ရန်ကုန်မှာ တစ်နေ့ကို လူနာ (၄၀၀)အောက်သာတွေ့ရှိတော့တာဖြစ်ပါတယ်။

ရန်ကုန်မှာ ကိုဗစ်လူနာပိုးတွေ့ရှိမှုနှုန်း လျော့နည်းလာပြီး ကုသရေးစင်တာအားလုံးမှာ လက်ရှိကုသနေတဲ့ လူနာ ဦးရေ (၅၀၀၀)ဝန်းကျင်သာ ကျန်ရှိတော့တယ်လို့ သိရပါတယ်။ 

ရန်ကုန်က ကိုဗစ်ကုသရေးစင်တာ(၁၄)ခုမှာ လူနာ (၁၀၀၀၀)ကျော်အတွက်ပြင်ဆင်ထားတာဖြစ်ပြီး လက်ရှိမှာ ကုသမှု ခံယူနေတဲ့ လူနာ (၅၀၀၀)ကျော်သာ ကျန်ရှိတော့တာပါ။ ပိုးတွေ့လူနာ တွေ့ရှိမှု လျော့နည်းလာတဲ့အတွက်လည်း ကွာရန်တင်းစင်တာတချို့ကိုလည်း ပိတ်သိမ်းလျှက်ရှိပါတယ်။ 



“ ရန်ကုန်တိုင်းရဲ့ ပိုးတွေ့ရှိမှုနှုန်းက လူနာ (၄၀၀)အောက်ကိုကျဆင်းလာပြီ။ အခုဆိုလက်ရှိကုသမှုခံယူနေတဲ့ လူနာကလည်း (၅၀၀၀)ဝန်းကျင်သာရှိတော့တယ်။ အားလုံး ကုသရေးစင်တာ (၁၄)ခုမှာ ကုတင် (၁၀၀၀၀)ကျော်ရှိတာဆိုတော့ အခုနေရာလွတ်တွေအများကြီးပါ။ လူနာတွေ့ရှိမှုနှုန်းနည်းလာတော့ ကွာရန်တင်းစင်တာတချို့ကိုလည်း ပိတ်နေပြီ။ အခုပိတ်ထားတာ ရန်ကင်းပညာရေးကောလိပ်စင်တာနဲ့ အမျိုးသားယဉ်ကျေးမှုနဲ့ အနုပညာတက္ကသိုလ်က ကိုဗစ်စင်တာပါ”လို့ ကိုဗစ် ၁၉ ကာကွယ်၊ထိန်းချုပ်ကုသရေး၊ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ ဒုတိယဥက္ကဌ ပေါမောက္ခ ဒေါက်တာဇော်ဝေစိုးက Duwun ကိုပြောပါတယ်။

ကိုဗစ်လူနာတွေ့ရှိမှု ယခုထက် ပိုမိုကျဆင်းလာပါကလည်း ကိုဗစ်ကုသရေးစင်တာတွေကို ပိတ်သိမ်းသွားမှာဖြစ်ပြီး နောက်ဆုံးဖောင်ကြီး ကုသရေးစင်တာတစ်ခုတည်းသာထားရှိမှာဖြစ်တယ်လို့ သိရပါတယ်။ ရန်ကုန်တိုင်းအတွင်း ပိုးတေ့လူနာတွေ့ရှိမှုနှုန်းက (၄၀၀)အောက်ကျဆင်းလာတာ (၅)ရက်ကျော်လာပြီဖြစ်ပါတယ်။

ပိုးတွေ့ရှိမှုနှုန်း ကျဆင်းလာတာက ရောဂါကင်းစင်လာတာမဟုတ်တဲ့အတွက် ပြည်သူတွေအနေနဲ့ ဂရုပြုနေထိုင်ဖို့လိုအပ်နေသေးပြီး ယခုပိတ်သိမ်းတဲ့ ကွာရန်တင်းစင်တာနှစ်ခုကိုလည်း အရန်သဘောနဲ့ အဆင့်သင့်ပြန်လည်ထားရှိထားတယ်လို့ ဆိုပါတယ်။ ဒီဇင်ဘာလ (၂၈)ရက်နေ့ မနက်ပိုင်းအထိတစ်နိုင်ငံလုံးက ကိုဗစ်လူနာ (၁၂၁၈၈၆)ဦးမှာ ရန်ကုန်က (၈၁၆၄၅)ပါဝင်ပေမယ့်လည်း ကုသမှုခံယူနေတဲ့လူနာကတော့ (၅၀၀၀)ဝန်းကျင်သာ ကျန်ရှိတော့တာဖြစ်ပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က