ပိုးတွေ့လူနာ လျော့နည်းလာတဲ့အတွက် ပြည်နယ်/တိုင်းအသီးသီး မြို့နယ်များရှိ ရပ်ကွက်/ကျေးရွာအချို့ကို Stay at Home ကနေ ပယ်ဖျက်လိုက်ပါတယ်။

ကိုဗစ်ဒုတိယလှိုင်းကာလအတွင်းရောဂါကူးစက်ပျံ့နှံ့မှုများပြားလာတဲ့အတွက် ရန်ကုန်တိုင်းအတွင်း၄၄မြို့နယ်(ကိုကိုးကျွန်းမပါ)ကို Stay at Home နေထိုင်ရန် စက်တင်ဘာလ၂၀ရက်နေ့ကစတင်ထုတ်ပြန်ခဲ့ရာမှာ ဒီကနေ့မှာတော့ ပိုးတွေ့နှုန်းကျဆင်းလာတဲ့အတွက် ဆိပ်ကြီးခနောင်တို၊ကော့မှူးနဲ့ကွမ်းခြံကုန်းမြို့နယ်တို့က ရပ်ကွက်အချို့မှာတော့ Stay at Home အမိန့်ပယ်ဖျက်လိုက်ကြောင်း ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

ဒါ့အပြင် မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ကချင်ပြည်နယ်နဲ့ မွန်ပြည်နယ်က မြို့နယ်အချို့ ကိုလည်း Stay at Home အစီအစဉ်ကနေပယ်ဖျယ်လိုက်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဆက်လက်ကြေညာပါတယ်။ မန္တလေးတိုင်းမှာဆိုရင် အမရပူရမြို့နယ်မှာ ကျေးရွာ ၊ ရပ်ကွက်ပေါင်း (၄၈) ခုကလွဲပြီး ကျန်တဲ့နေရာတွေကို stay home အစီအစဉ်ကနေပယ်ဖျယ်လိုက်သလို ကချင်ပြည်နယ်မှာတော့ ဖားကန့်မြို့နယ်မှာ ကျေးရွာ၊ ရပ်ကွက်ပေါင်း (၅) ခုကလွဲလို့ ကျန်တဲ့နေရာတွေကို stay home ကနေ ပယ်ဖျက်လိုက်ကြောင်း ကြေညာထားတာပါ။ 



မွန်ပြည်နယ်မှာတော့ မော်လမြိုင်၊ ဘီးလင်း ၊ ပဲခူးတိုင်းမှာ ကဝ၊ သနပ်ပင်၊ ဧရာဝတီတိုင်းမှာတော့ ဖျာပုံ၊ မအူပင် စတဲ့ မြို့နယ်တွေကိုတော့ မြို့နယ်လုံးကျွတ် Stay Home အစီအစဉ်ကနေပယ်ဖျယ်လိုက်တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဒီကနေ့ ဒီဇင်ဘာ (၂၆)ရက် ည (၈) နာရီမှာ ကြေညာခဲ့တာဖြစ်ပါတယ်။ မန္တလေးတိုင်းမှာဆိုရင် အမရပူရမြို့နယ်မှာ ကျေးရွာ ၊ ရပ်ကွက်ပေါင်း (၄၈) ခုကလွဲပြီး ကျန်တဲ့နေရာတွေကို stay home အစီအစဉ်ကနေပယ်ဖျယ်လိုက်သလို ကချင်ပြည်နယ်မှာတော့ ဖားကန့်မြို့နယ်မှာ ကျေးရွာ၊ ရပ်ကွက်ပေါင်း (၅) ခုကလွဲလို့ ကျန်တဲ့နေရာတွေကို stay home ကနေ ပယ်ဖျက်လိုက်ကြောင်း ကြေညာထားတာပါ။ မွန်ပြည်နယ်မှာတော့ မော်လမြိုင်၊ ဘီးလင်း ၊ ပဲခူးတိုင်းမှာ ကဝ၊ သနပ်ပင်၊ ဧရာဝတီတိုင်းမှာတော့ ဖျာပုံ၊ မအူပင် စတဲ့ မြို့နယ်တွေကိုတော့ မြို့နယ်လုံးကျွတ် Stay Home အစီအစဉ်ကနေပယ်ဖျယ်လိုက်တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဒီကနေ့ဒီဇင်ဘာ (၂၆)ရက် ည (၈) နာရီမှာ ကြေညာခဲ့တာဖြစ်ပါတယ်။

