နေပြည်တော်က ဝန်ထမ်းတွေ နေထိုင်တဲ့ သဇင်ဆောင် (လူပျိုဆောင်) မှာ ပိုးစတင်တွေ့ရှိတာပါ။

လွန်ခဲ့တဲ့ (၃)ရက်လောက်ကတည်းက နေပြည်တော် သဇင်ဆောင် (လူပျိုဆောင်)မှာ နေထိုင်တဲ့ ဝန်ထမ်းတွေမှာ ကိုဗစ်တွေ့ရှိခဲ့တာဖြစ်ပြီး ပိုးတွေ့ရှိသူတွေထံမှာ သမ္မတရုံးဝန်ထမ်းတွေလည်း ပါဝင်နေပါတယ်။

ပိုးတွေ့ရှိသူ ၁၂ ဦးရှိပြီး ၉ ဦးက သမ္မတရုံးဝန်ထမ်းတွေလို့ သိရပြီး ထိတွေ့စပ်ဆက်မှုရှိနိုင်တဲ့ အယောက် (၈၀)ကျော်ကိုလည်း ကိုဗစ်ပိုး ရှိ၊မရှိ ထပ်မံစစ်ဆေးသွားမယ်လို ဆိုပါတယ်။



“ စပြီးပိုးတွေ့တဲ့ ဝန်ထမ်းကတော့ သမ္မတရုံးကဝန်ထမ်းမဟုတ်ပါဘူး။ ရိုးရိုးဝန်ထမ်းပါ။ ဝန်ကြီးဌာပေါင်းစုံကနေထိုင်တဲ့အဆောင်ပေါ့။ သမ္မတရုံးကဝန်ထမ်းတွေလည်းနေတဲ့အတွက် သမ္မတရုံးတစ်ရုံးလုံးကိုစစ်မှာပါ။ လူနာနဲ့ ထိတွေ့မှုရှိထားတဲ့ ရုံးအလိုက်ဝန်ထမ်းတွေကိုလည်း စစ်သွားမှာပါ”လို့ နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ မြတ်ဝဏ္ဏစိုးက Duwunကိုပြောပါတယ်။ 

ပထမဆုံးပိုးတွေ့ရှိမှုက အဆိုပါသဇင်ဆောင်မှာ နေထိုင်တဲ့ လွှတ်တော်ဝန်ထမ်း (၃)ဦးမှာ စတင်တွေ့ရှိခဲ့တာပါ။ အဲဒီကစလို့ အဆောင်ကို lock down ပြုလုပ်ခဲ့ပြီး နောက်ထပ် အဲဒီအဆောင်မှာနေတဲ့ သမ္မတရုံးဝန်ထမ်းတစ်ဦးလည်း အနံ့ပျောက်လို့ စစ်ဆေးရာကနေ ပိုးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

“ အဆောင်တစ်ခုလုံးကို lockdown ချထားရာကနေ အားလုံးစစ်တော့ နောက်ထပ် သမ္မတရုံးကဝန်ထမ်း (၈)ဦးမှာ ထပ်တွေ့တယ်။ အခုထပ်တွေ့တဲ့ positive (၈)ဦးနဲ့ထိစပ်မှုရှိတဲ့သူတွေကိုလည်းစစ်ဆေးနေပါတယ်။ ဝန်ကြီးရုံးအပါအဝင် အားလုံးစုစုပေါင်း (၈၀)အထိဆက်ပြီးစစ်ဆေးမှာပါ”လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကပြောပါတယ်။

လက်ရှိ အဆိုပါသဇင်ဆောင်ကနေ ကိုဗစ်လူနာ (၁၂)ဦးထိတွေ့ရှိထားပြီး သမ္မရုံးကဝန်ထမ်း (၉)ဦးပါဝင်ပါတယ်။ ပိုးတွေ့ထားတဲ့ ဝန်ထမ်းတွေကလည်း လူကြီးတွေနဲ့ တိုက်ရိုက်ထိတွေ့ဆက်ဆံရတဲ့မဟုတ်တဲ့အတွက် စိုးရိမ်စရာတော့မရှိဘူးလို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က