အစိုးရအနေနဲ့ ကိုဗစ်ကာလအတွင်း ကျဆင်းနေတဲ့ စီးပွားရေးအတွက် စီးပွားရေးအပေါ်ကုစားရေးကော်မတီဖွဲ့ကာ ထိခိုက်မှုသက်သာစေရန် ဆောင်ရွက်နေခဲ့ပါတယ်။

ကိုဗစ်-၁၉ကပ်ရောဂါရိုက်ခတ်မှုကြောင့် စီးပွားရေးလုပ်ငန်းတွေထိခိုက်မှုရှိနေပေမယ့်လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများဆက်လက်ရှိနေတဲ့အတွက် အခြေအနေကောင်းတစ်ရပ်ကို ဖန်တီးနိုင်လိမ့်မယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကပြောပါတယ်။ 

ဒီဇင်ဘာ ၂၀ရက်ကပြုလုပ်ခဲ့တဲ့ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI) ရဲ့၂၉ကြိမ်မြောက် နှစ်ပတ်လည်အသင်းသားစုံညီအခမ်းအနားမှာပြောကြားခဲ့တာပါ။ "ကျွန်မတို့နိုင်ငံအနေနဲ့ ကိုဗစ်-၁၉ကပ်ရောဂါကြောင့် စိန်ခေါ်မှုတွေကြုံတွေ့နေရပေမယ့်လည်း စီးပွားရေးနဲ့ဖွံ့ဖြိုးရေးအတွက် အလားအလာကောင်းတွေရှိနေတုန်းပါပဲ။ ကျွန်မတို့နိုင်ငံတည်ရှိနေတဲ့ အာရှဒေသဟာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအမြန်ဆုံးဒေသတွေထဲမှာပါဝင်နေခဲ့ပါတယ်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတွေလို့ဆိုရာမှာ ဖွံ့ဖြိုးပြီး အနောက်နိုင်ငံတွေကိုပဲ အများစု ညွှန်းဆိုလေ့ရှိခဲ့ကြပေမယ့် အာရှဒေသအတွင်းမှာလည်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွေအမှန်တကယ်ဖြစ်ပေါ်နေပါပြီ။ အာရှဒေသထဲကမြန်မာနိုင်ငံအနေနဲ့လည်း တိုးတက်မှုတွေဖြစ်ပေါ်ရရှိလာခဲ့ပါတယ်"လို့ ဒေါ်အောင်ဆန်းစုကြည်ကဆိုပါတယ်။ 



မြန်မာနိုင်ငံအနေနဲ့ အစီရင်ခံစာအရ "စီးပွားရေးလုပ်ဆောင်ရာတွင်လွယ်ကူချောမွေ့မှု ဆောင်ရွက်နိုင်မှုအဆင့်"သတ်မှတ်ချက်မှာလည်းတိုးတက်လာပြီး အဆင့်(၆)ဆင့်မြင့်တက်လာကာ တိုးတက်မှုအရှိဆုံးနိုင်ငံ(၂၀)စာရင်းမှာလည်းပါဝင်ခဲ့တယ်လို့သိရပါတယ်။ ယခု ဘဏ္ဍာရေးနှစ်မှာလည်း ပြည်ပရင်းနှီးမြှုပ်နှံမှုအဖြစ် အမေရိကန်ဒေါ်လာ ၅.၇ဘီလီယံနီးပါးရခဲ့ပြီး မျှော်မှန်းချက်ရဲ့၉၈ရာခိုင်နှုန်းနီးပါးရှိခဲ့တယ်လို့လည်း အတိုင်ပင်ခံကဆိုပါတယ်။

လာမယ့်နှစ်တွေမှာလည်း စိုက်ပျိုးရေး၊ လျှပ်စစ်နဲ့ စက်မှုဇန်အစရှိတဲ့ ကဏ္ဍတွေမှာ ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုတွေဆက်လက်ဝင်ရောက်လာမယ့်အခြေအနေတွေရှိနေတယ်လို့လည်း အသိပေးခဲ့ပါတယ်။ အစိုးရအနေနဲ့ကိုဗစ်ကာလအတွင်း ကျဆင်းနေတဲ့စီးပွားရေးအတွက် စီးပွားရေးအပေါ်ကုစားရေးကော်မတီဖွဲ့ကာထိခိုက်မှုသက်သာစေရန်အတွက် ငွေကျပ် ဘီလီယံ ၃၀၀၀နီးပါး၊ GDP ၄ရာခိုင်နှုန်းခန့် ကျခံသုံးစွဲထားတယ်လို့သိရပြီး ချေးငွေ ကျပ်ဘီလီယံ ၁၆၆ဘီလီယံကျော်ထုတ်ချေးပေးထားတယ်လို့လည်းသိရပါတယ်။ 

Share

Loading Next Article...
က္က