စစ်တွေမှာ တွေ့ခဲ့တဲ့ ကူးစက်မြန်အမျိုးအစားနဲ့တူညီနေဟုဆို

မြန်မာနိုင်ငံမှာ ကိုဗစ်ပိုး မျိုးဗီဇပြောင်းလဲမှု အချို့တွေ့နေရပြီး အခုတွေ့ရတဲ့ မျိုးဗီဇပြောင်းလဲမှုက ယူကေနဲ့ ကမ္ဘာ့နိုင်ငံအချို့မှာ တွေ့ရတဲ့ ကူးစက်မြန်ပိုးတော့မဟုတ်ဘူးလို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဒီကနေ့မှာ ထုတ်ပြန်ရှင်းလင်းခဲ့ပါတယ်။



မြန်မာမှာအခုစစ်ဆေးခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးဟာ သြဂုတ်နှောင်းပိုင်းက ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာစတင်ပျံ့နှံ့ခဲ့တဲ့ ကူးစက်မြန်အမျိုးအစား (D614G) နဲ့ မျိုးဗီဇနွယ်ဆိုင်ရာအချက်အလက်တွေ တူညီနေပြီး အခြား မျိုးဗီဇပြောင်းလဲမှုအချို့ပါ ယှဉ်တွဲလျက်တွေ့ရတယ်လို့ ဝန်ကြီးဌာနရဲ့ ဒီကနေ့ ဒီဇင်ဘာ (၃၀) ရက် ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

 အခုတွေ့ရတဲ့ ပိုးဗီဇအမျိုးအစားက GH strain (D614G+Q57H ဗီဇပြောင်းလဲခြင်း)၊ မျိုးဗီဇနွယ် (Lineage: B.1.36) ဖြစ်ပြီး ယူကေနိုင်ငံနဲ့ ကမ္ဘာ့နိုင်ငံအချို့မှာ တွေ့ရှိရတဲ့ ကူးစက်မြန်မျိုးဗီဇပြောင်းလဲမှုရှိတဲ့ SARS-CoV-2 ဗိုင်းရပ်စ်မျိုးကွဲသစ် VUI202012/01 (Lineage: B.1.1.7)နှင့် 501.V2 မဟုတ် (မဟုတ်)ဘူးလို့ ဆိုပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ မျိုးဗီဇပြောင်းလဲခဲ့တဲ့ စစ်ဆေးမှု ရလဒ်ကိုလည်း နိုင်ငံတကာ အသိအမှတ်ပြု (US NCBI/ NIH) database မှာ တင်သွင်းကာ အတည်ပြုစိစစ်မှု ခံယူခဲ့ပြီး ပြောင်းလဲနေတဲ့ မျိုးဗီဇနဲ့ ပတ်သက်ပြီး အသေးစိတ် ဆက်လက်လေ့လာနေတယ်လို့လည်း ဝန်ကြီးဌာနက ဖော်ပြပါတယ်။

ဒီဇင်ဘာလအတွင်း ယူကေနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံအချို့မှာ ကိုဗစ်-၁၉ စစ်ဆေးတွေ့ရှိသော ဓာတ်ခွဲနမူနာတွေမှာ ကူးစက်ပိုများနိုင်တဲ့ မျိုးဗီဇသစ်တွေ့ရှိရတယ်လို့ ကြေညာခဲ့ပြီးနောက် မြန်မာနိုင်ငံမှာလည်း အဆိုပါ ကူးစက်မြန် ဗီဇပြောင်းဗိုင်းရပ်စ် မျိုးကွဲအသစ်တွေ ဝင်ရောက်ခြင်း ရှိ/မရှိ ၊ ပြည်တွင်းမှာလည်း အခြား မျိုးဗီဇပြောင်းလဲမှုများ ဖြစ်ပေါ်နေခြင်း ရှိ/မရှိ တို့ကို သိရှိဖို့ စစ်ဆေးမှုတွေ စတင်လုပ်ဆောင်ခဲ့တာပါ။

ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲဌာန (မန္တလေး) မှ ပေးပို့လာတဲ့ ကိုဗစ်-၁၉ အတည်ပြုဓာတ်ခွဲနမူနာ (၁၁)ခုနဲ့ ရန်ကုန်တိုင်းနဲ့ပဲခူးတိုင်းတို့က အတည်ပြုဓာတ်ခွဲနမူနာ (၁၁)ခု၊ စုစုပေါင်း ဓါတ်ခွဲနမူနာ (၂၂)ခုတို့က ဗိုင်းရပ်စ်မျိုးဗီဇ တစ်ခုလုံးစစ်ဆေးမှုတွေကို အခုရက်ပိုင်းအတွင်း ဆေးသုတေသနဦးစီးဌာန၊ အဆင့်မြင့်မော်လီကျူးသုတေသနဌာနမှာ စစ်ဆေးခဲ့တာဖြစ်ပါတယ်။ 

စစ်ဆေးခဲ့သောဓာတ်ခွဲနမူနာ (၂၂)ခုစလုံးကို မျိုးဗီဇနွယ်(Lineage) စစ်ဆေးခြင်း၊ မျိုးဗီဇဆင်တူညီမှု (genetic clade) စစ်ဆေးခြင်းနှင့် ဗီဇပြောင်းလဲမှုများကို စစ်ဆေးခြင်းတွေ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့လည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က