အားလုံး အယောက် (၈၀)ကျော်ကို စစ်ဆေးခဲ့တာပါ။

သမ္မတရုံးနဲ့ လွှတ်တော်ရုံးက ပိုးတွေ့ ဝန်ထမ်း တွေနဲ့ ဆက်စပ်သူအားလုံးကို ကိုဗစ်ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးရာမှာ အားလုံးမှာ ရောဂါပိုးမတွေ့ရှိရဘူးလို့ သိရပါတယ်။ 

နေပြည်တော်က သဇင်ဆောင်(လူပျိုဆောင်)မှာ ကိုဗစ်ပိုးတွေ့ရှိရာကနေ အစပြုပြီး ပိုးတွေ့ဝန်ထမ်းတွေထဲမှာ သမ္မတရုံးဝန်ထမ်း (၉)ဦးနဲ့ လွှတ်တော် ဝန်ထမ်းတွေလည်းပါဝင်ခဲ့ပါတယ်။ 



ဒါ့ကြောင့် အဆိုပါ ပိုးတွေ့ဝန်ထမ်းတွေနဲ့ ဆက်စပ်တဲ့သမ္မတရုံးကဝန်ထမ်းတွေအပါအဝင် အားလုံး အယောက် (၈၀)ကျော်ကို စစ်ဆေးခဲ့တာပါ။

“ (၂၅)ရက်နေ့ကပဲ အဖြေထွက်တယ်။ (၈၀)ကျော်စစ်တာမှာ အကုန် negative ပါ။ အားလုံးက ပိုးတွေ့လူနာတွေနဲ့ ဆက်စပ်တဲ့ ဝန်ထမ်းတွေချည်းပါပဲ။ အဆောင်ကနေ စတင်ပိုးတွေ့ရှိခဲ့တဲ့ ဝန်ထမ်းတွေကလည်း ရောဂါလက္ခဏာတွေခံစားနေရာကနေ ပိုးတွေ့ခဲ့တာမဟုတ်ဘူး။ ထိတွေ့မှုတွေလိုက်ပြီး ပိုးတွေ့ခဲ့တာဆိုတော့ သူတို့အားလုံးရဲ့ ကျန်းမာရေးလည်း အားလုံးကောင်းမွန်ပါတယ်”လို့ နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာမြတ်ဝဏ္ဏစိုးက Duwun ကိုပြောပါတယ်။

စတင်ပိုးတွေ့ရှိခဲ့တဲ့ သဇင်ဆောင် (လူပျိုဆောင်)ကိုတော့ လက်ရှိမှာ lock down ပြုလုပ်ထားတာဖြစ်ပါတယ်။ အဆိုပါ အဆောင်က နေပြည်တော်မှာအခြေစိုက်တဲ့ ဝန်ကြီးဌာနပေါင်းစုံက ဝန်ထမ်းတွေနေထိုင်ရာအဆောင်လည်းဖြစ်ပါတယ်။ ဝန်ထမ်းအများစုနေထိုင်ရာဖြစ်တာကြောင့် ပိုးစတင်တွေ့ရှိခဲ့စဉ်ကတည်းက ကူးစက်မှုကို ထိန်းချုပ်နိုင်ရန်အတွက် ဆက်စပ်တဲ့ ဝန်ထမ်းအားလုံးကိုစစ်ဆေးခဲ့တာပါ။ ပိုးတွေ့ရှိခဲ့တဲ့ ဝန်ထမ်းတွေကလည်း လူကြီးတွေနဲ့ တိုက်ရိုက်ထိတွေ့ဆက်ဆံရတာမဟုတ်တဲ့အတွက် စိုးရိမ်စရာမရှိဘူးလို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က