ထုတ်ပြန်ချက်မှာတော့ ပြည်နယ်/တိုင်းအသီးသီးကမြို့နယ်အချို့မှာ ပြည်သူများအနေနဲ့ ကိုဗစ်-၁၉စည်းကမ်းများကိုတိကျစွာလိုက်နာခဲ့တဲ့အတွက် အတည်ပြုလူနာထပ်မံတွေ့ရှိမှုလျော့နည်းလာခြင်း၊ တစ်ဦးမှတစ်ဦးသို့ အစုလိုက်ကူးစက်မှု လျော့နည်းလာခြင်း၊ Stay at Home အစီအစဉ်ကာလအတွင်းကျန်းမာရေးအသိပညာမြှင့်တင်ခြင်းလုပ်ငန်းများအားသက်ဆိုင်ရာအစိုးရဌာအဖွဲ့အစည်းများနှင့် ပြည်သူများကအလေးထားဆောင်ရွက်ခဲ့ခြင်း၊ ဓာတ်ခွဲအတည်ပြုလူနာနဲ့ထိတွေ့ဆက်စပ်ခဲ့သူအားလုံးကို ရှာဖွေဖော်ထုတ်ပြီးဓာတ်ခွဲနမူနာရယူစစ်ဆေးရာတွင်လည်းလွန်ခဲ့သော ၁၄ရက်အတွင်းထပ်မံတွေ့ရှိရမှုလျော့နည်းလာခြင်း၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များ၊ ကျန်းမာရေးဌာနမှဝန်ထမ်းများ၊ နှီးနွယ်သည့်ဌာနအဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပြည်သူလူထုက ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် တက်တက်ကြွကြွဆောင်ရွက်ခဲ့ခြင်းတို့ကြောင့် ပိုးတွေ့လူနာလျော့နည်းလာတဲ့အတွက် ပြည်နယ်/တိုင်းအသီးသီးမြို့နယ်တွေက ရပ်ကွက်အချို့ကို Stay at Home ကနေပယ်ဖျက်လိုက်တာဖြစ်တယ်လို့ဖော်ပြပါရှိပါတယ်။ 

ရန်ကုန်တိုင်းတောင်ပိုင်းခရိုင်အတွင်းက မြို့နယ်တွေဖြစ်တဲ့ ဆိပ်ကြီးခနောင်တို၊ တွံတေးနဲ့ ကွမ်းခြံကုန်းမြို့နယ်အတွင်းကရပ်ကွက်အချို့ကို Stay at Home ပယ်ဖျက်လိုက်ပေမယ့်လည်း Stay at Home ဆက်လက်ထားရှိမယ့်ရပ်ကွက်တွေလည်းရှိနေပါသေးတယ်။ Stay at Home ဆက်လက်ထားရှိမယ့်ရပ်ကွက်တွေအဖြစ် ဆိပ်ကြီးခနောင်တိုမြို့နယ်မှာ(၆)ရပ်ကွက်၊ တွံတေးမှာ(၁၈)ရပ်ကွက်နဲ့ ကွမ်းခြံကုန်းမှာ(၁၁)ရပ်ကွက်ကျန်ရှိနေသေးတယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။ 

ပြည်သူတွေအနေနဲ့ ကိုဗစ်နဲ့အတူယှဉ်တွဲနေထိုင်မှုပုံစံကိုလိုက်နာကျင့်သုံးသင့်ကြောင်းထုတ်ပြန်ချက်ထွက်ပေါ်ပြီးနောက်မှာတော့ ရန်ကုန်တိုင်းအတွင်းမှာပထမဆုံးအဖြစ် သုံးမြို့နယ်အတွင်းကရပ်ကွက်အချို့ကို Stay at Home အဖြစ်က ပယ်ဖျက်ခဲ့ခြင်းဖြစ်ပြီး နောက်ထပ်မြို့နယ်တွေမှာလည်း Stay at Home ပယ်ဖျက်ရန်အတွက် ပြည်သူအများစုက မျှော်လင့်နေကြောင်းကိုလည်း လူမှုကွန်ရက်စာမျက်နှာမှာရေးသားဖော်ပြနေကြတာကိုမြင်တွေ့ရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က