ဒီဆုကတော့ အများပြည်သူလူထုအကျိုးပြု လုပ်ငန်းဆုပါ။

နှစ်စဉ် ကျင်းပနေကျဖြစ်တဲ့ Myanmar Employer Awards 2020 ဆုပေးပွဲမှာ Myanmar Brewery Limited က Best Corporate Social Responsibility for Community Engagement Gold Winner (Local) ဆုကို လက်ခံရရှိခဲ့ပါတယ်။ ဒီဆုကတော့ အများပြည်သူလူထုအကျိုးပြု လုပ်ငန်းဆု ဖြစ်ပြီး ဆုရရှိခဲ့တဲ့ Myanmar Brewery Limited က စတင်တည်ထောင်ချိန်ကတည်းက အများပြည်သူအကျိုးပြုလုပ်ငန်းများကို ဂရုထားဆောင်ရွက်ပေးခဲ့သလို၊ ၂၀၀၆ ခုနှစ်မှစလို့ ကတည်းက ယခုချိန်ထိ ဆယ်စုနှစ်ကျော် Myanmar Care ဂရုဏာရှေးရှု မြန်မာမှုဆိုတဲ့ ဆောင်ပုဒ်နဲ့ လူမှုအကျုိးပြု လုပ်ငန်းတွေကို ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ 

ဓာတ်ပုံ - Myanmar Brewery Limited

Myanmar Brewery Limited ရဲ့ CSV Department က CSR ပိုင်း CSV Creating Shared Value လုပ်ငန်းဆောင်တာပိုင်းတွေကို ဦးဆောင်ရတဲ့ မန်နေဂျာဦးစံဇင်ဦးကတော့ Myanmar Employer Awards 2020 ဆုပေးပွဲမှာ ရရှိခဲ့တဲ့ ဆုဟာ မြန်မာဘရူဝါရီလီမိတက်တာဝန်ရှိသူများ၊ မိတ်ဘက်စီးပွားလုပ်ငန်းရှင် အဖွဲံအစည်းများ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာ အာဏာပိုင်များ၊ ဒေသခံပြည်သူလူထုများ အားလုံးရဲ့ မျှဝေပူးပေါင်းဆောင်ရွက်မှုများမှတဆင့် Myanmar Care စသည်အစီအစဉ်များ အကျိုးရှိရှိလုပ်ဆောင်နိုင်ခဲ့တာကြောင့် ဖြစ်နိုင်ကြောင်း ခုလိုပြောပါတယ်။ 

ဓာတ်ပုံ - Myanmar Brewery Limited

“၂၀၀၆ ခုနှစ်ကတည်းက Myanmar Care (ကရုဏာရှေးရှု မြန်မာမှု)ဆိုတဲ့ (သီးသန့်CSR programကိုပါတည်ထောင်)ပြီးတော့ လူမှုအကျိုးပြု လုပ်ငန်းတွေကို လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီမှာ ကျန်းမာရေး၊ ပညာရေး၊ သဘာဝပတ်ဝန်းကျင်နဲ့ ဆိုင်တဲ့ လုပ်ငန်းတွေ၊ သဘာဝဘေးအန္တရာယ်ကြုံလာခဲ့ရင် ပြန်လည်တုံ့ပြန်တာတွေအပြင် အားကစားဖွံ့ဖြိုးတိုးမှုတွေအတွက်လည်း Myanmar Brewery Limited အနေနဲ့ Myanmar Care အစီအစဉ်ကနေတစ်ဆင့်ရော ကိုယ့်ရဲ့ တွဲဖက်စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ အကူအညီတွေနဲ့ရော သက်ဆိုင်ရာ ဒေသခံပြည်သူလူထုတွေ၊ ဌာနဆိုင်ရာ အာဏာပိုင်တွေရဲ့ ပူးပေါငး်ကူညီမှုတွေနဲ့ရော အများကြီး လုပ်ဆောင်နိုင်ခဲ့ပါတယ်” လို့ ပြောပါတယ်။ 

ဓာတ်ပုံ - Myanmar Brewery Limited

၂၀၁၉နောက်ပိုင်းမှာတော့ ပြည်သူလူထုအကျိုးပြုလုပ်ငန်းတွေကို နိုင်ငံတကာအဆင့်မှီ ရေရှည်တည်တံ့မှုရှိရှိ ပိုမိုဆောင်ရွက်နိုင်ဖို့အတွက် Myanmar Brewery Limited ဟာ CSV (Creating Shared Value) မျှဝေတန်ဖိုးဖန်တီးခြင်းဆိုတဲ့ သီးသန့်ဌာနတစ်ခုတည်ထောင်ပြီး စီစဉ်ဆောင်ရွက်ခဲ့ကြတယ်လို့လည်း သူကဆက်ပြောပါတယ်။ 

Myanmar Brewery Limited ဟာ ကလေးသူငယ်များနှင့် လူငယ်လူရွယ်တွေရဲ့ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးကြံ့ခိုင်စေဖို့ ကလေးသူငယ်များဘောလုံးပွဲတော်နှင် အသက် ၁၄နှစ်အောက် ဘောလုံးပြိုင်ပွဲတွေကို ပံ့ပိုးမှု လုပ်ဆောင်ပေးခြင်း၊ သဘာဝဘေးအန္တရာယ်တွေ ကြုံလာတဲ့အခါမှာလည်း အလျဉ်းသင့်သလို ဆောင်ရွက်ပေးခြင်း၊ ကျန်းမာရေးအတွက် သွေးလှူပွဲ၊ များကိုလည်း ကိုဗစ်ကာလအတွင်း ကျန်းမာရေးစည်းမျဉ်းစည်းကမ်းများနဲ့အညီ ဌာနဆိုင်ရာ များ ရပ်ရွာလူထုများနဲ့ပူးပေါင်းကာ Community-based campaign approachများဖြင့် စဉ်ဆက်မပြတ်လုပ်ဆောင်ပေးခြင်း၊ ကိုဗစ်ကာလအတွင်း ကျန်းမာရေးဌာဆိုင်ရာများအတွက် Ventilator, Patient monitor စတဲ့ ကျန်းမာရေးသုံးပစ္စည်းကိရိယာများကို စီးပွားမိတ်ဖက်လုပ်ငန်းရှင်ကြီးများနဲ့ပူးပေါင်းလှူဒါန်းခြင်း စတဲ့ လူထုအကျိုးပြုလုပ်ငန်းတွေကို ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။ 

ဓာတ်ပုံ - Myanmar Brewery Limited

Myanmar Brewery Limitedကုမ္ပဏီဟာ နှစ်စဉ်ဆက်တိုက်ဆိုသလို ဆုပေါင်းများစွာကို ရရှိခဲ့တဲ့ ကုမ္ပဏီကြီးတစ်ခုဖြစ်ပြီး ၁၉၉၅ ခုနှစ်ကတည်းက စတင်တည်ထောင်လာခဲ့တာဖြစ်ကာ ခုဆိုရင် ၂၅နှစ်တာ ကာလကို ရောက်ရှိနေခဲ့ပြီဖြစ်ပါတယ်။ Myanmar Brewery Limitedကနေ ထုတ်လုပ်ဖြန့်ချီခဲ့တဲ့ ကုန်ပစ္စည်းတွေကတော့ Kirin Ichiban Myanmar Premium, Myanmar Beer, Black Shield, Andaman Gold Red , Andaman Gold Grey နဲ့ Andaman Gold Blue တို့ပဲဖြစ်ပါတယ်။ 



က္က