မီးလောင်ကျွမ်းမှုကို Level 2 အဆင့်နဲ့ မီးငြှိမ်းသတ်နိုင်ခဲ့

မန္တလေး မဟာအောင်မြေမြို့နယ်ထဲက ဝေဖာထုတ်လုပ်တဲ့အလုပ်ရုံမှာ ဒီဇင်ဘာ၂၃ရက်(ယနေ့)မနက်အစောပိုင်းက မီးလောင်ကျွမ်းမှုဖြစ်ခဲ့ရာမှာ အလုပ်ရုံနဲ့နေအိမ်အပါအဝင် အိမ်စီးကား နှစ်စီးနဲ့ ဆိုင်ကယ် လေးစီးပျက်စီးဆုံးရှုံးခဲ့ပြီးကာလတန်ဖိုးအားဖြင့် သိန်းရာချီဆုံးရှုံးမှုဖြစ်ပေါ်ခဲ့တယ်လို့သိရပါတယ်။ 

မဟာအောင်မြေမြို့နယ် အုတ်ကျင်းရပ်၊ သံလျက်မှော်အနောက်ရပ်ကွက် အကွက်အမှတ် ၄၀၅ အေ၊ ဝေဖာထုတ်လုပ်တဲ့အလုပ်ရုံမှာ မနက် ၁နာရီ၄၀မိနစ်ခန့်က စတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး နေအိမ်အလုပ်ရုံအတွင်းရှိ ဝေဖာထုပ်တွေကို ထပ်ပြီးအပူပေးထားစဉ် အပူအောင်းပြီးမီးစတင်လောင်ကျွမ်းခဲ့တာဖြစ်တယ်လို့ နယ်မြေအပိုင် အမှတ်(၇)ရဲစခန်းကရရှိတဲ့မီးသတင်းမှတ်တမ်းအရသိရပါတယ်။

မီးလောင်ကျွမ်းမှုကို Level 2 အဆင့်နဲ့ မီးငြှိမ်းသတ်နိုင်ခဲ့ပြီး မနက် ၂နာရီ ၅မိနစ် မှာ မီးငြိမ်းခဲ့ကြောင်း၊ မီးလောင်မှုကြောင့် ၂၅ ပေ ပေ ၄၀ သွပ်မိုးပျဉ်ထောင်နေအိမ်၁ လုံး၊ ပေ ၂၀ ပတ်လည်သွပ်မိုးထရံကာအလုပ်ရုံတစ်လုံး၊ နေအိမ်ထဲရပ်ထားတဲ့ Mark II ကားတစ်စီးနဲ့ Toyota HiAce ကားတစ်စီး၊ ဆိုင်ကယ် စီးစီး ပျက်စီးဆုံရှုံးခဲ့ကြောင်း လည်း အဆိုပါမီးသတင်းမှတ်တမ်းမှာဖော်ပြထားပါတယ်။

မီးလောင်မှုနဲ့ပတ်သက်လို့ နေအိမ်အလုပ်ရုံပိုင်ရှင်အမျိုးသားကို အမှတ်(၇)ရဲစခန်းက (ပ)၅၀၁/၂၀၂၀ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။



က္က