ကိုဗစ်စည်းကမ်းနဲ့အညီ ဖွင့်လှစ်ရေး စိစစ်နိုင်ဖို့ တင်ပြဆောင်ရွက်ထားပါတယ်။

ကိုဗစ်ကူးစက်မှု ဒုတိအကြိမ် ပြန်လည်မြင့်တက်လာချိန်ကတည်းက ရန်ကုန်တိုင်းဒေသကြီးအတွင်းက Stay at Home အကျုံးဝင် မြို့နယ်တွေမှာ အစားအသောက်နဲ့ ဆေးဝါးရောင်းချမှုကလွဲပြီး အခြားဈေးကြီးတွေကို ယာယီပိတ်ထားခဲ့တာ ဖြစ်ပါတယ်။

မင်္ဂလာတောင်ညွန့်မြို့နယ်မှာဆိုရင်လည်း အစားအသောက်ရောင်းချတဲ့ ဈေးတွေကလွဲပြီး အခြားဈေးကြီးေ တွကို ယာယီပိတ်ထားခဲ့ရာကနေ ဇန်နဝါရီလ ၆ရက်မှာတော့ ယုဇနပလာဇာကို ပြန်လည် ဖွင့်လှစ်မယ်လို့ သိရပါတယ်။



" ၆ရက်နေ့ ပြန်ဖွင့်မယ်လို့ သူတို့ဘက်က စီစဉ်ထားတာပေါ့နော်။ကုမ္ပဏီဘက်က social distancing ၊ ကျန်းမာရေးနဲ့ ကိုက်ညီမယ့် အခြေအနေအကုန်လုံးကို သူက စီစဉ်ဆောင်ရွက် ထားပြီးတော့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီကို လမ်းညွှန်ချက်ပေးပါဆိုပြီး တောင်းခံထားတာပေါ့။ ၆ရက်နေ့ ဖွင့်ခွင့် တောင်းတာ မဟုတ်ပါဘူး။ ပြန်ဖွင့်မယ် ၊ ဖွင့်တဲ့အပေါ်မှာ လိုအပ်တဲ့ လမ်းညွှန်ချက်တွေပေးဖို့ဆိုပြီး တင်ပြ လိုက်တာပါ။ ဖွင့်ဖို့မတိုင်ခင်မှာ သက်ဆိုင်ရာကနေ သူတို့ကို လာရောက်စစ်ဆေးပေးပြီး လိုအပ်ချက်တွေရှိရင် လမ်းညွှန်ပေးရမယ်။ အဲဒီလမ်းညွှန်ချက်ကို သူတို့ တောင်းထားတာပါ " လို့ မင်္ဂလာတောင်ညွန့်မြို့နယ် ၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးလှဌေးက Duwun ကို ပြောပါတယ်။

ဒါကြောင့် ကိုဗစ်စည်းကမ်းတွေနဲ့အညီ ယုဇနပလာဇာဖွင့်လှစ်နိုင်ရေးအတွက် ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီနဲ့ မင်္ဂလာတောင်ညွန့်မြို့နယ် ကိုဗစ်ကော်မတီက သွားရောက် စစ်ဆေးမှာ ဖြစ်တယ်လို့ သိရပါတယ်။

" စစ်ပြီးတော့ ကျန်းမာရေးနဲ့ ကိုက်ညီအောင် လိုအပ်ရင်လည်း ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတဲ့ လိုအပ်တဲ့ အချက်အလက်တွေ ပြောမှာဖြစ်ပါတယ်။ပလာဇာတို့ ဘာတို့ဆိုတာက ဟိုးတုန်းကတည်းက ဆောက်ထားတဲ့ ဆိုင်ခန်းတွေဖြစ်တယ်။ အဓိက မြေညီမှာက ဆိုင်ခန်းတွေက ကပ်လွန်းအားကြီးတဲ့အခါကျတော့ ကျန်းမာရေးနဲ့ကိုက်ညီအောင် social distancing ကောင်းကောင်းလုပ်ဖို့တော့ လိုအပ်တယ်။ အပေါ်မှာကတော့ showroom လို အခန်းတွေနဲ့ဆိုတော့ ဒါတွေကတော့ ညီညွတ်တာပေ့ါ " လို့ မင်္ဂလာတောင်ညွန့်မြို့နယ် ၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးလှဌေးက Duwun ကို ပြောပါတယ်။

ဒါ့အပြင် မင်္ဂလာတောင်ညွန့်မြို့နယ်အနေနဲ့ ယုဇနပလာဇာကို ကိုဗစ်စည်းကမ်းတွေနဲ့အညီ ပြန်လည်ဖွင့်လှစ်ပြီးတဲ့ နောက်မှာတော့ ကျန်ရှိနေတဲ့ဈေးကြီးတွေဖြစ်တဲ့ မင်္ဂလာဈေး(ယာယီ) ၊ မင်္ဂလာမွန်ဈေး ၊ ရွှေမင်္ဂလာဈေး ၊ မင်္ဂလာဈေးသစ်တို့ကိုလည်း ပြန်လည်ဖွင့်လှစ်မယ်လို့ သိရပါတယ်။


Share

Loading Next Article...
က္က