ဒီနှစ်မှာ Duwun ရဲ့ စာဖတ်ပရိသတ်တွေ စိတ်ဝင်အစားဆုံးသတင်းတွေကို သတင်းလင့်ခ်တွေနဲ့အတူ ဖော်ပြပေးလိုက်ပါတယ်။
Ei Ei Mar

၂၀၂၀ ခုနှစ်ကတော့ လတ်တလောနှစ်များအတွင်းမှာ ထူးခြားတဲ့ နှစ်တစ်နှစ်လို့ ဆိုရမှာပါပဲ။ နှစ်စဥ်ပြုလုပ်နေကျ ပွဲလမ်းသဘင်တွေမရှိဘဲ ကိုဗစ်ကပ်ရောဂါက တစ်နှစ်လုံးကို လွှမ်းမိုးထာခဲ့ပေမဲ့ လူဖတ်အများဆုံးသတင်းတွေထဲမှာတော့ ကိုဗစ်သတင်းတွေအပြင် တခြားစိတ်ဝင်စားစရာသတင်းများစွာလည်း ပါဝင်နေတာကိုတွေ့ရပါတယ်။ ဒီနှစ်မှာ Duwun ရဲ့ စာဖတ်ပရိသတ်တွေ စိတ်ဝင်အစားဆုံးသတင်းတွေကို သတင်းလင့်ခ်တွေနဲ့အတူ ဖော်ပြပေးလိုက်ပါတယ်။ 


ဒီသတင်းကတော့ Duwun မှာ ၂၀၂၀ ခုနှစ်အတွင်း လူဖတ်အများဆုံးသတင်းဖြစ်ခဲ့ပါတယ်။ စက်တင်ဘာ ၁၈ ရက် ညနေပိုင်းက သင်္ကန်းကျွန်းစံပြဆေးရုံမှာ ဆေးကုသမှုခံယူနေတဲ့ ကိုဗစ်လူနာမိန်းကလေးတစ်ဦး ထွက်ပြေးခဲ့ပြီး ညပိုင်းမှာ ၉မိုင် Ocean ရှေ့မှာ ပြန်လည်တွေ့ရှိခဲ့တာပါ။ အသက် (၂၅) နှစ်ဝန်းကျင်ရှိ ထွက်ပြေးတဲ့ မိန်းကလေးကိုယ်တိုင် ပုလဲမီးသတ်တပ်ဖွဲ့ကို အကူအညီတောင်းလို့ သွားရောက်ခေါ်ဆောင်ခဲ့ရတဲ့ သတင်းဖြစ်ပါတယ်။ မိန်းကလေးက ဆေးရုံက ထွက်ပြေးပြီး ချစ်သူနဲ့ သွားရောက်တွေ့ဆုံခဲ့တာကြောင့် လူတိုင်းစိတ်ဝင်စားတဲ့ သတင်းတစ်ပုဒ်ဖြစ်ခဲ့ပါတယ်။

သတင်းအပြည့်အစုံကို ဒီနေရာမှာ နှိပ်ပြီး ဖတ်ရှုနိုင်ပါတယ်။

၂။ ဇေယျာသီရိမှာ မဲသုံးပုံနှစ်ပုံရေတွက်ပြီးချိန်ထိ NLD အသာရခဲ့ပေမဲ့ အဆုံးမှာ USDP ကို ရှုံးနိမ့်

သန်းခေါင်ကျော်အချိန်မှာ ရေတွက်ပြီးစီးခဲ့တဲ့ နေပြည်တော်ကော်စီနယ်မြေ ဇေယျာသီရိမြို့နယ်ရဲ့ မဲရလဒ်အခြေအနေကို အချိန်နဲ့တပြေးညီတင်ဆက်ခဲ့တဲ့ သတင်းဖြစ်တဲ့အတွက် ဒီသတင်းကလည်း Duwun ရဲ့ လူဖတ်အများဆုံးသတင်းဖြစ်ခဲ့ပါတယ်။ ဇေယျာသီရိမြို့နယ်က ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဝင်ရောက်ယှဥ်ပြိုင်တဲ့နယ်မြေဖြစ်လို့ မဲရလဒ်အခြေအနေကို လူစိတ်ဝင်စားမှုအများဆုံး ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် အစပိုင်းမှာ NLD က USDP ကို မဲ ၄၀၀ ခန့်အသာနဲ့ ဦးဆောင်ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်လာပြီး အဆုံးသတ်မှာ USDP က NLD ကို မဲအရေအတွက် ၅၈၅၃ ကွာခြားချက်နဲ့ အနိုင်ရရှိခဲ့တဲ့အတွက် ရွေးကောက်ပွဲနေ့မှာ လူဖတ်အများဆုံးသတင်းဖြစ်ခဲ့ပါတယ်။

