တွီးထန်ကျေးရွာအတွင်း (၉)ဦးအထိ ကူးစက်ခံထားရတာပါ။

ချင်းပြည်နယ် တွီးထန်ကျေးရွာမှာ ကိုဗစ်ကူးစက်လူနာများလာတဲ့ အတွက် ဒီကနေ့ ဒီဇင်ဘာလ (၂၇)ရက်နေ့ (၂၇.၁၂.၂၀၂၀)ကနေ ဇန်နဝါရီလ (၉)ရက် (၉.၁.၂၀၂၁) ထိ ကျေးရွာအတွင်း အဝင်အထွက် ကန့်သတ်ကာ lock down ပြုလုပ်ထားတယ်လို့ သိရပါတယ်။



ကူးစက်လူနာတွေအနေနဲ့ ကလေးမြို့မှာ သတို့သမီးသွားတောင်းရင်း မင်္ဂလာပွဲကျင်းပခဲ့ရာကနေ ကျေးရွာအတွင်းမှာ ကူးစက်မှု ရာဇဝင်မသိရဘဲ ကူးစက်မှုနှုန်းမြင့်တက်လာတာကြောင့် အခုလို ကျေးရွာကို အသွားအလာကန့်သတ်ရခြင်းဖြစ်တယ်လို့ တီးတိန်မြို့နယ် ကျန်းမာရေးမှူး အဆင့် (၁) ဦးဆွောင်လာလ့်ထန်က Duwunကိုပြောပါတယ်။



“ အခုရက်ပိုင်းအတွင်းတော့ ကူးစက်မှုမရှိတော့ဘူး။ ဒါပေမယ့် စိတ်ချရအောင် အသွားအလာကန့်သတ်လိုက်တာပါ။ ဒီရွာက လူတွေက ကလေးမြို့မှာ မင်္ဂလာဆောင်ပွဲသွားလုပ်တာ။ သတို့သမီးသွားတောင်းတာပေါ့။ ဟားခါးလည်းပါတယ်။ တီးတိန်လည်းပါတယ်။ တွီးထန်လည်းပါတယ်ပေါ့နော်။ ကူးစက်မှာရာဇဝင်လိုက်တော့ ဘယ်ကမှန်းမသိဘူး။ မင်္ဂလာပွဲသွားတော့ တွီးထန်ကလူတော်တော်များများပါတယ်။ အဲဒါကြောင့် lock down လုပ်လိုက်တာပါ”လို့ ဦးဆွောင်လာလ့်ထန်က ပြောပါတယ်။

မင်္ဂလာပွဲက ပြန်လာအပြီးမှာ တွီးထန်ကျေးရွာအတွင်း ကိုဗစ်လူနာ (၉)ဦးထိတွေ့ရှိထားတာဖြစ်ပါတယ်။ လက်ရှိမှာ ကျေးရွာအတွင်းအသွားအလာကန့်သတ်ထားပြီး ရွာသူရွာသားတွေအနေနဲ့ နေအိမ်က အပြင်ထွက်ခွင့်မရှိသလို တခြားဒေသကလူတွေကိုလည်း ကျေးရွာအတွင်းဝင်ထွက်ခွင့်ပိတ်ထားတာဖြစ်ပါတယ်။

ကျေးရွာအတွင်းနေထိုင်သူတွေအနေနဲ့ လိုအပ်တဲ့ကျန်းမရေး စောင့်ရှောက်မှုနဲ့စားသောက်ကုန်ပစ္စည်းများဝယ်ယူလိုပါက အသွားအလာကန့်သတ်ထားရာနေရာရှိ တာဝန်ရှိသူတွေနဲ့ ဆက်သွယ်ဆောင်ရွက်နိုင်ရန်ကိုလည်း စီစဉ်ဆောင်ရွက်ပေးထားပါတယ်။ ယခုထုတ်ပြန်ထားတဲ့ အမိန့်ကို လိုက်နာဆောင်ရွက်ခြင်းမရှိဘဲ ပျက်ကွက်ပါက ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေး ဥပဒေနဲ့ အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က