(၁)ဦးက ဆေးရုံတင်ထားရပါတယ်။
Ei Ei Htun

ဒီဇင်ဘာလ (၂၃)ရက်နေ့ ညနေပိုင်းက ဖားကန့် ရတနာမြေအတွင်းရှိ ကျောက်စိမ်းတောင် လုပ်ကွက်မှာ ကမ်းပါးပြိုကျမှုကြောင့် ရေမဆေးကျောက်ရှာဖွေသူ (၄)ဦးသေဆုံးခဲ့ပြီး (၁)ဦးဆေးရုံတင်ထားရတယ်လို့ သိရပါတယ်။

အဆိုပါ လူ(၅)ဦးဟာ လုပ်ကွက်အတွင်း ရေမဆေးကျောက်ရှာဖွေနေစဉ်မှာ ပေ (၃၀၀)ကျော်အမြင့်ရှိတဲ့ ကမ်းပါးပြိုကျခဲ့တာ ဖြစ်တယ်လို့ ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဉာဏ်လင်းအောင်က Duwunကိုပြောပါတယ်။

“ မနေ့က ညနေ (၄)နာရီကျော်လောက်မှာဖြစ်တာ။ ဖြစ်တဲ့နေရာက မှော်ဝမ်းရွာ ကျောင်စိမ်းတောင်လုပ်ကွက်မှာဖြစ်တာ။ ရေမဆေးကျောက်ရှာဖွေနေတဲ့ အချိန်မှာ ကမ်းပါးပြိုကျတော့ အောက်ကရေမဆေးကျောက်သမားတွေကိုသွားထိတာပေါ့။ (၄)ဦးကတော့ ရေထဲပြုတ်ကျသွားတယ်။ အလောင်းတွေတော့မတွေ့သေးဘူး ခုထိရှာဖွေနေဆဲ။ ဒဏ်ရာရတဲ့သူက (၁)ဦးပါ”လို့ ဦးဉာဏ်လင်းအောင်ကပြောပါတယ်။

ဒဏ်ရာရရှိတဲ့ သူ (၁)ဦးကိုတော့ ဖားကန့်ပြည်သူ့ဆေးရုံကိုပို့ဆောင်ကာ ဆေးကုသမှုပေးလျှက်ရှိပါတယ်။ သေဆုံးသူ (၄)ဦးရဲ့ အလောင်းကိုတော့ မနေ့က ဖြစ်စဉ်ဖြစ်ပွားခဲ့စဉ်ကတည်းက ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နဲ့ အုပ်ချုပ်ရေးတာဝန်ရှိသူတွေအပါအဝင် လူမှုရေးအဖွဲ့အစည်းတွေနဲ့ ရှာဖွေရေးလုပ်ခဲ့ရာမှာ ဒီကနေ့မွန်းလွဲ (၁၂)နာရီကျော်ထိ အလောင်းတွေကိုရှာဖွေမတွေ့ရှိသေးဘူးလို့ဆိုပါတယ်။

သေဆုံးသူ (၄)ဦးမှာတော့ အသက် (၂၀)ကျော်အရွယ်အမျိုးသား နှစ်ဦးနဲ့ အသက် (၃၀)ကျော်အမျိုးသားနှစ်ဦးပါဝင်တယ်လို့သိရပါတယ်။ ဖားကန့်မှာ မြေပြိုမှုဖြစ်စဉ်က မကြာခဏဖြစ်ပွားလေ့ရှိသလို သေဆုံးမှုတွေလည်းရှိခဲ့ပြီး ဒီနှစ်အတွင်းမှာပဲ ဇူလိုင်လအတွင်းက ဖြစ်ပွားခဲ့တဲ့ လူရာကျော်သေဆုံးခဲ့တဲ့ ကျောက်စိမ်းလုပ်ကွက်ဟောင်းတစ်ခု ပြိုကျမှုက အဆိုးရွားဆုံးဖြစ်စဉ်ဖြစ်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က