မဟာအောင်မြေမြို့နယ် အမှတ်(၉)ရဲစခန်းက (ပ)၂/၂၀၂၁၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ နဲ့ အမှုဖွင့်အရေးယူထားတယ်လို့သိရပါတယ်။
Minn Nandar

မန္တလေး မဟာအောင်မြေမြို့နယ်ထဲက Beauty Spa အလှပြင်ဆိုင်တစ်ခုမှာ တရားမဝင်အနှိပ်ခန်းဖွင့်လှစ်လုပ်ကိုင်နေတယ်ဆိုတဲ့ သတင်းအရ သက်ဆိုင်ရာကဝင်ရောက်စစ်ဆေးတာမှာ ဆိုင်အတွင်း မန်နေဂျာအပါအဝင်အနှိပ်ခန်းဝန်ဆောင်မှုပေးတဲ့ဝန်ထမ်းတွေနဲ့ ဧည့်သည်တွေကိုပါ လက်ပူးလက်ကြပ်ဖမ်းမိလို့ သဘာဝဘေးဥပဒေပုဒ်မ ၂၅ နဲ့ ဖမ်းဆီးအမှုဖွင့်ထားတယ်လို့သိရပါတယ်။


အဲဒီအလှပြင်ဆိုင်မှာ အနှိပ်ခန်းပါဖွင့်လှစ်လုပ်ကိုင်နေတယ်ဆိုတဲ့သတင်းအရ မန္တလေးခရိုင် မှုခင်းနှိမ်နှင်းရေးဌာနစိတ်မှရဲအရာရှိတစ်ဦး ဦးဆောင်တဲ့အဖွဲ့က သက်သေတွေနဲ့အတူ ဝင်ရောက်စစ်ဆေးခဲ့တာဖြစ်ပြီး စစ်ဆေးရှာဖွေမှုအရ မန်နေဂျာအမျိုးသမီးနဲ့အတူအစောင့်ဝန်ထမ်း ၁ ဦး၊ ဧည့်သည်အမျိုးသား ၈ ဦး၊ အနှိပ်ခန်းဝန်ဆောင်မှုပေးတဲ့အမျိုးသမီး ၉ ဦး စုစုပေါင်း ၁၉ ဦးတို့ကို သက်သေခံအထောက်အထား သက်သေခံပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တာဖြစ် တယ်လို့ ရဲစခန်းတာဝန်ရှိသူတစ်ဦးကပြောပါတယ်။

Photo:ပေးပို့

ဖြစ်စဉ်မှာ မန္တလေး မဟာအောင်မြေမြို့နယ် ဟေမမာလာမြောက်ရပ်ကွက်၊ ၇၇ လမ်း၊ ၃၅ လမ်းနဲ့ ၃၆ လမ်းကြားက Beauty Spa တစ်ခုမှာ အနှိပ်ခန်းဝန် ဆောင်မှုပါပေးနေတယ်လို့သတင်းအရ မန္တလေးခရိုင် မှုခင်းနှိမ်နှင်းရေးဌာနစိတ်မှရဲအရာရှိတစ်ဦးဦးဆောင်တဲ့ရဲတပ်ဖွဲ့ဝင်တွေက သက်သေရပ်ကွက်တာ ဝန်ရှိသူတွေနဲ့အတူ ဇန်နဝါရီလ ၁ ရက်နေ့မနက် ၁၂ နာရီခွဲအချိန်ခန့်က ဝင်ရောက်စစ်ဆေးခဲ့တာမှာ မြေညီထပ်မှာ မန်နေဂျာအမျိုးသမီးနဲ့အတူ အစောင့် ဝန်ထမ်းအမျိုးသားတစ်ဦးကိုတွေ့ရကြောင်း၊ ဆက်လက်ရှာဖွေစစ်ဆေးမှုအရ ပထမထပ်အခန်းတွေမှာ အနှိပ်ခံဖို့စောင့်နေတဲ့ဧည့်သည် ၃ ဦးနဲ့အနှိပ်ခန်းဝန်ဆောင်မှုပေးတဲ့အမျိုးသမီး ၆ ဦး၊ ဒုတိယထပ်မှာ အနှိပ်ခံနေတဲ့ဧည့်သည် ၄ ဦးနဲ့ ဝန်ဆောင်မှုပေးတဲ့အမျိုးသမီး ၃ ဦးတို့ကိုတွေ့ရ ကြောင်း၊ ၎င်းတို့ကို အနှိပ်ခန်းလုပ်ငန်းလုပ်ကိုင်တဲ့ပစ္စည်းသက်သေအထောက်အထားတွေနဲ့အတူ တွေ့ရလို့ သက်သေတွေရှေ့မှာပဲဖမ်းဆီးပြီး ပစ္စည်းတွေကို ရှာဖွေပုံစံနဲ့သိမ်းဆည်းခဲ့ကြောင်း ရဲမှုခင်းမှတ်တမ်းမှာဖော်ပြထားပါတယ်။

Photo:ပေးပို့

ဖမ်းဆီးရမိမှုနဲ့ပတ်သက်လို့ မန်နေဂျာအပါအဝင် ၁၉ ဦးကို မဟာအောင်မြေမြို့နယ်မြို့မရဲစခန်းက (ပ)၂/၂၀၂၁၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ နဲ့အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။ လုပ်ငန်းစဉ်ရေးသားထားတဲ့လယ်ဂျာစာအုပ်နဲ့ငွေစက္ကူအချို့အပါအဝင် အနှိပ်ခံလုပ်ငန်းသုံးပစ္စည်းတွေတွေ့ရလို့ သက်သေတွေရှေ့ ရှာဖွေပုံစံနဲ့သိမ်းဆည်း ကြောင်း ရဲမှုခင်းမှတ်တမ်းအရသိရပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ တရားမဝင်အနှိပ်ခန်းဖွင့်လှစ်လုပ်ကိုင်တဲ့မန်နေဂျာနဲ့ ဧည့်သည်အပါအဝင် ၁၉ ဦးကို မန္တလေးခရိုင်မှုခင်းနှိမ်နှင်းရေးဌာနစိတ်ကတရားလိုပြုလုပ်အမှုဖွင့်တာကြောင့် မဟာအောင်မြေမြို့နယ် အမှတ်(၉)ရဲစခန်းက (ပ)၂/၂၀၂၁၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ နဲ့ အမှုဖွင့်အရေးယူထားတယ်လို့သိရပါတယ်။


Author


က္က