အထည်ချုပ်အလုပ်သမားတွေနဲ့ ဆောက်လုပ်ရေးနေ့စားသမားတွေ အများဆုံးပါဝင်ပါတယ်။

၂၀၂၀ခုနှစ်အတွင်း ကိုဗစ်ကြောင့် နိုင်ငံအတွင်း အလုပ်လက်မဲ့ဖြစ်သွားခဲ့တဲ့အလုပ်သမားဦးရေ သုံးသိန်းကျော်ရှိတယ်လို့ အလုပ်သမား သမဂ္ဂအဖွဲ့ချုပ်ထံမှ သိရပါတယ်။

အဓိက အလုပ်လက်မဲ့ဖြစ်သွားတဲ့ အလုပ်သမားတွေမှာ ဆောက်လုပ်ရေးနေ့စားအလုပ်သများတွေနဲ့ အထည်ချုပ်စက်ရုံအလုပ်သမားတွေ အများစုပါဝင်တယ်လို့ အလုပ်သမား သမဂ္ဂအဖွဲ့ချုပ်မှ ဦးရဲဝင်းထွန်းက Duwun ကိုပြောပါတယ်။



“ပြီးခဲ့တဲ့ ရက်ကအထိ ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်စာရင်းအရဆိုရင် ဒီကိုဗစ်ကာလအတွင်းမှာ အလုပ်လက်မဲ့ဖြစ်သွားတဲ့ စက်ရုံအလုပ်ရုံဝန်ထမ်းတွေ သုံးသိန်းကျော်ထိရှိတယ်လို့သိရတယ်။ ဒါကသူတို့ဆီရောက်လာတဲ့စာရင်းအရပေါ့နော်။ ကျွန်တော်တို့ဘက်ကတော့ အလုပ်လက်မဲ့ဖြစ်သွားတဲ့ ဝန်ထမ်းတွေအတွက် ဥပဒေနဲ့အညီ သူတို့ရပိုင်ခွင့်တွေရရှိအောင်တော့ ဆောင်ရွက်ပေးတာတွေတော့ရှိပါတယ်”လို့ ဦးရဲဝင်းထွန်းက ပြောပါတယ်။ 

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်မှုနှုန်းမြင့်မားခဲ့တဲ့ ဧပြီလနဲ့ မေလအတွင်းမှာ ရန်ကုန်အပါအဝင် တစ်နိုင်ငံလုံးနီးပါး Stay at Home အစီအစဉ်လုပ်ခဲ့လို့ လုပ်ငန်းအားလုံးရပ်နားခဲ့ရကာ အလုပ်လက်မဲ့အလုပ်သမားတွေရှိလာခဲ့ပါတယ်။နောက်ပိုင်းဖြေလျော့မှုတွေကြောင့် စည်းကမ်းချက်နဲ့ ကိုက်ညီတဲ့ စက်ရုံအလုပ်ရုံတွေပြန်ဖွင့်နိုင်ခဲ့ပေမယ့်လည်း ကိုဗစ်-၁၉ ဂယက်ကြောင့် ကုန်စည်စီးဆင်းမှုတွေ မလည်ပတ်နိုင်တဲ့အတွက် အပြီးတိုင်ပိတ်သိမ်းခဲ့ရတဲ့ စက်ရုံအလုပ်ရုံတွေလည်း ရှိခဲ့ပါတယ်။ ပိတ်သိမ်းခဲ့ရတဲ့ စက်ရုံတွေက ဝန်ထမ်းတွေရဲ့ ရပိုင်ခွင့်တွေနဲ့ ပတ်သက်လို့ အလုပ်သမား သမဂ္ဂအဖွဲ့ချုပ်ကပဲ ကူညီဆောင်ရွက်ပေးလျှက်ရှိပါတယ်။

နိုင်ငံတွင်း ကိုဗစ်-၁၉ ဂယက်ကြောင့် အထိနာခဲ့ရတဲ့သူတွေထဲမှာ တစ်နေ့လုပ်တစ်နေ့စား နေ့စားသမားတွေနဲ့ စက်ရုံအလုပ်ရုံ ဝန်ထမ်းတွေလည်းအများစုပါဝင်တယ်လို့လည်းသတင်းတွေအရ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က