ပဲခူးမှာ တစ်နေ့ကို လူနာ ပျမ်းမျှ (၄၀)ဝန်းကျင်မှာတွေ့ရှိနေတာပါ။

ပဲခူးတိုင်းဒေသကြီးတစ်ခုလုံးမှာ ပဲခူးမြို့အနေနဲ့ ကိုဗစ်ပိုးကူးစက်မှု အများဆုံးဖြစ်သလို ကူးစက်မှုနှုန်းကိုလည်း ထိန်းချုပ်နေဆဲကာလဖြစ်လို့ လက်ရှိသတ်မှတ်ထားတဲ့ Stay at Home အစီအစဉ်ကို ပယ်ဖျက်နိုင်ဦးမှာ မဟုတ်သေးဘူးလို့ တာဝန်ရှိသူတွေက ဆိုပါတယ်။ 

ရန်ကုန်နဲ့ မန္တလေးပြီးရင် ပဲခူးကကူးစက်မှုအများဆုံးဖြစ်ပြီး လက်ရှိအခြေအနေအထိလည်း ကူးစက်မှုနှုန်းကိုလျော့နည်းလာအောင် ကြိုးစားနေဆဲ ကာလဖြစ်တယ်လို့ ပဲခူးဆေးရုံအုပ်ကြီး ဒေါက်တာရန်နိုင်မောင်က Duwun ကိုပြောပါတယ်။ 



“ လတ်တလောအခြေအနေကတော့ ထပ်ပြီးတော့ အများကြီးမပြန့်ပွားအောင် ထိန်းနိုင်တဲ့အနေအထားလေးဖြစ်တယ်။ ကူးစက်မှုနှုန်းကို ထိန်းချုပ်နိုင်အောင် ကြိုးစားနေဆဲကာလပေါ့။ ဒီလိုကာလမှာ ချမှတ်ထားတဲ့ ကိုဗစ်စည်းကမ်းတွေကို တင်းကြပ်ထားနိုင်မှဖြစ်မှာပါ။ အဓိက ပဲခူးတိုင်းဒေသကြီးရဲ့ ကူးစက်မှုမှာ ပဲခူးမြို့ကအများဆုံးဖြစ်တယ်။ ပဲခူးမြို့ရဲ့ ကူးစက်မှုကိုသာ ထိန်းချုပ်နိုင်ရင် ပဲခူးတိုင်းတစ်ခုလုံးရဲ့ ကူးစက်မှုကို ထိန်းချုပ်နိုင်မှာဖြစ်တယ်။ ပဲခူးရဲ့ အဓိကကူးစက်မှုကလည်း ဈေးနဲ့ စက်ရုံတွေဖြစ်လို့ ဒီနေရာတွေမှာ သေချာတင်းကြပ်ဂရုစိုက်ပြီး ထိန်းနိုင်ရင် ပဲခူးက Stay at Home ဖြေလျော့ထဲပါလာမှာပါ။ အခုရက်ပိုင်း ပဲခူးမြို့ရဲ့ ပိုးတွေ့မှုအနေအထားအရကတော့ လတ်တလောအနေအထားမှာ Stay at Home ကနေ ပယ်ဖျက်ဖို့တော့မရှိသေးပါဘူး”လို့ဒေါက်တာရန်နိုင်မောင်က ပြောပါတယ်။

ပဲခူးရဲ့ လူနာတွေ့ရှိမှုက တစ်နေ့ကို ပျမ်းမျှအားဖြင့် အယောက် (၄၀)ကျော်တွေ့ရှိနေတာဖြစ်ပြီး ယခု (၃)ရက်အတွင်းမှာတော့ (၄၀)အောက်ကျဆင်းလာပြီလို့ ကျန်းမာရေးနဲ့အားကစားဝန်ြ့ီးဌာနရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ ပဲခူးတိုင်းတစ်ခုလုံးရဲ့ ကိုဗစ်လူနာ (၆,၀၀၀)ကျော်မှာ ပဲခူးက (၂,၀၀၀)ကျော် ပါဝင်ပြီး သေဆုံးလူနာ (၂၀)မှာလည်း ပဲခူးက (၁၃)ဦးပါဝင်ပါတယ်။

ပဲခူးတိုင်းဒေသကြီးအတွင်းမှာ ပဲခူးမြို့အပါအဝင် Stay at Home မြို့နယ် (၃)မြို့နယ်ရှိပြီး ပဲခူးကလွဲလို့ သနပ်ပင်မြို့နယ်နဲ့ ကဝမြို့နယ်မှာတော့ ကူးစက်မှုနှုန်းထိန်းချုပ်လာနိုင်ပြီဖြစ်လို့ Stay at Home ကပယ်ဖျက်ဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ ဒေါက်တာရန်နိုင်မောင်ကပြောပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က