သတင်းအပြည့်အစုံကို ဒီနေရာမှာ နှိပ်ပြီး ဖတ်ရှုနိုင်ပါတယ်။

၃။ ပြည်ခရိုင် ရွှေတောင်မြို့နယ်က ပျောက်ဆုံးသွားတဲ့ ၄ နှစ်အရွယ် မိန်းကလေးကို သေဆုံးလျက်တွေ့ရှိ

ပြည်ခရိုင် ရွှေတောင်မြို့နယ် မကျီးပေါက်ကုန်းအုပ်စု၊ ကျောက်ဖူးကျေးရွာက ပျောက်ဆုံးနေတဲ့ အသက်၄ နှစ်အရွယ် မိန်းကလေးရဲ့ အလောင်းကို အချိန် ၉ ရက်အကြာ အောက်တိုဘာလ ၂၆ ရက်နေ့ရှာဖွေတွေ့ရှိခဲ့တဲ့သတင်းပါ။ ဒီသတင်းဟာလည်း စိတ်မကောင်းခြင်းများစွာ၊ ကလေးငယ်ကို သနားခြင်းများနဲ့ ၂၀၂၀ အတွင်း ဖတ်ရှုမှုအများဆုံးသတင်းတွေထဲပါဝင်ခဲ့ပါတယ်။

သတင်းအပြည့်အစုံကို ဒီနေရာမှာ နှိပ်ပြီး ဖတ်ရှုနိုင်ပါတယ်။

၄။ ကချင်မှာပထမဆုံးစတွေ့ခဲ့တဲ့လူနာနံပါတ်(၁၄၄)က လှိုင်သာယာအထည်ချုပ်စက်ရုံက ဝန်ထမ်းဖြစ်နေ

တစ်ရက်ကို ကိုဗစ်ပိုးတွေ့လူနာ ဆယ်ဂဏန်းဖြစ်ရင်တောင် ထိပ်လန့်နေရကြရတဲ့ ကိုဗစ်ပထမလှိုင်းမှာ အစုအလိုက်အပြုံလိုက် ပိုးကူးစက်မှုဖြစ်နိုင်ခြေရှိတဲ့သတင်းတွေက လူထုကို တုန်လှုပ်စေခဲ့ပါတယ်။ ဒါကြောင့် လှိုင်သာယာအထည်ချုပ်စက်ရုံဝန်ထမ်းတစ်ဦး ကိုဗစ်ကူးစက်ခံရမှုဟာ ဝန်ထမ်းအများအပြား ကူးစက်ခံရနိုင်ခြေရှိတာကြောင့် တုန်လှုပ်မှုနဲ့အတူ လူစိတ်ဝင်စားမှုအများဆုံး သတင်းတစ်ပုဒ်ဖြစ်ခဲ့တာပါ။ 

သတင်းအပြည့်အစုံကို ဒီနေရာမှာ နှိပ်ပြီး ဖတ်ရှုနိုင်ပါတယ်။

၅။ လူစုလူဝေးနဲ့ ဘာသာရေးအခမ်းအနား လုပ်မိတဲ့အတွက် ပြည်သူတွေကို လူမှုရေးဝန်ကြီး တောင်းပန်

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကဦးဆောင် ကျင်းပပြုလုပ်ခဲ့တဲ့ ဘာသာရေးပွဲတစ်ခုမှာ လူစုလူဝေးဖြစ်ပွားခဲ့တဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဝေဖန်မှုတွေရှိနေခဲ့ပြီးတဲ့နောက် လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြည်သူတွေကို တောင်းပန်ကြောင်း Duwun ကို ဖြေကြားခဲ့တဲ့ သတင်းဖြစ်ပါတယ်။ 

သတင်းအပြည့်အစုံကို ဒီနေရာမှာ နှိပ်ပြီး ဖတ်ရှုနိုင်ပါတယ်။

၆။ မနက်ဖြန်ကစပြီး တစ်နိုင်ငံလုံးက စာသင်ကျောင်းတွေအားလုံး ယာယီပိတ်တော့မည်

ကိုဗစ်ကာလအတွင်း စာသင်ကျောင်းတွေကို အထက်တန်းအဆင့်ကနေ ဇူလိုင်လ ၂၁ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပြီးတဲနောက် ပထမလှိုင်းထက် ကူးစက်မှု ပိုမိုများပြားတဲ့ ကိုဗစ်ဒုတိယလှိုင်းစတင်လာတဲ့အတွက် သြဂုတ်လ ၂၇ ရက်နေ့ကစပြီး ကျောင်းတွေကို ပိတ်ဖို့ စီစဥ်လိုက်တာ ဖြစ်ပါတယ်။ 

