ဖြေလျှော့/တိုးမြှင့်ရန် လိုအပ်တဲ့ ကိစ္စရပ်တွေကလွဲပြီး ပြည်သူသို့ပန်ကြားချက်၊ အမိန့်၊ ညွှန်ကြားချက်အားလုံး အကျုံးဝင်ပါတယ်။

ကိုဗစ်ရောဂါပိုး ကူးစက်ပျံ့နှံ့မှုကို ဆက်လက်ထိန်းချုပ်ဆောင်ရွက်ဖို့ လိုအပ်တဲ့အတွက် ဖြေလျှော့ပေးထားတဲ့ ကိစ္စရပ်တွေကလွဲပြီး ကျန်စည်းကမ်းသတ်မှတ်ချက်တွေကို ဇန်နဝါရီလ ၃၁ရက်အထိ တိုးမြှင့်တယ်လို့ ဒီနေ့ ဒီဇင်ဘာလ ၂၉ ရက် ရက်စွဲနဲ့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ကိုဗစ်စည်းကမ်းသတ်မှတ်ချက်တွေကို ဒီဇင်ဘာလ ၃၁ရက်အထိ တိုးမြှင့်ထားရာကနေ ဒီကနေ့မှာတော့ နောက်ထပ်တစ်လ (ဇန်နဝါရီ ၃၁) အထိ ထပ်မံတိုးမြှင့်လိုက်တာပါ။



ကိုဗစ် ၁၉ ရောဂါပိုး ကူးစက်ပျံ့နှံ့မှုကို ဆက်လက်ထိန်းချုပ်ဆောင်ရွက်ရန် လိုအပ်ပါသဖြင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများမှ ကိုဗစ် ၁၉ ကာကွယ်၊ထိန်းချုပ်၊ တားဆီးရေးအတွက် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၃၁ရက်အထိ ထုတ်ပြန်ထားသော ပြည်သူသို့ ပန်ကြားချက်၊ အမိန့်၊ အမိန့်ကြေညာစာ၊ ညွှန်ကြားချက်များ ( ဖြေလျှော့/တိုးမြှင့်ရန် လိုအပ်သည့်ကိစ္စရပ်များမပါ) အား ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ရက်တိုးမြှင့် သတ်မှတ်ထားပါကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ရေးသားထားပါတယ်။

အဆိုပါထုတ်ပြန်ချက်အရ တိုင်းနဲ့ပြည်နယ်အလိုက် သတ်မှတ်ထားတဲ့ stay at home အစီအစဉ်များ၊ ညမထွက်ရအမိန့် ၊ ကေတီဗီ၊ နိုက်ကလပ်များဆက်လက်ပိတ်ထားရန်၊ ဘုရားစေတီများ ပိတ်ထားရန် စတဲ့ စည်းကမ်းချက်တွေ ဆက်လက်အသက်ဝင်နေဦးမှာဖြစ်ပါတယ်။ ယခင်ကန့်သတ်ချက်များမှာပါဝင်ခဲ့တဲ့ စားသောက်ဆိုင်များ ပါဆယ်စနစ်နဲ့ ရောင်းချ‌ရေးမှာတော့ stay at home အစီအစဉ်မှာ အကျုံးမဝင်တဲ့ မြို့နယ်များကို ယခုလပထမပတ်အတွင်းမှာ ဖြေလျှော့လိုက်ပြီဖြစ်ပြီး ဆိုင်ထိုင်ရောင်းချခွင့် စတင်ပေးလိုက်ပါပြီ။

ပြည်တွင်းခရီးသည်တင်လေကြောင်းလိုင်းများပြေးဆွဲမှုကိုတော့ ဒီဇင်ဘာလ ၁၅ ရက်မှာ စတင်ပြေးဆွဲခွင့်ပြုပြီး ဖြစ်သလို ပြည်ပခရီးသည်တင်လေကြောင်းလိုင်းများ ပြေးဆွဲမှုကိုလည်း ဇန်နဝါရီလ ၁ ရက်နေ့မှာ စတင်ခွင့်ပြုဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ရန်ကုန်တိုင်း၊မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်နဲ့ ကချင်ပြည်နယ်က မြို့နယ်အချို့၊ ရပ်ကွက်၊ကျေးရွာအချို့ကိုလည်း Stay Home အစီအစဉ်ကနေ ဖျက်သိမ်းလိုက် တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဒီဇင်ဘာ (၂၆) ရက်မှာ သတင်းထုတ်ပြန်ကြေညာထားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က