ရန်ကုန်တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။

ဒီဇင်ဘာ (၁၈) ရက်က ရန်ကုန်တိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ပြုလုပ်တဲ့ အွန်လိုင်းသတင်းစာရှင်းလင်းပွဲမှာ ရန်ကုန်တိုင်းပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်က ပြောကြားခဲ့ပါတယ်။



“ Pilot Project ဆိုတဲ့အတွက် အဓိကက အောင်မြင်အောင်ဆောင်ရွက်ဖို့ လိုပါတယ်။ ပြည်ထောင်စုဝန်ကြီးရဲ့ လမ်းညွှန်ချက်ကိုလည်း ကျွန်တော်တို့ သေသေချာချာမှတ်သားလိုက်နာ အကောင်အထည်ဖော်ဖို့လည်းရှိပါတယ်။ ဒီအတွက် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရော ကုသရေးဦးစီးဌာနရော ဒါတွေ အားလုံး ဝိုင်းပြီး စဉ်းစားပြီးတော့ ဝန်ကြီးရဲ့ လမ်းညွှန်ချက် အကောင်အထည်ဖော်ရေး ပြင်ဆင်နေတဲ့ အခြေအနေရှိပါတယ်လို့ ဒီလောက်ပဲဖြေနိုင်ပါသေးတယ်။ “ လို့ ဒေါက်တာထွန်းမြင့်ကဆိုပါတယ်။

ကိုဗစ်လူနာတွေကို အိမ်မှာပဲထားရှိကုသဖို့ ရှေ့ပြေးစီမံချက်ဆောင်ရွက်ရာမှာ ကဏ္ဍအားလုံးအဆင့်သင့်ဖြစ်မှ စတင်ဆောင်ရွက်မှာဖြစ်ပြီး ပြင်ဆင်နေတဲ့အခြေအနေမှာရှိနေသေးကြောင်း ဒေါက်တာထွန်းမြင့်က ပြောကြားခဲ့တာပါ။

ကိုဗစ်-၁၉ ကုသရေးဌာနတွေမှာ တက်ရောက်နေတဲ့ ကိုဗစ်ပိုးတွေ့လူနာတွေထဲက ရောဂါလက္ခဏာနှင့် ရောဂါအခံတို့ မရှိဘဲ သင့်တော်တဲ့ အိမ်အခြေအနေရှိတဲ့ သူတွေကို ကုသရေးဌာနတွေမှာ ရက်အတိုင်းအတာတစ်ခုထားရှိပြီး အိမ်မှာသီးခြားစောင့်ကြည့်ကာ Video call နဲ့ ပုံမှန်ဆက်သွယ်ပြီး ရောဂါအခြေအနေစောင့်ကြပ်မယ့် အစီအစဉ်ကို ရန်ကုန်တိုင်းမှာ ကနဦးရှေ့ပြေးစမ်းသပ်မှုပုံစံနဲ့ ဆောင်ရွက်ဖို့ိကို ဒေါက်တာမြင့်ထွေးက အကြံပြုမှာကြားထားတာဖြစ်ပါတယ်။

ဒီဇင်ဘာ (၁၅) ရက်က ပြုလုပ်တဲ့ ရန်ကုန်တိုင်းအတွင်းက ကိုဗစ်-၁၉ ကုသရေးဌာန (၁၄) ခုရဲ့ စီမံခန့်ခွဲမှု အုပ်ချုပ်မှု တာဝန်ခံဆရာဝန်ကြီးတွေနဲ့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးတို့ Video conferencing နဲ့ တွေ့ဆုံဆွေးနွေးရာမှာ အဆိုပါအစီအစဉ်ကို ထည့်သွင်းဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

နေအိမ်မှာ ကုသမှုပေးတဲ့အခါ လူနာနဲ့ လူနာရဲ့ မိသားစုတွေရဲ့ စည်းကမ်းလိုက်နာမှု အခြေအနေကို စောင့်ကြပ်ကြည့်ရှုဖို့ သက်ဆိုင်ရာမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်တွေနဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဝန်ထမ်းတွေက ဆောင်ရွက်စေလိုတယ်လို့လည်း ပြည်ထောင်စုဝန်ကြီးက ဆိုပါတယ်။

ဒါ့အပြင် လူနာရဲ့ ရောဂါအခြေအနေတွေကို စောင့်ကြပ်ကြည့်ရှုဖို့ အတွက် သက်ဆိုင်ရာမြို့နယ် ဆရာဝန်တွေက ဦးစီးတာဝန်ယူဆောင်ရွက်စေလိုတယ်လို့လည်း ဝန်ကြီး ဒေါက်တာမြင့်ထွေးက အကြံပြုခဲ့ပါတယ်။

Share

Loading Next Article...
က္က