လုံခြုံရေးလည်း တိုးမြှင့်သွားမယ်လို့ ဆိုပါတယ်။
Ei Ei Htun

ခရစ္စမတ်ရုံးပိတ်ရက်နဲ့ နှစ်သစ်ကူး ရုံးပိတ်ရက်တွေမှာ ပြင်ဦးလွင်ကို တခြားဒေသတွေကနေ လာရောက်လည်ပတ်ခွင့်ကို ခွင့်ပြုမှာမဟုတ်ဘဲ မြို့ဝင်ဂိတ်တွေမှာလည်းလုံခြုံရေး တိုးမြှင့်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။



ပြင်ဦးလွင်မြို့က ခရီးသွားမြို့တော်ဖြစ်တဲ့အတွက် ပိတ်ရက်ကာလတွေမှာ အပန်းဖြေလာရောက်တဲ့သူအများအပြားရှိပြီး ယခုလိုကိုဗစ်ကာလမှာတော့ ဒေသတွင်းကိုဗစ်ကူးစက်မှုကို ထိန်းချုပ်နိုင်ဖို့အတွက် လာရောက်လည်ပတ်ခွင့်ကို တင်းကြပ်ရခြင်းဖြစ်တယ်လို့ ပြင်ဦးလွင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်မောင်ဌေးက Duwunကိုပြောပါတယ်။

“ ကိုဗစ်ကင်းစင်ကြောင်း ကျန်းမာရေးထောက်ခံစာပါရင်တော့ နေ့ချင်းပြန်ခွင့်ပြုပါတယ်။ မူအရဆိုရင်တော့ ညအိပ်ညနေခွင့်မပြုပါဘူး။ ပြင်ဦးလွင်က ခိုးဝင်ပေါက်တွေတော့များတယ်ဗျ။ ဒါပေမယ့် ကျွန်တော်တို့ အတတ်နိုင်ဆုံးတော့ လုံခြုံမှုရှိအောင် (၂၁)မိုင်ထိဆင်းပြီးတော့ စစ်ဆေးရေးဂိတ်လုပ်ပါမယ်”လို့ ဒေါက်တာခင်မောင်ဌေးက ပြောပါတယ်။

လက်ရှိမှာတော့ ပြင်ဦးလွင်ကို ဝင်ရောက်လာနိုင်တဲ့ နေရာအများစုမှာတော့ ကျန်းမာရေးတာဝန်ရှိသူတွေ၊ အုပ်ချုပ်ရေးတာဝန်ရှိသူတွေက အဖွဲ့တွေခွဲပြီး စစ်ဆေးရေးဂိတ်တွေလုပ်ဖို့ ပြင်ဆင်ထားတယ်လို့သိရပါတယ်။

ပြင်ဦးလွင်မှာ ပြီးခဲ့တဲ့ တန်ဆောင်တိုင်ရုံးပိတ်ရက်ကာလအတွင်းမှာ တခြားဒေသတွေကနေ လာရောက်လည်ပတ်မှုတွေရှိခဲ့ပြီး ပိတ်ရက်ကာလပြီးတဲ့နောက်မှာတော့ ဒေသတွင်း ကိုဗစ်ကူးစက်လူနာတွေတွေ့ရှိလာခဲ့တဲ့ အခု လာမယ့် ပိတ်ရက်ကာလတွေမှာ ဒေသတွင်းလည်ပတ်ခွင့်ကို တင်းကြပ်ခဲ့တာဖြစ်ပါတယ်။

ဒေသတွင်းဝင်ရောက်ခွင့်ကို တင်းကြပ်ထားပေမယ့်လည်း နေရာတိုင်းမှာ ခိုးဝင်တွေရှိသလို ပြင်ဦးလွင်မှာလည်း ခိုးဝင်နိုင်တဲ့ နေရာတွေအများကြီးရှိတဲ့အတွက် လုံခြုံရေးကိုတော့ အတက်နိုင်ဆုံးတိုးမြှင့်ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က