နေထိုင်မှုပုံစံသစ်ရဲ့ စည်းမျည်းစည်းကမ်းလိုက်နာမှုနဲ့ ပိုးတွေ့နှုန်းအပေါ်မူတည်ပြီး ဖြေလျှော့မှုတွေ လုပ်ဆောင်ဖို့ စီစဉ်ထားတယ်လို့သိရပါတယ်။
Htar Htar Wai

ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက နေထိုင်မှုနေထိုင်မှုပုံစံသစ်နဲ့ လုပ်ငန်းတွေဆောင်ရွက်နိုင်ရေး ကြိုးပမ်းကြဖို့အတွက်ထုတ်ပြန်ခဲ့ပေမယ့် ဒါဟာ ကန့်သတ်ချက်တွေကို ချက်ချင်းဖြေလျှော့မယ့် အဓိပ္ပါယ်မဟုတ်ဘူးလို့ ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူက ပြောပါတယ်။

နေထိုင်မှုပုံစံသစ်နဲ့ လုပ်ငန်းတွေဆောင်ရွက်နိုင်ရေး ကြိုးပမ်းကြဖို့ ထုတ်ပြန်ချက်ထွက်ပေါ်လာအပြီးမှာ လူထုက ဒါဟာ သတ်မှတ်ချက်တွေကို ဖြေလျှော့ပြီး အရာရာ ပုံမှန်အတိုင်း ပြန်လည်ပတ်နိုင်မယ်လို့ မျှော်လင့်နေကြတဲ့အတွက် ကျန်းမာရေးတာဝန်ရှိသူက ပြန်လည်ဖြေရှင်းခဲ့တာပါ။

" တစ်ခါထဲ အကုန်ပြန်ဖွင့်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ ။ တဖြည်းဖြည်းချင်းပဲသွားလို့ရမှာ ။ အကုန်လုံးပြန်လည် ပတ်ဖို့ဆိုတဲ့ ကိစ္စက ရောဂါဖြစ်ပွားမှု ကျဆင်းဖို့လည်းလိုတယ်။လူတွေရဲ့ လိုက်နာမှုလည်း အားကောင်းဖို့ လည်း လိုတယ်။ ဒီ new normal (နေထိုင်မှုပုံစံသစ်) ကြီးနဲ့ အသားကျဖို့လိုတယ်။အဲဒီတော့မှပဲ တဖြည်းဖြည်းချင်း ဖွင့်ဖို့လုပ်ရမှာပေါ့။တန်းပြီးအားလုံးဖွင့်ပြီး လူတွေက မလိုက်နာဘူးဆို ဒုက္ခရောက်မှာလေ။လိုက်နာပြီး နေထိုင်သွားကြဖို့ ၊ ကိုဗစ်ဆိုတာ ကျွန်တော်တို့နဲ့ တော်တော်ကြီးကို နှစ်တွေတော်တော်များများ ရှိနိုင်တဲ့ အနေအထား ဖြစ်သွား တာပေါ့။ကိုဗစ်က ကမ္ဘာကနေ ချက်ချင်းပျောက်ကွယ်သွားမှာ မဟုတ်လို့ ဒီ new normal(နေထိုင်မှုပုံစံသစ်) နဲ့ တတ်နိုင်သမျှ နေထိုင်သွားကြရအောင်ဆိုတဲ့ သဘောမျိုးပါ " လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန ၊ ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာန ၊ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက Duwun ကို ပြောပါတယ်။

ဒီလို ဖြေလျှော့မှုတွေလုပ်ဆောင်နိုင်ဖို့ လူထုအနေနဲ့ နေထိုင်မှုပုံစံသစ်အတွက် ကိုဗစ်ကာကွယ်ရေး စည်းမျဉ်းစည်းကမ်းတွေကို ကျန်းမာရေးသတိနဲ့ လိုက်နာကြရင် မြန်မာနိုင်ငံက ကိုဗစ်ကို အောင်နိုင်တဲ့ နိုင်ငံဖြစ်လာနိုင်မယ်လို့လည်း ဒေါက်တာသန်းနိုင်စိုးက ပြောပါတယ်။

" ကိုဗစ်ကိုလည်း new normal(နေထိုင်မှုပုံစံသစ်) ပေါ့နော် ။ mask တပ်ခြင်း ၊ ခပ်ခွာခွာနေခြင်း ၊ လက်ဆေးခြင်း ဒီသုံးခုကိုသာ ကျင့်သုံးမယ်ဆိုရင် ဘယ်လိုမှ ရောဂါဝင်ရောက်ကူးစက် နိုင်စရာ မရှိဘူး။တစ်ယောက်နဲ့တစ်ယောက် အသိပေးခြင်း ၊ သတိပေးခြင်း ၊ စည်းမျည်းစည်းကမ်းတွေကို လိုက်နာခြင်းက အင်မတန်အရေးပါတယ်။ကျန်းမာရေးသတိနဲ့ ကာကွယ်ရေး နည်းလမ်းတွေကို လိုက်နာကြမယ်ဆိုရင် ကိုဗစ်ကို အောင်နိုင်တဲ့ နိုင်ငံတောင် ဖြစ်လာနိုင်တယ် ။ထုတ်ပြန်ချက်ရဲ့ နံပါတ်လေးမှာပါတဲ့ လူတွေအချင်းချင်း တစ်ယောက်က မေ့နေရင်တောင် တစ်ယောက်က သတိပေးဖို့ ဒါဟာ အလွန်အရေးကြီးပါတယ် " လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန ၊ ကျန်းမာရေးအသိပညာမြှင့်တင်ရေး ဌာန ၊ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက Duwun ကို ပြောပါတယ်။

ကိုဗစ်-၁၉ရောဂါက ရာသီတုပ်ကွေးကဲ့သို့ ကမ္ဘာမှာ နှစ်ပေါင်းများစွာ ဆက်လက်ကူးစက်မှာေ နမှာဖြစ်တဲ့အပြင် ကာကွယ်ဆေးတွေကလည်း အချိန်ကာလဘယ်လောက်အထိ ကာကွယ်နိုင်စွမ်းရှိမယ်ဆိုတာကို အတိအကျမပြောနိုင်သေးဘူးလို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဒါကြောင့် စီးပွားရေး ၊ လူမှုရေး ၊ ပညာရေး ၊ ကျန်းမာရေးအစရှိတဲ့ ကဏ္ဍအသီးကို ပုံမှန်အတိုင်းြ ပန်လည်ေ ဆာင်ရွက်နိုင်ကြဖို့ စဉ်းစားကြံဆရမှာဖြစ်ပြီး ပြည်သူတွေအနေနဲ့ နေ့စဉ်လူမှုဘ၀ လုပ်ငန်းဆောင်တာတွေမှာ ပါးစပ်နဲ့နှာခေါင်းစည်း (mask) စနစ်တကျတပ်ဆင်ဖို့ ၊ တစ်ဦးနဲ့တစ်ဦးခပ်ခွာခွာနေထိုင်ဖို့ ၊ မကြာခဏ လက်ဆေးဖို့ နဲ့ တစ်ဦးကိုတစ်ဦး အသိပေး သတိပေးနေထိုင်ပြီး ကိုဗစ်၁၉နဲ့အတူ ယှဉ်တွဲကာ လုပ်ငန်းဆောင်တာတွေကို ဆောင်ရွက်ကြရမယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ဒီဇင်ဘာလ ၂၂ရက်က ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။




Author


က္က