သွားရောက်ကူညီတဲ့ ပရဟိတအဖွဲ့ဝင် (၇)ဦး ကွာရန်တင်းဝင်နေရတယ်လို့သိရပါတယ်။

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ ၊ သာကေတရပ်ကွက်က ဘေးမဲ့ကျောင်းတစ်ကျောင်းမှာ သတင်းသုံးနေထိုင်တဲ့ သီလရှင်တစ်ပါး ဒီဇင်ဘာလ (၂၁)ရက်နေ့က ကြိုးဆွဲချသေဆုံးမှု ဖြစ်ပွါးခဲ့ပါတယ်။

သေဆုံးခဲ့တဲ့ သီလရှင်ရဲ့ ရုပ်အလောင်းကို မြိတ်မြို့ပရဟိတအဖွဲ့တွေက သွားရောက်သယ်ဆောင်ကာ ဆေးရုံကို ပို့ဆောင်ပေးခဲ့ပြီး ဆရာလေးရုပ်အလောင်း ကိုဗစ်ပိုး ရှိ၊ မရှိ စစ်ဆေးရာမှာ ကိုဗစ်ပိုးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ 



“ ကြိုးဆွဲချ သေဆုံးတယ်ကြားတော့ ပရဟိတအဖွဲ့တွေသွားရောက်ကူညီတယ်။ ပြီးတော့ ရုပ်အလောင်းကို ဆေးရုံကိုပို့တယ်။ ဆေးရုံမှာ ပိုးရှိ ၊မရှိ စစ်တော့ positiveဖြစ်တယ်။ အဲဒါနဲ့ သူ့ကို သွားရောက်ကူညီဆောင်ရွက်ပေးတဲ့ ပရဟိတအဖွဲ့တွေက (၇)ဦးနဲ့ သေဆုံးသူ ဆရာလေးနဲ့ အတူတူနေတဲ့သူ (၁)ဦး အားလုံး (၈)ဦး ကွာရန်တင်းဝင်ရတာပေါ့”လို့ မြိတ်မြို့နယ် ကျန်းမာရေးမှူး ဒေါက်တာဇင်ကိုအောင်က Duwun ကိုပြောပါတယ်။

သေဆုံးသူ ဆရာလေးက အသက် (၅၈)နှစ်အရွယ်ဖြစ်ပြီး သူသီတင်းသုံးနေထိုင်တဲ့ကျောင်းကနေ လွန်ခဲ့တဲ့ (၄)လ ၊ (၅)လလောက်ကတည်းက ဆွမ်းဒကာနေအိမ်ကို ပြောင်းရွေ့နေထိုင်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ကြိုးဆွဲချ မသေဆုံးခင်မှာလည်း ကျန်းမာရေးချို့တဲ့နေသူတစ်ဦးလည်းဖြစ်တယ်လို့သိရပါတယ်။  ဒီဇင်ဘာလ (၂၁)ရက်နေ့မှာတော့ သူနေထိုင်ရာ နေအိမ်ရဲ့ ရေချိုးခန်းအတွင်းမှာ ကြိုးဆွဲချ သေဆုံးခဲ့တာဖြစ်တယ်လို့ မြိတ်မြို့နယ်ကျန်းမာရေးမှူးက အတည်ပြုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က