ငါးရာခိုင်နှုန်းအောက်ကျဆင်းလာတာဖြစ်ပြီး ယနေ့ပိုးတွေ့ရှိမှုနှုန်းက အနည်းဆုံးဖြစ်ပါတယ်။

ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ အတည်ပြုထုတ်ပြန်ချက်တွေအရ မြန်မာနိုင်ငံမှာ ကိုဗစ်ပိုးတွေ့ရှိနှုန်းဟာ ၅ရာခိုင်နှုန်းအောက်ကို လေးရက်ဆက်တိုက် ကျဆင်းလာတာဖြစ်ပြီး ဒါဟာဆိုရင် စက်တင်ဘာလလယ်ကစပြီး ပထမဆုံးအကြိမ် ဆက်တိုက်ကျဆင်းမှုလည်း ဖြစ်ပါတယ်။

ဒီဇင်ဘာလ ၁၈ရက်က စတင်ပြီး ဒီနေ့ ဒီဇင်ဘာလ ၂၁ရက်အထိ လေးရက်ဆက်တိုက် ပိုးတွေ့ရှိမှုနှုန်းက ၅ ရာခိုင်နှုန်းအောက်ကျဆင်းလာခဲ့ကာ ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ ပိုးတွေ့လူနာ ၁,၁၁၆ ဦး (ဓာတ်ခွဲနမူနာစစ်ဆေးမှု စုစုပေါင်းရဲ့ ၄.၆ ရာခိုင်နှုန်း) ၊ ၁၉ ရက်နေ့မှာ ၉၈၉ ဦး (၄.၄ ရာခိုင်နှုန်း)၊ ၂၀ ရက်နေ့မှာ ၉၄၇ ဦး (၄.၆ ရာခိုင်နှုန်း) နဲ့ ၂၁ ရက်နေ့မှာ ၈၄၈ ဦး (၄ ရာခိုင် နှုန်း) တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။



ပိုးတွေ့ရှိမှုနှုန်း ၅ ရာခိုင်နှုန်းအောက် ဆက်တိုက်ကျဆင်းလာမယ်ဆိုရင် ဖြေလျှော့မှုတွေ လုပ်ဆောင်နိုင်မယ်လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူက ဒီဇင်ဘာလ ၁၄ ရက်မှာ ဖြေကြားခဲ့ဖူးပါတယ်။

Photo-MOHS

" ကျွန်တော်တို့က အခုက ပိုးတွေ့ရှိမှုနူန်းက ၅ရာခိုင်နှုန်းအထက်မှာပဲ ရှိနေသေးတယ်။ ၆ရာခိုင်နှုန်း ပတ်ဝန်းကျင်တော့ ဖြစ်လာပါပြီ ။ ပိုးတွေ့ရှိနှုန်း ၅ရာခိုင်နှုန်းအောက် ကျလာရင် တော့ (ဖြေလျှော့မှုတွေ လုပ်ဖို့) ပိုပြီး မျှော်လင့်လို့ ရတာပေါ့နော်။ ပိုးတွေ့တဲ့နှုန်းက ၅ရာခိုင်နှုန်းအထက်ပဲ ဆိုရင်တော့ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေက သတိကြီးကြီးထားနေရဦးမှာပဲ ။ ၅ရာခိုင်နှုန်းအောက်ကျရင်တောင် ဘယ်လောက်အထိကျမလဲ ။ ကျပြီးတဲ့နှုန်းက ပြန်မတက်သွားဖို့ ဒါတွေစောင့်ကြည့်ရဦးမှာ " လို့ ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးအသိပညာ မြှင့်တင်ရေးဌာန ၊ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက Duwun ကို ဒီဇင်ဘာလ ၁၄ရက်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ အတည်ပြုထုတ်ပြန်ချက်အရ ဒီဇင်ဘာလ ၁ရက်ကနေ ၂၁ ရက်အထိ ပိုးတွေ့ရှိမှုနှုန်းကအရ တစ်ရက်လျှင် ပျှမ်းမျှ ၅.၈ ရာခိုင်နှုန်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ကိုဗစ်စတင်ဖြစ်ချိန်ကကစပြီး ယခုအချိန်အထိ ဓာတ်ခွဲနမူနာစစ်ဆေးမှု စုစုပေါင်း ၁,၆၁၅,၆၇၂ ရှိပြီး အတည်ပြုလူနာစုစုပေါင်းက ၁၁၆,၉၈၂ ရှိတဲ့အတွက် ပိုးတွေ့ရှိမှုနှုန်းက တစ်ရက်ကို ပျမ်းမျှ ၇.၂ ရာခိုင်နှုန်းရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က