ပန်းတောင်းမြို့မရဲတပ်ဖွဲ့စခန်းကနေ ဆိုင်ကယ်မောင်းသူကို ယာဥ်(ပ)၁ /၂၀၂၁ ၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄(က)အရအမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ပန်းတောင်းမြို့နယ်၊ညောင်ပင်သာကျေးရွာနားက ပြည်-ရွှေဘုံသာသွားတဲ့ကားလမ်းပေါ်က ကုန်းဆင်းအကွေ့မှာ နယူးရီးယားညက အပျော်လွန်အရက်သောက်မူးပြီး မောင်းလာတဲ့ဆိုင်ကယ်ဝါယာရှော့ဖြစ် မီးလောင်ကာ မောင်းလာတဲ့သူပါ မီးလောင်သေဆုံးနေတာကို ဇန်နဝါရီ ၁ ရက်မနက် ၅ နာရီကတွေ့ရှိခဲ့ရပါတယ်။



အခင်းဖြစ်တဲ့နေရာကို ပန်းတောင်းမြို့မရဲစခန်းကရဲတပ်ဖွဲ့ဝင်တွေနဲ့ တာဝန်ရှိတဲ့သူတွေကသွားရောက်စစ်ဆေးကြတဲ့အခါ ဆိုင်ကယ်မောင်းလာတဲ့သူက ညောင်ပင်သာကျေးရွာမှာနေတဲ့ စိုးဝင်းသူ(ခ)ကျန်ကျောင်း(၂၀)နှစ်ဖြစ်ကြောင်း၊ ဆိုင်ကယ်က ပြည်ဘက်ဦးတည်ပြီး ညာဘက်ကွန်ကရစ်အုတ်ခုံမှာတစ်စောင်းအနေအထားနဲ့ မီးလောင်ကျွမ်းနေကာ ဆိုင်ကယ်မောင်းလာသူက အနီးအနားမှာမီးလောင်ဒဏ်ရာတွေနဲ့သေဆုံးနေတာကို စစ်ဆေးတွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။

ဓာတ်ပုံ - ပန်းတောင်းမြို့မရဲစခန်း

"ဖြစ်စဥ်ကိုစုံစမ်းစစ်ဆေးတဲ့အခါမှာ သေသွားတဲ့ကောင်လေးက အရက်သောက်ပြီး ဆိုင်ကယ်စီးဦးထုပ်မပါဘဲမောင်းတယ်။ နောက်ပြီး ည ၁၂ ခွဲလောက်မှာ ပြည်ကိုသွားမယ်လို့ သူ့အဒေါ်ကိုပြောပြီး မူးမူးနဲ့ ဆိုင်ကယ်ကို မောင်းထွက်သွားတယ်လို့ သိရတယ်။ အခင်းဖြစ်ရပ်မတိုင်ခင်မှာ ဆိုင်ကယ်ကအကွေ့ဆိုတော့အရှိန်မထိန်းနိုင်ဘဲ အရင်မှောက်ပြီး တရွတ်တိုက်ပြီးသူပါ ပါသွားတာဖြစ်တယ််။ မူးနေတော့ အချိန်မီပြန်မထနိုင်ဘဲ မီးလောင်တဲ့အထဲပါသွားတာ ဖြစ်ပါတယ်" လို့ ပန်းတောင်းမြို့မရဲစခန်းမှတာဝန်ကျရဲအရာရှိတစ်ဦးက ပြောပါတယ်။

  ဖြစ်သွားခဲ့တဲ့ဖြစ်စဥ်မှာမီးလောင်ထားတာကိုတွေ့ရှိရတာကြောင့် ပန်းတောင်းမြို့နယ် မီးသတ်တပ်ဖွဲ့က စစ်ဆေးခဲ့ရာမှာတော့ ဆိုင်ကယ်ဟာလမ်းဘေးကကွန်ကရက်အုတ်ခုံကိုဝင်တိုက်မိတဲ့အရှိန်ကြောင့် ဝါယာရှော့ဖြစ်သွားပြီး ဆီပိုက်ကလည်းပြုတ်ထွက်သွားတာကြောင့် မီးလောင်တဲ့အချိန်မှာမောင်းလာတဲ့သူကမူးနေတဲ့အတွက် မလွတ်တော့ဘဲ မီးလောင်သေဆုံးသွားခဲ့တာဖြစ်တယ်လို့ မြို့နယ်မသတ်တပ်ဖွဲ့ဦးစီးမှူးက သုံးသပ်ပါတယ်။

 ပန်းတောင်းမြို့မရဲတပ်ဖွဲ့စခန်းကနေ ဆိုင်ကယ်မောင်းသူကို ယာဥ်(ပ)၁ /၂၀၂၁ ၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄(က)အရအမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။


အလွတ်တန်းသတင်းထောက် ကျော်သူ ပေးပို့ထားသော သတင်းဖြစ်ပါသည်။ပ


ဆက်စပ်အကြောင်းအရာများ



က္က