လစဉ်ဘဏ္ဍာငွေတွေထဲကနေ တိုးပြီးချီးမြှင့်ပေးသွားမှာပါ။
Ei Ei Htun

ဇန်နဝါရီလ (၁)ရက်နေ့မှာ ထွက်ရှိမယ့် (၂၃)ကြိမ်မြောက်အောင်ဘာလေ ထီဖွင့်ပွဲကြီးမှာတော့ လာရောက်ထုတ်ယူခြင်းမရှိတဲ့ ဆုငွေတွေထဲက ကျပ်သန်း (၂၅၀)ကို ထပ်မံတိုးပြီး ချီးမြှင့်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ 

အဆိုပါ ကျပ်သန်း (၂၅၀)ကို ဆုတစ်ဆုချင်းအလိုက် ချီးမြှင့်သွားမှာဖြစ်ပြီး (၁၀)သိန်းဆု (၄)ဆု၊ (၃)သိန်းဆု (၂၀)ဆု၊ (၂)သိန်းဆု (၂၀၀)ဆုနဲ့ (၁)သိန်းဆု (၂၀၀၀)ဆု စုစုပေါင်း (၂၂၂၄)ဆု ထပ်မံချီးမြှင့်သွားမှာဖြစ်ပါတယ်။

“ ထပ်မံတိုးပြီး ချီးမြှင့်တဲ့ဆုတွေက ဘဏ္ဍာသိမ်းငွေထဲက ချီးမြှင့်တာပါ။ ဘဏ္ဍာသိမ်းငွေကတော့ လတိုင်းရှိပါတယ်။ တစ်နှစ်ပြည့်လို့ လာရောက်ထုတ်ယူခြင်းမရှိတဲ့ ဆိုကြေးငွေတွေဆို ဘဏ္ဍာသိမ်းငွေအဖြစ်ထားတယ်။ ပြီးတော့ အခုလို ထပ်တိုးဆုတွေအဖြစ်ချီးမြှင့်တယ်။ ဒီလအတွက်ကတော့ ဘဏ္ဍာသိမ်းငွေ ကျပ်သန်း (၂၅၀)ထဲက ဝေဝေဆာဆာဆုမဲတွေအဖြစ် ဆုပေါင်း (၂၀၀၀)ကျော် ထပ်တိုးချီးမြှင့်မှာပါ”လို့ ပြည်တွင်းအခွန်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေခိုင်က Duwun ကိုပြောပါတယ်။

ယခု ဇန်နဝါရီလ (၁)ရက်နေ့မှာ ထွက်ရှိမယ့် (၂၃)ကိုမ်မြောက် အောင်ဘာလေ ထီဖွင့်ပွဲအတွက် “က” အက္ခရာကနေ “ကဆ” အက္ခရာထိ စုစုပေါင်း အက္ခရာ (၄၀)လုံးနဲ့ ထီစာအုပ် (၃၂၇၂၇၂၀)ကို ထုတ်ဝေရောင်းချခဲ့တာဖြစ်ပါတယ်။ ထီလက်မှတ်အားလုံး ကုန်အောင်ရောင်းချနိုင်ခဲ့တဲ့အပြင် အရန်ထီအဖြစ် ထုတ်လုပ်ရောင်းချတဲ့ “ကဇ” အက္ခရာပါ ထီလက်မှတ် (၈၁၈၁၈)အုပ်လည်း ကုန်အောင်ရောင်းချနိုင်ခဲ့တယ်လို့ သိရပါတယ်။ 

ထီလက်မှတ်တွေအအရည်အသွေးကောင်းမွန်အောင်ကိုလည်း လာမယ့် ဇန်နဝါရီ၊ ဖေဖော်ဝါရီနဲ့ မတ်လ (၃)လတို့မှာ ထီလက်မှတ်တွေကို လက်ရှိထုတ်ဝေနေတဲ့ ထီလက်မှတ်တွေအစား အစိမ်းနုရောင်အဖြစ်ပြောင်းလဲထုတ်လုပ်သွားမယ်လို့လည်းသိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က