ဓာတ်ရောင်ခြည်ဆေးကုဌာနမှာ သက်တမ်းလွန် ဘက်ထရီတစ်လုံးကနေ မီးလောင်မှု စတင်ဖြစ်ပွားခဲ့ပါတယ်။
Htar Htar Wai

အဆိုပါ မီးလောင်မှုက ရန်ကုန်ပြည်သူ့ဆေးရုံကြီး ၊ ဓာတ်ရောင်ခြည်ဆေးကုဌာန ၊ ဓာတ်ရောင်ခြည်ကုသစက် (Linear Accelerator) အတွက် Server အသုံးပြုဖို့ ချိတ်ဆက်ထားတဲ့ ဘက်ထရီတွေထားတဲ့အခန်းမှာ ဖြစ်ပွားခဲ့ပြီး သက်တမ်းလွန်ဘက်ထရီလောင်ကျွမ်းရာကနေ အနီးက အသုံးပြုနေဆဲ ဖော့တုံးအချို့ကို ကူးစက်ခဲ့တယ်လို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အဆိုပါ လောင်ကျွမ်းမှုကို ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံး ၊ ကျောက်တံတားမြို့နယ် မီးသတ်စခန်း ၊ လသာမြို့နယ် အရန်မီးသတ်တပ်ဖွဲ့တို့က မီးငြှိမ်းသတ်ယာဉ် ၅စီး ၊ ရေသယ်ယာဉ် ၂စီးတို့နဲ့ နေ့လယ် ၁နာရီ ၁၈မိနစ်မှာ ငြှိမ်းသတ်ခဲ့ပြီး ၁နာရီ ၂၀မိနစ်မှာ မီးငြိမ်းခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ-Phyo Min Thein Facebook Page ( ရန်ကုန်ပြည်သူ့ဆေးရုံကြီး ၊ မီးလောင်မှုဖြစ်ပွားရာနေရာကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း လာရောက်ကြည့်ရှုစဉ်)

မီးလောင်မှုကြောင့် လူထိခိုက်မှုမရှိခဲ့သလို ပျက်စီးဆုံးရှုံးမှုတန်ဖိုး ကျပ်တစ်သောင်းခန့်ဖြစ်ပြီး ပညာရေးဝန်ကြီးဌာန ၊အဏုမြူစွမ်းအင်ဌာနက စစ်ဆေးချက်အရ ဓာတ်ရောင်ခြည် လုံခြုံမှုနဲ့ပတ်သက်ပြီး ထိခိုက်မှုမရှိဘူးလို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အဆိုပါ မီးလောင်မှုဖြစ်ပွားပြီးတဲ့နောက်မှာတော့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းလည်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး ၊ မီးလောင်မှုဖြစ်ပွားရာနေရာကို လာရောက်ကြည့်ရှုခဲ့ပါတယ်။


Author


က္က