လက်ရှိမှာ စင်တာ (၂) ခုပိတ်ထားပြီဖြစ်

ရန်ကုန်တိုင်းမှာ ကိုဗစ်လူနာ (၁၅,၀၀၀) ခန့်ကုသနိုင်တဲ့ အခြေအနေရှိပေမယ့် လက်ရှိ ရန်ကုန်တစ်တိုင်းလုံးမှာ ကုသမှုခံယူနေတဲ့လူနာက (၄,၀၀၀) ကျော်ပဲရှိတော့တာကြောင့် ကိုဗစ်ကုသရေးစင်တာ (၃) ခုကို ပိတ်သိမ်းမှာဖြစ်တယ်လို့ ရန်ကုန်တိုင်းပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနက သိရပါတယ်။

ဒါ့အပြင် ယခင်က ပိုးတွေ့လူနာအသစ် ထောင်နဲ့ချီရှိခဲ့တဲ့ ရန်ကုန်တိုင်းမှာ ယခုရက်ပိုင်းအတွင်းကစတင်ကာ တစ်နေ့ကို လူနာအသစ် (၄၀၀) ဝန်းကျင်ခန့်သာ တွေ့ရှိရပြီး ပိုးကူးစက်မှု အခြေအနေကလည်း တစ်နိုင်ငံလုံးရဲ့ (၆၉) ရာခိုင်နှုန်းခန့်ပဲ ရှိတယ်လို့ ရန်ကုန်တိုင်း ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်က ဆိုပါတယ်။



“ တစ်ချို့နေရာတွေမှာ လူနာတွေရော ပစ္စည်းတွေရော ဝန်ထမ်းတွေရော တစ်နေရာတည်းကုစုပြီး ကုသမယ်ပေါ့လေ။ အခုမှန်းထားတာက (၃) နေရာလောက်က လူတွေကို တစ်ခြားနေရာတွေမှာ ပေါင်းလိုက်မယ်။ ဒါက လူအင်အား၊ Facility တွေကို လျှော့တာမဟုတ်ဘူး။ နေရာကိုသာလျှင် ချုံ့ပြီး Service ကို ပိုပြီးပေးနိုင်ဖို့ ဖြစ်ပါတယ်” လို့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်က ဒီကနေ့ ဒီဇင်ဘာ(၂၅) ရက်က မဟာဗန္ဒုလပန်းခြံမှာ ပြုလုပ်တဲ့ Stop Covid-19 ကမ်ပိန်းလှုပ်ရှားမှုမှာ ပြောဆိုခဲ့တာပါ။

ရန်ကုန်မှာ လူနာသစ်တွေ့ရှိမှုနည်းပါးလာတာကြောင့် ဒီဇင်ဘာ (၂၄) ရက်က စတင်ကာ ရန်ကင်းပညာရေးကောလိပ်စင်တာနဲ့ အမျိုးသားယဉ်ကျေးမှုနဲ့ အနုပညာတက္ကသိုလ် စင်တာတို့ကို ပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်းကိုလည်း ရန်ကုန်တိုင်း ကိုဗစ်ဗဟိုကော်မတီ ဒုတိယဥက္ကဌ ဒေါက်တာဇော်ဝေစိုးကလည်း နေ့စဉ်ရန်ကုန်ကိုဗစ်အခြေအနေကို တင်ပြစဉ် ထည့်သွင်းပြောကြားထားခဲ့ပါတယ်။

ရန်ကုန်တိုင်းမှာ အောက်တိုဘာလကုန်ကစတင်ကာ ပိုးတွေ့လူနာအသစ်တွေ့ရှိမှု (၁,၀၀၀) အောက်ကို ကျဆင်းလာပြီးတော့ အခု ဒီဇင်ဘာလ (၁၉) ရက်နောက်ပိုင်းကစတင်ကာ နေ့စဉ် ပိုးတွေ့လူနာအသစ် (၃၀၀) နဲ့ (၄၀၀) ကျော် ကြားသာရှိတော့တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်တွေ အရသိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က