အမျိုးသမီးအလောင်းကို မနေ့ညနေက တွေ့ရှိခဲ့ပြီး အမျိုးသားအလောင်းကို ယနေ့မနက်မှာ တွေ့ရှိခဲ့ပါတယ်။

ငွေဆောင်ကမ်းခြေကို လာရောက်ရေကူးခဲ့တဲ့ အမျိုးသမီးနဲ့ အမျိုးသား ချစ်သူစုံတွဲ ရေနစ်သေဆုံးမှု ဒီဇင်ဘာလ ၁၉ ရက်နေ့က ဖြစ်ပွားခဲ့တယ်လို့ ငွေဆောင်မြို့အုပ်ချုပ်ရေးမှုးရုံးကနေ သိရပါတယ်။



ငွေဆောင်ကို အလုပ်လုပ်ဖို့လာတယ်ဆိုတဲ့ ထောက်ခံချက်နဲ့ဝင်ရောက်လာပြီး ရေဆင်းကူးရာကနေ ရေနစ်သေဆုံးခဲ့တာဖြစ်ကြောင်း၊ အမျိုးသမီးအလောင်းကို မနေ့(ဒီဇင်ဘာလ ၁၉ ရက်) ညနေမှာတွေ့ရှိခဲ့ရပြီး အမျိုးသားအလောင်းကိုတော့ ယနေ့ (ဒီဇင်ဘာလ ၂၀ ရက်) မနက်မှ တွေ့ရှိခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။

"မနေ့က သူတို့ဝင်လာတယ်။ နောက်သတင်းကြားလို့ မြေပြင်ကွင်းဆင်း ကြည့်တော့ အမျိုးသမီးအလောင်းကိုရှာဖွေတွေ့ရှိခဲ့တယ်။ ဒီနေ့မှာအမျိုးသားအလောင်းကို ရှာဖွေတွေ့ရှိခဲ့တယ်။သူတို့ကတော့ ငွေဆောင်ကို အလုပ်လာလုပ်တယ်ဆိုတဲ့ ထောက်ခံချက်နဲ့ ဝင်လာတာပေါ့။သူတို့ ရေဆင်းကူးတာတော့မသိလိုက်ဘူး။ နဂိုထဲက ငွေဆောင်ကမ်းခြေ ပိတ်ထားတယ်လို့ ကြေညာထားတယ်။ဒေသခံတွေကိုလည်းအသိပေးထားတယ်။ ခုလိုလာရင် အကြောင်းကြားဖို့၊ စစ်ဆေးရေးဂိတ်တွေကို ထပ်တင်းကြပ်ဖို့လုပ်ပါမယ်"လို့ ငွေဆောင်မြို့အုပ်ချုပ်ရေးမှုး ဦးဝင်းကျော်က ပြောပါတယ်။ 

ဓာတ်ပုံ - ကိုချစ်ဦး

ရေနစ်သေဆုံးသူ စုံတွဲဟာ ပုသိမ်မြို့  အမှတ် (၆)ရပ်ကွက်နဲ့ အမှတ် (၅) ရပ်ကွက်မှာ နေထိုင်သူတွေ ဖြစ်တယ်လို့သိရပါတယ်။သေဆုံးသူ ၂ ဦးစလုံးရဲ့ အလောင်းကို ပုသိမ်ကိုပြန်အလည်သယ်ဆောင်ပြီး သင်္ဂြိုလ်မှာဖြစ်တယ်လို့ သိရပါတယ်။

အခုလို ဖြစ်ရပ်မျိုး ထပ်ပြီးမဖြစ်စေဖို့အတွက် ငွေဆောင်စစ်ဆေးရေးဂိတ်တွေကို တင်းတင်းကြပ်ကြပ်လုပ်ဆောင်ဖို့ အစည်းဝေးခေါ်ယူထားလို ၊ ဒေသခံတွေအနေနဲ့လည်း ကမ်းခြေမှာ ခရီးသွားတွေ့ရှိပါက အကြောင်းကြားပေးဖို့ အသိပေးပြောဆိုထားတယ်လို့သိရပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့ထားသော သတင်းဖြစ်ပါသည်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က