ပန်းခြံအချို့ကို ဒီဇင်ဘာ (၂၁) ရက်ကနေ (၃၁) ရက်အထိ ယာယီပိတ်ထားလိုက်တာပါ

ခရစ္စမတ်နဲ့ နှစ်သစ်ကူးကာလအတွင်း လူစုလူဝေးမဖြစ်စေဖို့ ရန်ကုန်မြို့ရဲ့ အပန်းဖြေနေရာတွေ ဖြစ်တဲ့ အင်းလျားကန်ဘောင်အပါအဝင် ပန်းခြံတွေအားလုံးကို ပိတ်လိုက်ပြီး လူတွေ နောက်ထပ်မလာနိုင်အောင် လုံခြုံရေးထား စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

အင်းလျားကန်ဘောင်မှာဆိုရင် နေ့စဉ် မနက် (၄) နာရီကနေ ည (၁၀) နာရီအထိ ရဲတပ်ဖွဲ့ ၊ ရန်ကုန်မြို့တော်စည်ပင်နဲ့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနကနေပြီးတော့ လုံခြုံရေးအင်အား (၁၀၀) ကျော် စောင့်ကြည့်နေပြီး လူတွေ လာရောက်တာ တွေ့ရှိပါက တားမြစ်သွားမှာဖြစ်တယ်လို့ ကမာရွတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးက Duwun ကိုပြောပါတယ်။



“ ကျွန်တော်တို့ အနေနဲ့ လူတွေ မလာဖို့ မေတ္တာရပ်ခံထားတယ်။ လုံခြုံရေးအင်အား (၁၀၀) ကျော်နဲ့လည်း နေ့စဉ် စောင့်ကြည့်သွားမယ်။ စည်ပင်ကနေလည်း ပန်းခြံတွေမှာ မလာရဆိုပြီးတော့ ကြိုးတန်းတွေနဲ့တား ထားတယ်။ တစ်ကယ်လို့ လာတဲ့သူတွေ တွေ့ခဲ့ရင်လည်း ပြန်လွှတ်မှာပေါ့"”လို့ ဦးသိန်းဇော်ဦးက ဆိုပါတယ်။

ရန်ကုန်မြို့ရဲ့ အထင်ကရနေရာဖြစ်တဲ့အင်းလျားကန်ဘောင်၊ ပြည်သူ့ဥယျာဉ်၊ တိရစ္ဆာန်ဥယျာဉ်နဲ့ ကစားကွင်းပန်းခြံအချို့ကို ဒီဇင်ဘာ (၂၁) ရက်ကနေ (၃၁) ရက်အထိ ယာယီပိတ်ထားလိုက်ပြီး ပန်းခြံတွေအရှေ့မှာလည်း ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ ကူးစက်မှုများလာတာကြောင့် ပန်းခြံကို ခေတ္တပိတ်ထားကြောင်း အသိပေးစာတွေ ထုတ်ပြန်ထားပါတယ်။

 ကိုဗစ်-၁၉ ကူးစက်မှု အများဆုံးဖြစ်တဲ့ ရန်ကုန်တိုင်းအတွင်းက ခရစ္စမတ်နဲ့ နှစ်သစ်ကူးကာလအတွင်းမှာ Stay at Home ကိုတင်းတင်းကြပ်ကြပ်လုပ်ဆောင်မယ်လို့လည်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က