သတင်းအပြည့်အစုံကို ဒီနေရာမှာ နှိပ်ပြီး ဖတ်ရှုနိုင်ပါတယ်။

၇။ မန္တလေးတိုင်းက ၆ ဘာသာဂုဏ်ထူးရှင်အများဆုံးနဲ့ အောင်ချက်အကောင်းဆုံးဖြစ်


၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းတွေကို သြဂုတ်လ ၉ရက်နေ့မှာ အွန်လိုင်းစနစ်နဲ့ စတင်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ထုတ်ပြန်ချက်မှာ တွေ့ရှိရတဲ့ အချက်တွေထဲက  မန္တလေးတိုင်းက ၆ ဘာသာဂုဏ်ထူးရှင်အများဆုံးနဲ့ အောင်ချက်အကောင်းဆုံးဖြစ်တဲ့အကြောင်းကို Duwun က ထုတ်နုတ်ရေးသားခဲ့ရာမှာ လူဖတ်အများဆုံး သတင်းတစ်ပုဒ် ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ 

သတင်းအပြည့်အစုံကို ဒီနေရာမှာ နှိပ်ပြီး ဖတ်ရှုနိုင်ပါတယ်။

၈။ မင်္ဂလာတောင်ညွန့်မြို့နယ်က တိုက်လှေကားတစ်ခုမှာ မိန်းကလေးတစ်ဦးအသတ်ခံရ

၂၀၂၀ အတွင်းမှာ လူတွေ စိတ်ဝင်စားတဲ့ လူသတ်မှုသတင်းများရှိခဲပြီး အဲဒီထဲကမှ ကိုယ်ဝန်ဆောင်မိန်းကလေးတစ်ဦး အသတ်ခံရမှုက သနားဂရုဏာနဲ့အတူ Duwun ရဲ့ လူဖတ်အများဆုံး သတင်းတစ်ပုဒ် ဖြစ်ခဲ့တာပါ။ 

သတင်းအပြည့်အစုံကို ဒီနေရာမှာ နှိပ်ပြီး ဖတ်ရှုနိုင်ပါတယ်။

၉။ လွှတ်တော်မှာ စောင့်ကြည့်ရမယ့် မျက်နှာသစ်လူငယ်အမတ်များ - ရန်ကုန်တိုင်း

ဒီသတင်းကတော့ ရွေးကောက်ပွဲပြီးသွားတဲ့နောက် အရွေးချယ်ခံရတဲ့ မျက်နှစ်သစ် လူငယ်လွှတ်တော်အမတ် ၃ ဦး ကြောင်းကို Duwun က ကောက်နုတ်ဖော်ပြထားတဲ့ သတင်းပါ။ လူငယ်အမတ်တွေအပေါ် လူထုစိတ်ဝင်စားမှု မြင့်မားတယ်ဆိုတာ ဒီဆောင်းပါးကို ဖတ်ရှုမှုများခြင်းက သက်သေတစ်ခုပါပဲ။

သတင်းအပြည့်အစုံကို ဒီနေရာမှာ နှိပ်ပြီး ဖတ်ရှုနိုင်ပါတယ်။

၁၀။, ရွေးကောက်ပွဲတရားမျှတမှုမရှိဆိုတဲ့ စွပ်စွဲချက် အခြေအမြစ်မရှိဟု ငြင်းဆို



ငါးနှစ်မှတစ်ကြိမ်ကျင်းပပြီး ကိုဗစ်ကာလအတွင်း ကျင်းပတဲ့ ၂၀၂၀ ရွေးကောက်ပွဲက အွန်လိုင်းပေါ်မှာ ရေပန်းအစားဆုံး သတင်းတွေ ဖြစ်ခဲ့တာပါ။ ရွေးကောက်ပွဲပြီးနောက်မှာ ရွေးကောက်ပွဲတရားမျှတမှုမရှိဆိုတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်လာခဲ့ပြီး ဒီအချက်အပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ရှင်းလင်းချက်က လူဖတ်အများဆုံး သတင်းတွေထဲမှာ ပါဝင်နေတာကို တွေ့ရပါတယ်။

သတင်းအပြည့်အစုံကို ဒီနေရာမှာ နှိပ်ပြီး ဖတ်ရှုနိုင်ပါတယ်။


Author


က္က